• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူးယစ်ဆေးရောင်းသည်ဟု စွပ်စွဲခံရသည့် ရိုဟင်ဂျာများ ကော့ဗဇားတွင် သတ်ဖြတ်ခံရ

by Muktadir Rashid
8 January 2019
in သတင်း
A A
ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားမြို့အနီးရှိ ကူတူပလောင် ဒုက္ခသည်စခန်းတွင်း မြင်ကွင်း / Reuters

ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားမြို့အနီးရှိ ကူတူပလောင် ဒုက္ခသည်စခန်းတွင်း မြင်ကွင်း / Reuters

17.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနယ်စပ်အနီး ကော့ဗဇားမြို့၏ တက်ခ်နက် အရပ်မှ ကော့ဗဇား-တက်ခ်နက် မရိန်းဒရိုက်လမ်းတွင် ကျည်ဆံ ဒဏ်ရာအများအပြား ရရှိထားသော အမျိုးသားနှစ်ဦး၏ အလောင်းများနှင့် မူးယစ်ဆေးပြား ၁ သောင်းခန့်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် သိမ်းဆည်းခဲ့သည်။

အသတ်ခံရသူများသည် မြန်မာနိုင်ငံမှ မူးယစ်ဆေးများကို ဖြန့်ဖြူးရောင်းချရာတွင် ပါဝင်ပတ်သက်နေပြီး အသက် ၃၅ နှစ်ရှိ ကိုင်ရူ အာမင်နှင့် အသက် ၄၀ ရှိအဗ္ဗဒူလာတို့ဖြစ်ကြောင်းနှင့် တက်ခ်နက်ရှိ အန်ချီမရမ်း ဒုက္ခသည်စခန်း အကွက် D တွင် နေထိုင်ကြောင်း တက်ခ်နက်ရဲတပ်ဖွဲ့မှ အရာရှိများက ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
623
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.2k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
605

၎င်းတို့ နှစ်ဦးစလုံးသည် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ် စစ်ဆင်ရေးများ စတင်ချိန်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ရောက်ရှိချိန်မှ စတင်ကာ တက်ခ်နက်ရှိ အန်ချီမရမ်း ဒုက္ခသည်စခန်းတွင် နေထိုင်ကြသည်ဟု သိရသည်။

ထိုစစ်ဆင်ရေးများနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ လူ ၇ သိန်းကျော်ထွက်ပြေးသွားခဲ့သည်။

ခရိုင်ရဲဌာနချုပ်၏ အဆိုအရ ၂၀၁၇ ခုနှစ် သြဂုတ်လက ဒုက္ခသည်များ ဝင်ရောက်လာပြီး နောက်ပိုင်း ၎င်းတို့ နှစ်ဦးသည် မူးယစ်ဆေး ရောင်းချမှုကြောင့် ပထမဆုံး အသတ်ခံရသော သူများဖြစ်သည်ဟု သိရသည်။

ကျည်ဆံဒဏ်ရာ အများအပြားရထားသည့် အလောင်းနှစ်လောင်းကို ကော့ဗဇား-တက်ခ်နက် မရိန်းဒရိုက် လမ်းရှိ မီတာပန်နာချရာတွင် တွေ့ကြောင်း ဒေသခံများက ဇန်နဝါရီလ ၅ ရက်နေ့က သတင်းပို့ခဲ့သည်ဟု တက်ခ်နက် ရဲစခန်းတာဝန်ခံ ပရာဒစ် ကူးမား ဒက်စ်က ပြောသည်။

တက်ခ်နက်ရဲတပ်ဖွဲ့မှ အဖွဲ့တဖွဲ့သည် ထိုနေရာသို့ အမြန်သွားရောက်ပြီး အလောင်းများကို သေမှုသေခင်း စစ်ဆေးရန် ကော့ဗဇားရှိ ခရိုင်ဆေးရုံသို့ ပို့ခဲ့သည်။

ရဲတပ်ဖွဲ့သည် အလောင်းများထံမှ ယာဘ မူးယစ်ဆေး ၁ သောင်း သိမ်းဆည်းခဲ့သော်လည်း မည်သည့် လက်နက်မျှ မတွေ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံလုပ် ယာဘဆေးများတွင် မက်သာဖက်တမင်း၊ ကဖင်းတို့ ရောနှောထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အိန္ဒိယလုပ် ချောင်းဆိုးပျောက် ဖင်ဆီဒိုင်းရောင်းချမှု ပိတ်ပင်ပြီးနောက် မကြာမီနှစ်များအတွင်း ယာဘကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။

၎င်းတို့နှစ်ဦးသည် မူးယစ်ဆေး ရောင်းချရသောငွေကို ခွဲဝေယူရင်း ဖြစ်ပွားသော ဂိုဏ်းဖွဲ့တိုက်ခိုက်မှုအတွင်း အသတ်ခံရသည်ဟု သံသယရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့ တွဲဖက်ရဲအုပ် အစ်ဘယ် ဟိုစိန်က ပြောသည်။

မြန်မာနိုင်ငံမှ မူးယစ်ဆေးများ သယ်ယူရာတွင် ၎င်းတို့၏ အခန်းကဏ္ဍမည်မျှ ပါဝင်သည်ကို စုံစမ်း စစ်ဆေးသွားမည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ ယာဘများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်းလမ်း၊ ရေလမ်းမှ သယ်ဆောင်ရာတွင် ရိုဟင်ဂျာ အများအပြားကို မူးယစ်ဆေး မှောင်ခိုသယ်ဆောင်သူများအဖြစ် အသုံးပြုကြောင်း အစ်ဘယ် ဟိုစိန်က ဆိုသည်။

သေဆုံးသူ ၂ ဦးစလုံးမှာ အန်ချီမရမ်း ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ကြောင်း ရိုဟင်ဂျာ ခေါင်းဆောင်များက အတည်ပြုပြီး ၎င်းတို့ ၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟု ကြားကြောင်း ပြောသည်။

အဗ္ဗဒူလာ၏ သားဖြစ်သူ မိုဟာမက် အာရကန်က သူ၏ဖခင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် အန်ချီမရမ်း ဒုက္ခသည်စခန်း အနီးတွင် ရဲတပ်ဖွဲ့ဝင် ၆ ဦး ၇ ဦးခန့်က ဖမ်းဆီးသွားကြောင်းနှင့် ထိုအချိန်မှ စတင်ပြီး မည်သည့်သတင်းမျှ မကြားရတော့ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“သူ့ပုံကို Facebook မှာတွေ့လို့ သိတာ။ ကျနော်တို့ကို အလောင်း ကြည့်ခွင့်မပေးဘူး” ဟု အသက် ၂၀ အရွယ် မိုဟာမက် အာရကန်က ဆိုသည်။

ကိုင်ရူ အာမင်နှင့် ညီအစ်ကိုတော်စပ်သူ မိုဟာမက် ရာဖစ်ကလည်း သူ၏ ညီအစ်ကိုကို အန်ချီမရမ်း ဒုက္ခသည် စခန်း ဘလော့ အေရှိ မူးယစ်ဆေးရောင်းသူဟု သံသယရှိသူတဦးဖြစ်သည့် ရှားအလမ်၏ နေအိမ်တွင် ဇန်နဝါရီလ ၄ ရက် ည ၉ နာရီ ခန့်တွင် ဖမ်းဆီးခဲ့သည်ဟု ပြောသည်။

သူ၏ ညီအစ်ကိုကို မုန်းတီးမှုဖြင့် ဖမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သူက ပြောသည်။ ရှားအလမ် ထောင်ထဲ ရောက်နေသည်မှာ တလကျော်ပြီ ဖြစ်ကြောင်းလည်း မိုဟာမက် ရာဖစ်က ပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ၂၀၁၈ ခုနှစ်မေလတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများအတွက် လူ ၃၀၀ ခန့် သေဆုံးကာ ကျည်ဆံဒဏ်ရာ အများအပြားရသော အလောင်းများကို နိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။

ပြင်းထန်သည့် ဖမ်းဆီးမှုအတွင်း ရောင်းဝယ်သူဟု စွပ်စွဲခံရသူ ထောင်ပေါင်းများစွာလည်း ဖမ်းဆီးခံရပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ဖိလစ်ပိုင်သမ္မတ ဒူတာတေ၏ မူးယစ်ဆေးဝါးစစ်ဆင်ရေးနှင့် နှိုင်းယှဉ်ပြောကြသည်။

ထိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စတင်ပြီးနောက် ၂၀၁၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ကော့ဗဇားမှ လျှပ်တပျက် တိုက်ခိုက်ရေးတပ် (RAB) သည် ယူခီရာမှ ဘာလူခါလီ စခန်းနှင့် တက်ခ်နက်မှ ဂျာဒီမူရာ စခန်းတို့ကို စီးနင်းပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ၄ ဦးကို ယာဘဆေးပြား ၃ သောင်း ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားနှင့်အတူ ရိုဟင်ဂျာ တဒါဇင်ကျော် တို့သည်လည်း RAB ကပြုလုပ်သည့် သီးခြား စစ်ဆင်ရေးများတွင် ဖမ်းဆီးခံကြရပြီးနောက်ပိုင်း ဖမ်းမိသော ယာဘဆေးပြား အရေအတွက်မှာ ၂ သိန်းခွဲအထိ ရှိလာသည်။

၂၀၁၅ ခုနှစ်ကလည်း ကော့ဗဇားမှာ ရိုဟင်ဂျာဒုက္ခသည် အနည်းငယ်သည် လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်ခံခဲ့ရသည်။

(ဘင်္ဂလားဒေ့ရှ်ရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Alleged Rohingya Drugs Peddlers Murdered in Cox’s Bazar ကို ဘာသာပြန်ဆို ဖော်ပြသည်။)

Your Thoughts …
Tags: ကော့ဗဇားမူးယစ်ဆေးရိုဟင်ဂျာ
Muktadir Rashid

Muktadir Rashid

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.6k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.4k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

by David Scott Mathieson
17 August 2023
11.9k

မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

Next Post
Choco Pie ကို ရိုးရိုးစားတာထက် နွှေးပြီးစားတာက သုံးဆ ပိုမိုကောင်းမွန်ပါတယ်

လူတိုင်းသတိမထားမိဘဲ ပြုလုပ်လေ့ ရှိတဲ့ အမှားများ

လွယ်လွယ်ကူကူ ပြုလုပ်စားသုံးနိုင်တဲ့ ဂျပန်အစားအစာများ

အရသာရှိပြီး လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်တဲ့ ဂျပန်အစားအစာ ၃ မျိုး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate