• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာယန်စီ တောင်းသည့် မြေဧက ၁ သိန်းကျော်အတွက် စစ်ကိုင်းအစိုးရ သဘောထား တောင်းခံ

by ဒီလှိုင်းဝင်း
20 December 2018
in သတင်း
A A
လက်ပံတောင်း ကြေးနီစီမံကိန်းအား ကန့်ကွက်နေသည့်ဒေသခံများအား ၂၀၁၆ ခုနှစ် မေလအတွင်းက တွေ့ရစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

လက်ပံတောင်း ကြေးနီစီမံကိန်းအား ကန့်ကွက်နေသည့်ဒေသခံများအား ၂၀၁၆ ခုနှစ် မေလအတွင်းက တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ ယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီက စစ်ကိုင်းတိုင်း ၃ မြို့နယ်ရှိ မြေဧက တသိန်းကျော်ပေါ်၌ ကြေးနီတူးဖော်နိုင်ရေး ဆန်းစစ်လေ့လာမှုများ ပြုလုပ်နိုင်ရန် လျှောက်ထားချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရထံမှ သဘောထား မှတ် ချက် တောင်းခံထားကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ထံမှ သိရသည်။

အဆိုပါ ကြေးနီတူးဖော်ရေးအတွက် တပ်မတော်ပိုင် မြန်မာ့စီးပွာေးရး ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့် အကျိုးတူ ပူးပေါင်း ဖွဲ့ စည်းထားသည့် Myanmar Yang Tse Copper Ltd (မြန်မာယန်စီ ကြေးနီ စီမံကိန်းကုမ္ပဏီ) မှ လျှောက်ထား ထားခြင်း ဖြစ်ပြီး ယင်းကုမ္ပဏီသည် စပယ်တောင်နှင့် ကြေးစင် တောင်တို့တွင်လည်း သတ္ထုတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
81
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
703
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး က “ကြေးနီနဲ့ ဆက်စပ် ပစ္စည်းတွေကို ရှာဖွေခွင့်ဆိုပြီး လုပ်ကွက်ဧရိယာ လျာထား ဧကပေါင်း ၁၁၃၀၀၀ ကျော်ကို Proposal (အဆိုပြုချက်) ရေး ဆွဲ တင်ပြလာတဲ့အပေါ် ပြည်ထောင်စုဝန်ကြီးက သေချာ စိစစ်ပြီး ရှာဖွေခွင့်နဲ့ စမ်းသပ်တိုင်းတာခွင့်၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာခွင့်ကို လက်ခံသဘော တူပြီးတော့ ခွင့်ပြုမိန့်ပေးဖို့ အတွက် တိုင်းဒေသကြီးအစိုးရရဲ့ သဘောထားမှတ်ချက်ကို တောင်းခံထား ပါတယ်” ဟု ပြောသည်။

လေ့လာဆန်းစစ်မှုများကို စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီး၊ ယင်းမာပင်နှင့် ကန္နီမြို့နယ် ဝန်း ကျင်ရှိ မြေ ၁၁၃,၉၇၃ ဧကပေါ်တွင် လုပ်ဆောင်မည်ဖြစ်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဘူမိဗေဒ လေ့လာ ရေးနှင့် ဓာတ်သတ္ထု ရှာဖွေရေးဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။

မြန်မာယန်စီကုမ္ပဏီ က လေ့လာဆန်းစစ်မှု လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရထံ ဇူလိုင်လအတွင်းက တင်ပြ ထားခြင်း ဖြစ်ကာ အောက်တိုဘာလ ၂၉ ရက်ကတည်းက စစ်ကိုင်းတိုင်းအစိုးရထံသို့ မြေ စာရင်းပုံစံ ကူးယူခွင့်နှင့် သဘောထား မှတ်ချက် တောင်းခံထားခြင်း ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ကြေးနီနှင့် ဆက်စပ်သတ္ထု ရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ လုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ ၆ သန်းမှ ၁၀ သန်းအထိ ရင်းနှီးမြှုပ်နှံသွား မည်ဟု သိရသည်။

မြန်မာ ယန်စီကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအုန်းလွင်မြင့်က “တင်ထားတာ ဧက ၁၁၃၀၀၀ ကျော်ဆိုပေမယ့် ဧရိယာ တခုလုံးကို အသုံးပြုသွားမှာ မဟုတ်ပါဘူး။ မြေတွေကို သိမ်းမယ်ဆိုတာမျိုး မဟုတ်ဘူး။ Proposal (အဆိုပြုချက်) တင်ပြတဲ့ အထဲမှာ စမ်းသပ်ရှာဖွေမယ့် ဧရိယာထဲမှာ ပါရှိတဲ့ သာသနာ့နယ်မြေ၊ ရှေးဟောင်းနယ်မြေတို့ကို ရှောင်ရှားပါမယ်၊ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် လုပ်ဆောင်ပါမယ်၊ ဒေသရဲ့ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ကူညီလုပ်ဆောင် ပေးပါမယ် ဆိုပြီး ကတိပြုထားပါတယ်” ဟု ဆိုသည်။

ပြည်ထောင်စုအစိုးရဘက်မှ သဘောထား တောင်းခံထားမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း အစိုးရဘက် မှ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီ ဖွဲ့စည်း ကာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က “စီမံကိန်းအတွက် လက်ရှိနေရာ တွေမှာ မြေလွတ် မြေရိုင်းနဲ့ လွတ်သလား၊ သစ်တောနဲ့ လွတ်သလား၊ တောင်သူတွေနဲ့ လွတ်သလား၊ အခြားအဆောက်အဦတွေနဲ့ လွတ် သလားစတဲ့ အချက်အလက်တွေကို ဌာနဆိုင်ရာတွေကို စစ်ဆေး ခိုင်းထားတာပါ။ အဲဒီစစ်ဆေးချက်တွေ ပြန်တက်လာ တဲ့အပေါ်မှာ မူတည်ပြီးတော့မှ သဘောထား မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာယန်စီကုမ္ပဏီ အနေဖြင့် ယခုအဆင့်တွင် စမ်းသပ်လေ့လာမှုများ လုပ်ဆောင်ရန်အတွက်သာ အဆိုတင်ထားခြင်း ဖြစ်ပြီး တွေ့ရှိသည့်ရလဒ်အပေါ် မူတည်၍ တူးဖော်ခွင့်ပြုလုပ်မည်ဆိုပါက ပြည်ထောင်စုအစိုးရနှင့် သဘောတူ စာချုပ်ချုပ် ဆိုပြီးမှသာ တရားဝင် လုပ်ကိုင်ခွင့် ရမည် ဖြစ်သည်။

“အဓိကကျတာက ဒေသခံတွေရဲ့သဘောထားက ဘယ်လိုရှိတယ် ဆိုတာပဲ။ အဲဒီအပေါ်မှာ ဒေသခံ တွေရဲ့ သဘောထား အပေါ်မှာ မူတည်ပြီးတော့မှ သဘောထားမှတ်ချက်ကို ပေးသွားမှာပါ။ ကျနော်တို့ ဘက်ကတော့ ပြည်သူလူထုရဲ့ သဘော ထား မရဘဲနဲ့တော့ တဖက်သတ်ကြီးတော့ သဘောထား မှတ် ချက် ပေးသွားမှာ မဟုတ်ပါဘူး” ဟု စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆိုသည်။

ကုမ္ပဏီအနေဖြင့် စမ်းသပ်လေ့လာမှုများ လုပ်ဆောင်ရာတွင် လုပ်ငန်းမစတင်မီကတည်းက ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဆိုင်ရာ Environmental Management Plan တင်ပြရမည်ဖြစ်ကာ တင်ပြထား သည့်အတိုင်း လိုက်နာမှု ရှိ၊ မရှိကို တိုင်း အစိုးရအဖွဲ့က အနီးကပ် စောင့်ကြည့်သွားရမည်ဟု သိရ သည်။

“လက်ပံတောင်းကိစ္စမှာလည်း ပြည်သူနဲ့ ကုမ္ပဏီ အဆင်မပြေမှုတွေ ရှိခဲ့တယ်။ အခုစီမံကိန်းကိုလည်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးသင့်တယ်။ ဒါမှသာ အစိုးရနဲ့ ပြည်သူ၊ ပြည်သူနဲ့ ကုမ္ပဏီ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်မလာမှာ ပေါ့။ အရေးကြီးတာ ဘာမှမလုပ်ခင်မှာ ဒေသခံတွေနဲ့ အရင် ညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ပြည်သူတွေနဲ့ ညှိနှိုင်းမှုတွေ အရင်လုပ်ပြီးမှ တူးဖော် တာပဲဖြစ်ဖြစ်၊ စမ်းသပ်ရှာဖွေတာပဲဖြစ်ဖြစ် လုပ်သင့်တယ်”ဟု ယင်းမာပင်မြို့နယ် ဒေသခံ ဦးစိုးအောင်က ပြောသည်။

မြန်မာယန်စီ ကြေးနီထုတ်လုပ်ရေးစီမံကိန်း ကုမ္ပဏီသည် တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် ဝမ်ပေါင် သတ္တူတူးဖော်ရေး လီမီတက်၏ လုပ်ငန်းခွဲတခုလည်း ဖြစ်ပြီး ဝမ်ပေါင်သည် ဦးပိုင်နှင့် ပေါင်းကာ ၂၀၁၀ ခုနှစ်မှစ၍ လက်ပံတောင်း ကြေးနီစီမံကိန်း စတင်ထားသည်။

ယင်းစီမံကိန်းအတွက် ဆားလင်းကြီးမြို့နယ်အတွင်း မြေဧက ၇၈၀၀ ခန့်ကို စီမံကိန်းအတွက် သိမ်းယူ ခဲ့ပြီး မြေယာလျော်ကြေးပေးမှု နည်းခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်မှ စကာ ထိုစီမံကိန်းအား ဒေသခံများက ပြင်းထန်စွာ ကန့်ကွက်ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာယန်စီကုမ္ပဏီက ထပ်တိုးတင်ပြထားသည့် မြေဧက ၁ သိန်းကျော်တွင် ရွာပေါင်း အနည်းဆုံး ၃၀ ခန့် ရှိရာ လယ်မြေဧက ထောင်ပေါင်းများစွာ ပါဝင်ကာ ကန္နီမြို့နယ်ရှိ မီးတောင်သေ ၂ လုံးမှာလည်း ၎င်းတို့ စစ်ဆေးမည့်နေရာတွင် ပါဝင်နေသည်။

ကုမ္ပဏီဘက်မှ လေ့လာဆန်းစစ်မှုများကို အချို့နေရာများတွင် စတင်လုပ်ဆောင်နေပြီဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်း

မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီက ထပ်တိုးမြေဧက တသိန်းလျှောက်ထား

ကြေးနီစီမံကိန်း သိမ်းဆည်းမြေယာကိစ္စ လွှတ်တော်တွင် မေးခွန်းထုတ်

သယံဇာတတူးဖော်ရေး လုပ်ငန်း ငွေကြေးအစီရင်ခံစာ ကွာဟချက်များ ရှိနေဆဲ

Your Thoughts …
Tags: ကြေးနီစီမံကိန်းမြန်မာယန်စီ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

...

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

by အောင်ဇော်
1 April 2023
42.6k

စစ်ကောင်စီက တနိုင်ငံလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံသည့်တိုင် ထိုစီမံကိန်းများကို ပြန်လည်စတင်လိုသည့် လက္ခဏာများကို တရုတ်က ပြသနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်း

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

by သက်ထားမောင်
7 March 2023
12.2k

တရုတ်အထူးသံလှုပ်ရှားမှုနှင့် မြန်မာပြည်တွင်း တရုတ်သံအမတ်၊ ကောင်စစ်ဝန်တို့၏ လှုပ်ရှားမှုနှင့်အတူ တရုတ်ရင်းနှီးမြှုပ်နှံမှုအချို့ပြန်လည် သက်ဝင်လှုပ်ရှားလာသည်ကို တွေ့ရ၏။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က စစ်ကောင်စီဒုဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် မတ်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ် / မြဝတီ

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ကြိုးစားနေ

by ဧရာဝတီ
29 March 2023
2.6k

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က တရုတ်-မြန်မာ ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် လုံခြုံရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီကို တောင်းဆိုသည်။

၂၀၁၄ ခုနှစ်က လက်ပံတောင်းတောင် စီမံကိန်းအတွင်း တွေ့ရသည့် တရုတ်ပညာရှင်တချို့  / ဧရာဝတီ

ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို

by ဧရာဝတီ
6 May 2022
20.4k

ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး အရင်ထဲက ဒေသခံတွေ ကန့်ကွက်လှုပ်ရှားမှု ရှိခဲ့တယ်။ သူတို့ဘက်က တုံ့ပြန်တာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်နေပါတယ်ပေါ့။ အဓိက ဝမ်ပေါင်ကုမ္ပဏီအနေနဲ့က စစ်ကောင်စီနဲ့ ပူးပေါင်းတယ်။ ဖက်စပ်လုပ်ငန်း ဖြစ်တယ်။ ဒီလုပ်ငန်းတွေကြောင့် စစ်ကောင်စီက ရပ်တည်နေနိုင်ပြီးတော့ ပြည်သူတွေကို...

လက်ပတောင်းဒေသ ကြေးနီစီမံကိန်း တူးဖော်နေသည့် မြင်ကွင်း  / ကျော်ခ /  ဧရာဝတီ

စစ်ကိုင်းတိုင်းတွင် ကြေးနီတူးဖော်ရန် ဒေသခံများ၏ သဘောထားကို တောင်းခံ

by ဒီလှိုင်းဝင်း
5 June 2019
23.9k

စစ်ကိုင်းတိုင်ဒေသကြီးအတွင်း၌ ကြေးနီနှင့်ဆက်စပ်သတ္ထုရှာဖွေရေး၊ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီး၏ သဘောထားမှက်ချက် တောင်းခံထားမှုကို ဒေသခံများ၏ သဘောထား အပေါ်မူတည်ပြီး လုပ်ဆောင်သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်း / ဧရာဝတီ

မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီက ထပ်တိုးမြေဧက တသိန်းလျှောက်ထား

by ဇာနည်မာန်
4 December 2018
14.4k

မြန်မာယန်စီ ကြေးနီလီမိတက်သည် ဆားလင်းကြီး၊ ယင်းမာပင်နှင့် ကန္နီ မြို့နယ်များတွင် မြေဧက တသိန်းကျော်တွင် ပဏာမ မြေယာစစ်ဆေးမှုပြုလုပ်ရန် လျှောက်ထားခဲ့သည်။

Next Post
ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီးများ

၂၀၁၈ ခုနှစ်ရဲ့ အလှဆုံးအဖြစ် သတ်မှတ်ခြင်းခံရတဲ့ ဟောလိဝုဒ် မင်းသမီးများ

၂၀၁၈ ထွက် iPad Pro မော်ဒယ်အသစ်

iPad Pro အချို့ အနည်းငယ် ကွေးနေနိုင်ကြောင်း Apple အတည်ပြု ပြောကြား

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate