တရုတ် ဆက်သွယ်ရေးလုပ်ငန်း Huawei ၏ ဘဏ္ဍာရေးအရာရှိချုပ်ကို ဖမ်းဆီးမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် တရုတ်နိုင်ငံက တတိယမြောက်ကနေဒါ နိုင်ငံသားကို ဖမ်းဆီလိုက် ကြောင်း ကနေဒါနိုင်ငံက ဗုဒ္ဓဟူးနေ့ကကြေညာသည်။
ယခုတကြိမ်ဖမ်းဆီးမှုမှာ ယခင်က အမျိုးသားလုံခြုံရေး အန္တရာယ်ကြောင့်ဖမ်းဆီးထားသည့် သံတမန် ဟောင်း တဦးနှင့် လုပ်ငန်းရှင်ဟောင်းတဦး အမှုတို့နှင့် မပတ်သက်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရက်ဒူး အလေးထားပြောသည်။
“အသေးစိတ်တွေကို ကျနော်တို့လေ့လာနေတယ်။ ဒါပေမယ့် အခုဖမ်းဆီးမှုက အရင်နှစ်ယောက်ကို ဖမ်းပုံနဲ့တူ ပုံမရဘူး” ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။
ကနေဒါနိုင်ငံသား နောက်တဦး တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည်ဟုသိရကြောင်း ကနေဒါနိုင်ငံခြား ရေးဝန်ကြီး ဌာနပြောခွင့်ရသူ မေဂန် ဂရေ့ဗ် လိုင်းက အစောပိုင်းတွင်ပြောသော်လည်း အခြားအသေး စိတ်များကိုမပြောပေ။ အဖမ်းခံရသူ မည်သူဖြစ်သည်ကိုလည်း မပြောပေ။
ထိုသတင်းကို ကနေဒါ နေရှင်နယ်ပို့စ်က ဦးစွာဖေါ်ပြခြင်းဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်းယင်ကမူ ထိုသတင်းကို သူမသိကြောင်း ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အမေရိကန်၏ တောင်းဆိုချက်ကြောင့် ဟွာဝေး၏ ဘာဏ္ဍာရေးအရာရှိချုပ် မုန်ဝမ်ကျိုးဝူကို ဒီဇင်ဘာ လ ၁ ရက်နေ့က ဗန်ကူးဗားတွင်ဖမ်းဆီးပြီးနောက် တရုတ်က ဖမ်းဆီးသည့် ကနေဒါနိုင်ငံသား မှာ ၃ဦးရှိပြီဖြစ်သည်။
အရေးယူပိတ်ဆို့မှုချိုးဖောက်ပြီး အီရန်နှင့် စီးပွားရေးလုပ်သည့် လိမ်လည်မှုအတွက် အမေရိကန်သို့ လွှဲမပေးမီ မုန်ဝမ်ကျိုးဝူကို လွန်ခဲ့သောလက အာမခံဖြင့် လွှတ်ထားပေးသည်။
တရုတ်နိုင်ငံသည် ကနေဒါသံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ် နှင့် တရုတ်နိုင်ငံ အခြေစိုက် ကနေဒါ စီးပွား ရေး အတိုင်ပင်ခံ မိုက်ကယ် စပါဗာ တို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။
အမှုတခုနှင့်တခု ချိတ်ဆက်ထားခြင်းမရှိသော်လည်း တရုတ်နိုင်ငံသည် လက်စားချေသည့် အနေဖြင့် အနည်း ဆုံး ကနေဒါနိုင်ငံသား ၂ ဦး ကို ဖမ်းဆီးထားသည်ဟူသော သံသယများမြင့်မားလာနေသည်။
ကော့ဗ်ရစ်သည် လွန်ခဲ့သောနှစ်က သူ၏သံတမန်ရာထူးမှ လစာမဲ့ခွင့်ယူပြီး ဟောင်ကောင်အခြေစိုက် ဝါရင့် အကြံပေးအဖြစ် နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့တွင် လုပ်ကိုင်နေသလို၊ စပါဗာသည် ယခင် အမျိုးသား ဘေ့စ်ဘော ချန်ပီယံ ဒင်းနစ်ရော့ဒ်မင် အပါအဝင် အခြားသူများ၏ မြောက်ကိုရီး ယား ခရီးစဉ်များကို စီစဉ်ပေး သူဖြစ်သည်။
မုန်ဝမ်ကျိုးဝူကို လွှတ်မပေးလျှင် ပြင်းထန်သော အကျိုးဆက်များခံစားရမည်ဟု တရုတ်နိုင်ငံက ခြိမ်းခြောက် ထားပြီး တရုတ်နိုင်ငံပိုင်မီဒီယာများကလည်း ထိုဖမ်းဆီးမှုသည် နိုင်ငံရေး ပရောဂမကင်း ဟု ဆိုကာ ဝေဖန်ရှုတ်ချ သည်။
ကနေဒါကမူ မုန်ကို ဖမ်းဆီးခြင်းသည် နိုင်ငံရေးအကြောင်းကြောင့်မဟုတ်ဘဲ အမေရိကန်နိုင်ငံနှင့် တရားခံ လဲလှယ်ရေး သဘောတူညီချက်ကိုလိုက်နာသည့် တရားရေးလုပ်ငန်းသာဖြစ်သည်ဟု အကြိမ်ကြိမ်ပြောသည်။
ကော့ဗ်ရစ်နှင့်စပါဗာတို့နှစ်ဦးလုံးထံ ကနေဒါ သံရုံးဝန်ထမ်းများသွားရောက်ခွင့်ကိုလည်း တရုတ်နိုင်ငံ က ပေးအပ်ထားသည်။
သို့သော် ကနေဒါအစိုးရအနေဖြင့် မည်သည့်အတွက် ထိုသို့ဖြစ်ရသည်ကို လေ့လာနေဆဲဖြစ်ကြောင်း ထိုသို့ လုပ် သည်ကို လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံကို ပြသရန်လုပ်ကိုင်နေကြောင်း ထရက်ဒူးက City TVသို့လွန်ခဲ့သော အပတ်ကပြောသည်။
တရုတ်သမ္မတ ရှီကျင့်ပင် ကို ဖုန်းဆက်ခြင်းဖြင့် ထိုအမှုတွင်မည်သည့်အတွက် ပုဂ္ဂိုလ်ရေးအရ ဝင် ရောက် စွက် ဖက်ခြင်းမပြုသနည်းဟု ဗုဒ္ဓဟူးနေ့ကကျင်းပသည့် နှစ်ကုန် သတင်းစာရှင်းလင်းပွဲတွင် အတင်းအကျပ်မေး ကြောင်း၊ “နိုင်ငံရေးအရ ဟန်ရေးပြတာတွေ၊ ကြေညာချက်တွေဟာ အကျိုးရှိမယ် လို့ ယူဆလို့မရဘူး။ တချို့ကိစ္စတွေမှာဆိုရင် ကနေဒါနိုင်ငံသားတွေလွတ်မြောက်ရေးအတွက် အဟန့်အတားတောင်ဖြစ်နိုင်တယ်” ဟု ကနေဒါ ဝန်ကြီးချုပ် ထရက်ဒူးက ပြောသည်။
ထရက်ဒူး သို့ တာဝန်လွှဲပြောင်းမပေးမီ ကနေဒါ လစ်ဘရယ်ပါတီကို ခဏတာမျှဦးဆောင်ခဲ့ဖူးသော ဘော့ရေးက အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏လုပ်ရပ်ကို တောင့်တင်း စည်းစနစ်ကျ ထိရောက်သော တုံ့ပြန်မှုလုပ်ရန် အစိုးရကို တိုက်တွန်းသည်။
“ဒါကတော့ ဓါးစာခံဖမ်းတာနဲ့ တော်တော်လေးကိုတူနေပြီ” ဟု ဘော့ရေးက သူ၏ တွစ်တာတွင် ရေးသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက က ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ်စတီယာ ဖရီးလန်းနှင့် လွန်ခဲ့သောအပတ်က ဆွေးနွေးပြီးနောက် ထိုဖမ်းဆီးမှုများသည် လက်မခံနိုင်ဖွယ်ဖြစ် သည်ဟု ပြောကြောင်း၊ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကမူ မုန် ကို ဥပဒေနှင့်အညီ ကိုင်တွယ် ဆက်ဆံ သည်ဟုပြောသည်။
သို့သော် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကိုကျော်လွန်နေပြီး ကနေဒါနိုင်ငံ ဗန်ကူးဗားတွင် လေယာဉ်ပြောင်းစီးစဉ် အဖမ်းခံရသော မုန်ဝမ်ကျိုးဝူ သည် မည်သည့် ဥပဒေကိုမျှ ချိုးဖေါက်ခြင်းမရှိဟု တရုတ်ကပြောသည်။
ကနေဒါသံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ်သည် မည်သည့်နေရာတွင်မျှ မည်သည့်အမှားကို မျှပြု လုပ်ခြင်း မရှိကြောင်း နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကဆိုသည်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ရောဘတ်မယ်လီက “မိုက်ကယ် ရဲ့ လုပ်ရပ်များသည် လှို့ဝှက်ခြင်းမရှိဘဲ လူတိုင်းမြင်နိုင်သည်မှာ တရုတ်အရာရှိတွေ အသိဆုံးဖြစ်သည်” ဟု ကြေညာချက်တစောင်တွင်ပြောသည်။
လေ့လာသူများကမူ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှု ပြေလျှော့ အောင်လုပ် နေသည့် တချိန်တည်း ကနေဒါနိုင်ငံသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတွင် မြေစာပင်နှင့် ပိုမိုတူလာ ကြောင်း လေ့လာသူများကပြောသည်။
အမေရိကန်လုပ်ကားများနှင့် အစိတ်အပိုင်းများအပေါ် အခွန်ထပ်မံကောက်ခံခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ၃ လ ဆိုင်းငံ့ထားမည်ဟု တရုတ်နိုင်ငံက သောကြာနေ့က ကြေညာသည်။
ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ဒီဇင်ဘာလ ၁ ရက်နေ့က ဗျူနိုအေးရိစ် တွင် ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ၂၀(G-20) ဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးတွင် ရရှိခဲ့သည့် နှစ်သစ်တွင် အခွန်သစ်များ အသက်ဝင်စေခြင်းကို ဆိုင်းငံ့ထားပြီး ကုန်သွယ်ရေးကိစ္စများကိုစတင် ဆွေးနွေးကြရန် သဘော တူညီချက်အရထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။
သို့သော် ထို ဒီဇင်ဘာလ ၁ ရက်နေ့တွင်ပင် မုန်ဝမ်ကျိုး ကို ကနေဒါနိုင်ငံကဖမ်းဆီးလိုက်ခြင်း ဖြစ် သည်။
ထိုအခြေအနေနှင့် ပတ်သက်၍ ကနေဒါဝန်ကြီးချုပ် ထရက်ဒူးက “ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့တရုတ်တို့ စတင်စကားများတဲ့အချိန်မှာ ကိုယ်ပါဝင်ပတ်သက်လိုက်ရ တဲ့အခြေ အနေတခုပဲ” ဟု ပြောသည်။
“သူတို့ကြားက အရှိန်မြင့်လာတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ကနေဒါအတွက် မရည်ရွယ်တဲ့ အကျိုး ဆက် မျိုးစုံဖြစ်လာတော့မယ်။ ကမ္ဘာ့စီးပွားရေး တခုလုံးအတွက်လည်း ဖြစ်လာဖို့ အလားအလာရှိ တယ်။ ဒါကိုတော့ ကျနော်တို့စိုးရိမ်တယ်” ဟု ၎င်းကဆက်ပြောသည်။