• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းဆီးသွားသည့် သုံ့ပန်းများ AA ပြန်လွှတ်

by မင်းအောင်ခိုင်
4 January 2019
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားစည်းအနီး တာဝန်ကျနေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားစည်းအနီး တာဝန်ကျနေသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ / ဧရာဝတီ

100.3k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ဝင်တိုက်ပြီး ဖမ်းဆီးသွားသည့် သူများကို ရက္ခိုင့်တပ်မတော် (AA) က ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည် ။

ပြန်လွှတ်ပေးလိုက်သည့် ၁၈ ဦးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဝင် ၁ ဦး ၊ အမျိုးသမီး ၄ ဦး ပါဝင်ပြီး ဘေးကင်းလုံခြုံစွာဖြင့် ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း AA သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

RelatedPosts

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

14 June 2025
46
မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
504
တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

တောင်ကိုရီးယားရဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေးအစီအစဥ် ရပ်ဆိုင်း (ရုပ်/သံ)

14 June 2025
35

ဦးခိုင်သုခက “ဒီနေ့ ညနေပိုင်းမှာပဲ ပြန်လွှတ်လိုက်ပါပြီ ။ လဝက ဝန်ထမ်း ၁ ဦးရယ် အမျိုးသမီး ၄ ဦး ကျန်တဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ရယ် အားလုံးကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လွတ်လိုက်ပါပြီ ” ဟု ဧရာဝတီသို့ ပြောသည်။ ဖမ်းဆီးမိသူများကို ပြန်လွှတ်ပေးခြင်းနှင့် ပတ်သတ်၍ ၎င်းက “လက်နက်ချ အညံ့ခံတံ့ရန်သူကို ကျနော်တို့ ဘယ်တော့မှ ဒုက္ခမပေးပါဘူး၊ ဒါ ဂျီနီဗာ သဘောတူညီချက်တွေအတိုင်း ကျနော်တို့ လုပ်တာဖြစ်ပါတယ်” ဟုလည်း ပြောသည်။

ရက္ခိုင့်တပ်မတော် ( AA ) သည် ဘူးသီးတောင်မြို့နယ်အတွင်းက ကျောင်းတောင်ရဲစခန်း ၊ ငမြင်းဘော် ရဲကင်းစခန်း ၊ ဂုပ္ပီ ရဲကင်းစခန်း ၊ ခထိလှရဲကင်းစခန်း စသည့် ဖြင့် ရဲကင်းစခန်း ၄ ခုကို လူအင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးရမိသည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုတချိုကို လည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း လက်နက်ကြီးကျ၍ ခထိလှ ကျေးရွာမှ နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ခထိလှကျေးရွာသား ဦးဝေသာအောင်က “ တိုက်ပွဲဖြစ်တာက မနက် ၆ နာရီကျော်မှာ ဖြစ်ပါတယ်။ ကျနော်တို့က ကြောက်ပြီး စာသင်ကျောင်းမှာ ရွာသားတွေ စုပြီး နေကြပါတယ်။ လက်နက်ကြီးကျတာက ဘယ်က ပစ်တာတော့ မသိဘူး ။ အိမ်ကတော့ ၈ လုံး မီးလောင်ပြီး ပြာကျသွားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရဲကင်းစခန်းလေးခု တိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းအပြင် လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရက္ခိုင့်တပ်မတော် ( AA ) က ယင်းသို့ ရဲကင်းစခန်းများကို ဝင်တိုက်ရခြင်းသည် ၎င်းရဲကင်း စခန်းများတွင် တပ်မတော်စစ်ကြောင်းများက စခန်းတွင် ပူးပေါင်းနေထိုင်ကြပြီး တပ်မတော်နှင့် AA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း အဆိုပါ ရဲစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးသည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က စပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ကျော်တော်မြို့နယ်များတွင် ရက္ခိုင့်တပ်မတော် ( AA ) နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထိ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာ ရက်ဆက်ဆိုသလို ဖြစ်ပွားကာ ရှိပြီး စစ်ဘေးရှောင်အရေအတွက်မှာလည်း တနေ့ထက် တနေ့ များပြားလျက် ရှိနေသည်။

တပ်မတော်က ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၂၁ရက်တွင် AA အပါအဝင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပဏာမအပစ်ရပ်စာချုပ်၊ တနိုင်ငံလုူံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် များ ရေးထိုးရန် စစ်တိုင်း ၅တိုင်းကို ၂၀၁၉ ခုနှစ် ၊ ဧပြီလ ၃၀ရက်ထိ အပစ်ရပ်ဆိုင်းပေးထားသည် ။

အပစ်ရပ်ဆိုင်းထားသည့် စစ်တိုင်းများတွင် AA တပ်များ ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ မပါဝင်ပါ။

ယခု တိုက်ပွဲများနှင့် ပတ်သက်၍ “နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း” ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစဉ်မှ ထုတ်ပြန်ခဲ့သည်။

(နန်းလွင်နှင်းပွင့် ပါဝင် သတင်းပေးပို့သည်။)

ဆက်စပ်ဖတ်ရှုရန်

နယ်ခြားစောင့်ရဲစခန်းများမှ ၁၄ ဦး သုံ့ပန်းအဖြစ် AA ခေါ်ဆောင်သွား

Your Thoughts …
Tags: AAနယ်ခြားစောင့်ရဲစခန်းသုံ့ပန်း
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
အရသာချိုစပ်ရှိတဲ့ ကိုရီးယားစတိုင်ကြက်ကြော်

ကိုရီးယားစတိုင် ကြက်ချိုစပ်ကြော်

ကမ္ဘာမှာ ပင်ဂွင်းအမျိုးအစားပေါင်း ၁၇ ကနေ ၂၀ ထိရှိပါတယ်

ပင်ဂွင်းလေးတွေအကြောင်း သိကောင်းစရာအချက်များ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.5k

Most Read

  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate