ထိုင်းနိုင်ငံ၌ နှစ်သစ်ကူး ခရီးသွားလာမှု အန္တရာယ်အများဆုံး ၇ ရက်၌ ပထမ ၅ ရက်အတွင်း ယာဉ် မတော် တဆမှုပေါင်း ၂၇၆၁ မှုဖြစ်ပွားခဲ့ရာ ၃၁၄ ဦးသေဆုံးပြီး ဒဏ်ရသူ ၂၈၄၈ ဦးရှိကြောင်း၊ ယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ ချင်းမိုင်၌ အများဆုံးဖြစ်ပြီး နခွန်ရက်ချ်စီမာတွင်လည်း သေဆုံးမှုများ ပြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ ကျန်းမာရေး ဒုတိယ အမြဲတမ်းအတွင်းဝန် ပရာပွန်တန်စရီ ကစ်တီကောက အင်္ဂါနေ့တွင် ပြောကြား ရာ၌ နှစ်သစ်ကူးခရီးသွားလာမှုအများဆုံး ၇ ရက်အတွင်း ပထမ ၅ ရက်မြောက်ဖြစ်သည့် တနင်္လာနေ့က ယာဉ်မတော်တဆမှု ၅၆၉ မှုကြောင့် ၇၂ ဦးသေဆုံးပြီး ၅၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
မတော်တဆမှုအများစုမှာ မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်မှုကြောင့်ဖြစ်ပြီး တနင်္လာနေ့က မတော်တဆမှု ပေါင်း ၄၄.၈၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ကာ ယခင်နေ့များထက် ၂၉.၈၈ ရာခိုင်နှုန်းတိုးလာခဲ့သည်။
၈၁.၆၂ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်များကြောင့်ဖြစ်ပြီး ယင်းနောက်တွင် ပစ်ကပ်မော်တော်ယာဉ် က ၆.၂၄ ရာခိုင်နှုန်းရှိနေခဲ့သည်။ မတော်တဆမှု အဖြစ်များဆုံးအချိန်ကာလမှာ ညနေ ၄ နာရီမှ ည ၈ နာရီကြားဖြစ်သည်။
တနင်္လာနေ့က နန့်ခွန်စီသမ်မာရတ်ပြည်နယ်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၃ မှုဖြင့် အများဆုံး ဖြစ် ပွားခဲ့သည်။ အဆိုပါပြည်နယ်တွင် ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိခဲ့သည်။ တရက်တည်းတွင် သေဆုံး မှုအများ ဆုံးဖြစ်ပွားခဲ့သည့်နေရာများဖြစ်သည့် စီဆာကက်နှင့် အူဘွန်ရက်ချ်သနီတို့တွင် လူ ၄ ဦး သေဆုံးခဲ့သည်။
အဆိုပါကိန်းဂဏန်းများမှာ ယမန်နှစ်က အလားတူကာလ ၅ ရက်နှင့်နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်း အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၄ ရက်အတွင်း ချင်းမိုင်မြို့သည် ယာဉ်မတော်တဆမှုပေါင်း ၉၁ မှုရှိခဲ့၍ အမြင့်ဆုံးအရေအတွက်အဖြစ် စံချိန်တင်သွားသည်။ သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နန့်ခွန်ရက်ချ်စီမာတွင် သေဆုံးသူ ၁၄ ဦးရှိ ခဲ့ပြီး ဒဏ်ရာရှိမှုအများဆုံးဖြစ်ခဲ့သည့် နန့်ခွန်စီသန်မာရက်၌ ၉၆ ဦး ဒဏ်ရာရခဲ့သည်။
အိမ်ပြန်ရန်နှင့် ပိတ်ရက်လည်ပတ်ရန်အတွက် ဘန်ကောက်မှ ပြန်လာကြသည့် ခရီးသည်များအတွက် ထိုင်းအာဏာပိုင်များနှင့် ပရဟိတအဖွဲ့များက စီမံချက်များ ရေးဆွဲပြီး ဆေးဝါးကုသမှု ပေးခဲ့ကြသည်။