ထိုင်းရဲတပ်ဖွဲ့က နဂါးဟု နာမည်ရသည့် မြန်မာနိုင်ငံသား မူးယစ်ရာဇာတဦးနှင့် ဆက်စပ်ပတ်သက် နေ သည်ဟု ယူဆရသော နေရာများသို့ ဝင်ရောက်စီးနင်းရာ ၎င်းဂိုဏ်းမှ ပိုင်ဆိုင်သည့် ဘတ်ငွေသန်း ၁၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကို ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းကဆိုသည်။
အဆိုပါ ဂိုဏ်းမှာ Arsue Songkittikul ဆိုသူ ဦးစီးသည့် ဂိုဏ်းဖြစ်ပြီး ရှာဖွေသည့် နေရာများမှာ ဘန်ကောက်၊ လော့ဘူရီ၊ ချင်းမိုင်၊ ချင်းရိုင်း၊ တာခ် ပြည်နယ်များတွင်ဖြစ်ပြီး မဲဆောက်၌ ဝင် ရောက်စီးနင်းမှုတွင် အသက် ၂၇နှစ်ရှိ Prapat Sae-tuang ဆိုသူနှင့် ၎င်း၏ ယောက္ခမဖြစ်သူကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့ သည် အသက် ၄၈နှစ် အရွယ်ရှိ အာစူး ဆောင်ကစ်တီကူ (နဂါး)နှင့် ဆက်စပ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယုံကြည်သည်။
အဆိုပါမူးယစ်ဂိုဏ်းသည် ထိုင်းနိုင်ငံအတွင်းသို့ ၂၀၁၆ ခုနှစ်က မက်သာဖက်တမင်းဆေးပြား ခိုးသွင်းမှုဖြင့် ထောင်တသက် ပြစ်ဒဏ် ချမှတ်ခံရသူ လာအိုမူးယစ်ရာဇာ Xaysana Keopimpha ပတ်သက်သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် ထိုင်းရဲတပ်ဖွဲ့က မဲဆောက်ခရိုင် မဲ့ကစာမြို့နယ်ရှိ ၂၂ ရိုင်ကျယ်ဝန်းသည့် မြေကွက်ပေါ်ရှိ မစ္စတာအားစူး၏ ကုမ္ပဏီသို့လည်း ထိုင်းရဲက ဝင်ရောက်ရှာဖွေခဲ့ပြီး ယင်းနေရာတွင် Southern Cross Group ကုမ္ပဏီဖြင့် ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ကိုင်နေကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ချန်နာပက်က ပြောသည်။
ယင်းကုမ္ပဏီ၏ အောက်ခြေတွင် လိုဏ်ခေါင်းတခုတူးထားပြီး မီတာ ၁၀၀ ကျော်ရှည်၍ ကုမ္ပဏီရုံးခန်း အနောက်ဘက်သို့ ဦးတည်ထားကြောင်း တွေ့ရှိပြီး၊ ယင်းလိုဏ်ခေါင်းသည် ယခုကဲ့သို့ ဝင်ရောက်စီးနင်းပါက ထွက်ပေါက်ရအောင် ပြုလုပ်ထား ကြောင်း ထိုင်းရဲက သံသယရှိနေသည်။
Ice (သို့မဟုတ်) မက်သာဖက်တမင်း ပုံဆောင်ခဲဆေးများ ထုတ်လုပ်ရန် သုံးသည်ဟု ယူဆရသော အသုံးအဆောင်ပစ္စည်း များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ထိုင်းနှင့်မလေးရှားကို ဖြတ်သန်း လျက် မြန်မာနိုင်ငံမှ သြစတြေးလျသို့ Ice ၂၀၀ ကီလိုဂရမ်အား အာစူ၏ ဂိုဏ်းက သယ်ဆောင်မည့် အစီအစဉ်ကို ထိုင်းမူးယစ်နှိမ်နင်းရေး အေဂျင်စီများအနေဖြင့် အမေရိကန်၊ သြစတြေးလျအဖွဲ့ တို့နှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ယင်း ပူးပေါင်းဆောင်ရွက်မှုမှာ မအောင်မြင်ခဲ့ပေ။
ရန်ကုန်မြို့ရှိ ဂိုဒေါင်တလုံး၌ နောက်ထပ် Ice ၆၂၁ ကီလိုဂရမ်မတွေ့ရှိမီ အဆိုပါမူးယစ်ဂိုဏ်း ဝင် နှစ်ဦးကို ၎င်းတို့ မော်တော်ယာဉ်ပေါ် ပါရှိသည့် Ice ၁၁၀၀ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိသည့် အမှုကို မြန်မာအာဏာပိုင်များဘက်မှ ကိုင်တွယ်လျက်ရှိသည်။
အဆိုပါမူးယစ်ဂိုဏ်းနှင့် ပတ်သက်နေသည်ဟု သံသရှိသူ ထိုင်ဝမ်လူမျိုးနှစ်ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တွင် ဖမ်းဆီးရမိသောမူးယစ်ဆေးများမှာ မစ္စတာအားစူးပိုင်ဆိုင်ကြောင်း ပေါ်ပေါက်ခဲ့ပြီး မြန်မာအာဏာပိုင်များက မဲဆောက်မြို့ရှိ နယ်စပ်ဆက်ဆံရေးရုံးသို့ ဆက်သွယ်၍ ထိုင်းဘက်ခြမ်းတွင် ထွက်ပြေးလွတ်မြောက်လျက်ရှိသော အားစူးနှင့်သူ့ဇနီးတို့ကို ဖမ်းဆီးပေးရန် အကြောင်းကြားခဲ့သည်။
ကြာသပတေးနေ့က ဝင်ရောက်ဖမ်းဆီးရာတွင် အဆိုပါမူးယစ်ဂိုဏ်း၏ ဘတ်ငွေ သန်း ၁၅၀ တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ခရိုင် ၁၆ ခုရှိ နေရာပေါင်း ၁၀၀ ကျော်ကို ရှာဖွေခဲ့ပြီး မသင်္ကာသူ ၂၂၅ ဦးကို ဖမ်းဆီးစစ်ဆေး ခဲ့ ကြောင်း ထိုင်းရဲအရာရှိများက ပြောသည်။