အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗုဒ္ဓဟူးနေ့က အီရတ်နိုင်ငံသို့ ကြိုတင်သတင်းမထုတ်ပြန်ခြင်း မရှိဘဲ ရုတ်တရက် ရောက်ရှိလာခဲ့ရာ အာဏာရပြီးနောက် စစ်မက်ဖြစ်ပွားနေသည့်နေရာတခုရှိ အမေရိကန် တပ်များထံ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။
အီရတ်နိုင်ငံမြောက်ပိုင်း အယ်လ်အာဆက် လေတပ်အခြေစိုက်ခန်းသို့ ဒေသစံတော်ချိန် ည ရး၁၆နာရီ က သမ္မတကတော် နှင့်အတူ သမ္မတဒေါ်နယ် ထရမ့်သည် လေကြောင်းခရီးဖြင့် ဆိုက်ရောက်လာ ခဲ့ကြောင်း AFP သတင်း၏ သတင်းထောက် ကပြောသည်။
သမ္မတဒေါ်နယ်ထရမ့်သည် ပြန်လည်မထွက်မီ နာရီအနည်းငယ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားပြီး စစ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါခရီးစဉ်ကို လျှို့ဝှက်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ကြပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် တပ်အင်အားအဆင့် ကို သိသိသာသာလျှော့ချရန်နှင့် ဆီးရီးယားနိုင်ငံရှိ တပ်များအပြီးတိုင် ရုတ်သိမ်း ရန်အတွက် ထရမ့်၏ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကြောင့် ယခုခရီးစဉ်သွားရောက်ခဲ့ခြင်းဖြစ် ကြောင်း တွက်ဆနေကြသည်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဆာရာ့ စန္ဒာက “ခရစ္စမတ်နေ့ ညဉ့်နက်ပိုင်းမှာ သမ္မတ ထရမ့်နှင့် သမ္မတ ကတော်တို့ဟာ ကျမတို့တပ်တွေနဲ့အဆင့်မြင့်စစ်ခေါင်းဆောင်ပိုင်းတွေကို သွားတွေ့ ပြီးတော့ သူတို့ရဲ့ တာဝန်ထမ်းဆောင ခဲ့မှုတွေ၊ အောင်မြင်မှုတွေ၊ စတေးမှုနဲ့ ပတ်သက်လို့ ကျေးဇူး တင်တဲ့အကြောင်း ပျော်စရာခရစ္စမတ်ပါလို့ သမ္မတက စကား လက်ဆောင်ပါးခဲ့ပါတယ်” ဟု သူ၏ Twitter လူမှုကွန်ရက်တွင် ရေးသားလွှင့်တင်သည်။
“အံ့အားသင့်စရာ ဒီခရီးစဉ်ဟာ လက်ရှိ အီရတ်မှာ ချထားတဲ့ ကျမတို့ရဲ့အမေရိကန်စစ်မှုထမ်းတွေဆီ သွားတာဖြစ်ပါတယ်” ဟု သမ္မတကတော် မယ်လာနီးယားထရမ့်၏ ပြောခွင့်ရသူအမျိုးသမီးက ဆို သည်။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်အကြမ်းဖက်ခံရမှုကို တုံ့ပြန်တိုက်ခိုက်ရေးအတွက် နှစ်ရှည်လ များဖြစ်ပွားခဲ့သည့် စစ်တွင် ပါဝင်ခဲ့ရသူ အမေရိကန်တပ်ဖွဲ့ဝင်များကို သမ္မတခရီးစဉ်က စိတ်ဓာတ်မြှင့် တင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ကာလအထိ အမေရိတပ်များစိတ်ဓာတ်ကျဆင်းနေခြင်းအပေါ် ယင်းသို့သွားရောက်ရန်အတွက် ထရမ့်အပေါ် ဝေဖန် တိုက်တွန်းမှုများ ရှိနေဆဲဖြစ်သည်။
သို့သော် စစ်ဆင်ရေးဆင်နွှဲနေသည့် ယူနီဖောင်းဝတ်တပ်ဖွဲ့ဝင်များနှင့် ကင်းကွာလျှက်ရှိသည့် သမ္မတ ထရမ့်သည် ဆီးရီးယားများ တပ်များ ချထားခြင်းကို အဆုံးသတ်ရန်နှင့် အာဖဂန်နစ္စတန်ရှိ တပ် အဆင့်ကိုဖြတ်တောက်ရန် ကြံရွယ် ထားသော ၎င်း၏ဆုံးဖြတ်ချက်ကို အီရတ်ရှိ အမေရိကန်တပ်များ ထံ နောက်ထပ်ရှင်းပြခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။