စစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံအတွင်း ISIS များကို အမေရိကန်က ချေမှုန်းနိုင်ခဲ့ပြီဟု သမ္မတ ဒေါ်နယ်ထရမ့်မှ ပြော ကြားပြီးနောက် ဆီးရီးယားမှ အမေရိကန် တပ်များကို ပြန်လည်ရုပ်သိမ်း မည် ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။
အဆိုပါအရွေ့မှာ ထူးခြားသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဂယက်များ ရိုက်ခတ်လိမ့်မည်ဖြစ်ပြီး အမေရိကန် ကျောထောက် နောက်ခံပေးထားသည့် ကဒ်လူမျိုး တိုက်ခိုက်သမားများ၏ ကံကြမ္မာ အတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ကာဒစ် များသည် အစ္စလာမ္မစ်နိုင်ငံတော် ဂျီဟက် ဝါဒီများ ကို နှိမ်နင်းရှင်းလင်းခဲ့သူများဖြစ်သည်။
ဆီးရီးယားက ISIS တွေအရေးနိမ့်အောင် ကျနော်တို့လုပ်ခဲ့ပြီးပါပြီ၊ ထရမ့် သမ္မတအဖြစ် တာဝန်ယူ နေတုန်းမှာ အဲဒီဖြစ်ပေါ်နေတဲ့ အရေးကိစ္စအတွက် ကျနော့်ရဲ့တခုတည်းသော အကြောင်းပြချက် တခုပါ” ဟု ထရမ့်က သူ၏ Twitter လူမှုကွန်ရက် တွင် ရေးသားထားသည်။
အဆိုပါဆုံးဖြတ်ချက်ကို အမေရိကန်အစိုးရက အင်္ဂ ါနေ့တွင် အပြီးသတ်ချမှတ်ခဲ့သည်။
ဆီးရီးယားမှ အမေရိကန်တပ် အားလုံး ပြန်ရုတ်သိမ်းမှာလားဟူသော မေးခွန်းကိုမူ “အပြည့်အ၀ ရုပ်သိမ်းမှာပါ။ အားလုံး ပြန်ရုပ်သိမ်းမယ်လို့ ဆိုလိုတဲ့သဘောပါ” ဟု အမေရိကန်အစိုးရဘက်က တုံ့ပြန်ဖြေကြားခဲ့သည်။
သို့သော် ပြန်ရုပ်သိမ်းမည့် အချိန်ကာလနှင့် ပတ်သက်၍ အမေရိကန်အစိုးရဘက်က ထည့်သွင်းပြော ဆိုခြင်းမရှိသေးပေ။
“ကာကွယ်ရေးအင်အား လုံလုံလောက်လောက်နဲ့ ကျနော်တို့ သေချာဆက်ထိန်းမှာပါ။ ဒါပေမယ့် တတ်နိုင်သမျှ မြန်မြန် ရုပ် ပါမယ်” ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားသည်။
လတ်တလောအနေအထားတွင် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်အင်အား နှစ်ထောင်ခန့်အနက် အများစုမှာ ဒေသခံ တပ်များ IS ကို တိုက်ခိုက်ရာတွင် အထောက်အကူပြုရန် စနစ်တကျ လေ့ကျင့်၍ အကြံပေးရန် တာဝန်ချထားသည်။
အဓိက တိုက်ခိုက်ရေးအတွက် ပေါင်းစည်းအင်အားကြီးတပ်ဖွဲ့ဖြစ်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့(SDF) ဟုခေါ် သည့် မဟာမိတ်တပ်မှာ ကာဒစ်များဖြစ်ကြပြီး တူရကီကတော့ ယင်းတပ်ကို အကြမ်းဖက်အုပ်စုတစုဟု ရှုမြင်ထားသည်။
ကာဒစ်စစ်သွေးကြွများကို တိုက်မည့် စစ်ဆင်ရေးတခု ဆင်နွှဲရန်စီစဉ်ထားကြောင်း တူရကီက ပြောကြားသည်။
ပင်တဂွန်စစ်ဌာနချုပ်ကမူ အမေရိကန်တပ်များ ပြန်ရုတ်သိမ်းရေး အတည်ချက်မပေးသေးပေ။
“ဒီအချိန်မှာ ဒေသတွင်းက ကျနော်တို့ မိတ်ဖက်တွေနဲ့ အတူလက်တွဲပြီး ဆက်လုပ်ရဦးမှာပါ” ဟု ပင်တဂွန်ပြောခွင့်ရသူ ဗိုလ်မှူးကြီးရော့မန်းနင်းက ပြောသည်။
IS များကို ဝါရှင်တန်၏ တိုက်ခိုက်မှုတွင် ကာဒစ်များက ဦးဆောင်ခဲ့စဉ်က အမေရိကန်၏ ထောက်ပံ ပေးမှုနှင့် ပတ်သက်၍ နေတိုးမဟာမိတ်များ အကြားတွင် ဆက်ဆံရေး တင်းမာနေခဲ့ကြ သကဲ့သို့ ၊ ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ်အနီးတွင် အမေရိကန်လေ့လာ စောင့်ကြည့်ရေး နေရာချထား စဉ်ကတည်းက နေတိုးမဟာမိတ်အချင်းချင်း တင်းမာမှု ကြီးထွားခဲ့ သည်။