• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင် စစ်ဘေးရှောင် အကူအညီကို တပ်က ပိတ်ပင်သောကြောင့် စိုးရိမ်မှုမြင့်တက်

by မိုးမြင့်
10 January 2019
in သတင်း
A A
ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များ / ကျော်ခ

ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များ / ကျော်ခ

34.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် ၄ ခုမှ ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရသူများ (IDPs) ၅ ထောင်ကျော်သည် လုံလောက်သော အမိုးအကာ မရှိဖြစ်နေပြီး ရိက္ခာပေးပို့ခြင်းကို တပ်မတော်က ပိတ်ပင်ထားသောသည်ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့များ၏ အဆိုအရ သိရသည်။

စစ်ဘေးရှောင် အရပ်သားများသည် ကျောက်တော်မြို့နယ်တွင် တာပေါ်လင်များဖြင့် ပြုလုပ်ထားသည့် ယာယီ အဆောက်အအုံများတွင် နေထိုင်နေရသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ရှိပြီဖြစ်ကြောင်း ပြည်နယ်မြို့တော်စစ်တွေ အခြေစိုက် ဝံလက် ဖေါင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံ က ဧရာဝတီသတင်းဌာနသို့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
67
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
665
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
12

အနီးရှိ တောင်မင်္ဂလာကျေးရွာတွင် စစ်ဘေးရှောင် ၇၀၀ ခန့် ယာယီနေထိုင်နေကြောင်း တောင်မင်း မြိုတိုင်းရင်းသားကျေးရွာမှ စစ်ဘေးရှောင် ကိုမောင်စန်းဝင်းက ပြောသည်။ ရွာသားအများစုသည် အနီးတွင် လက်နက်ကြီးများ ကျရောက်သောကြောင့် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့က ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်း ရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။

“ကျနော်တို့မှာ တာပေါ်လင် လုံလုံလောက်လောက် မရှိဘူး။ တနင်္လာနေ့က တညလုံး အစိုထဲမှာ နေရတယ်” ဟု ကိုမောင်စန်းဝင်းပြောသည်။

ဦးခိုင်ကောင်းစံသည် ကျောက်တော်မြို့ပေါ်မှ လေးမြို့မြစ်ကြောင်းအတိုင်း မော်တော်ဖြင့် ၅ နာရီခန့်ကြာ ခရီးကွာဝေးသာ သာလူးချောင်းကျေးရွာသို့ စစ်ဘေးရှောင်များအတွက် ဆန်နှင့် အခြားဒေသထွက်ကုန်များ သွားရောက်ပို့ဆောင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် တပ်မတော်အရာရှိများက ကယ်ဆယ်ရေးသင်္ဘောများကို ဆက်လက် သွားရောက်ခွင့် မပေးကြောင်း သိရသည်။ ထိုသင်္ဘောများပေါ်တွင် တောင်မင်္ဂလာတွင် ခိုလှုံနေသော ရွာပေါင်း ၁၀ ရွာကျော်မှ စစ်ရှောင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည်။

ဆန်အိတ်များကို သွားရောက်ဝေငှရန် ကျောက်တော်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိများက နှုတ်ဖြင့် ခွင့်ပြုပြီးဖြစ်သော်လည်း ရဲနှင့်တပ် ပူးပေါင်းအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများကို တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသည်ဟု ဦးခိုင်ကောင်းဇံက ပြောသည်။ ထိုကဲ့သို့သော ကန့်သတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ကြားသိနေခဲ့ရပြီးဖြစ်သည်။ ကချင်နှစ်ခြင်းအသင်းတော် (KBC) သည်လည်း လွန်ခဲ့သော နှစ်က ကချင်တိုင်းရင်းသားလက်နက်ကိုင်များထိန်ချုပ်ထားသောနေရာများသို့ ကယ်ဆယ်ရေးပစ္စည်း ပေးပိုခြင်းမှ ပိတ်ပင်တားဆီးခံခဲ့ရသည်။

ရိက္ခာပေးပို့ခြင်းကို တပ်မတော်နှင့် အရပ်ဖက်အာဏာပိုင်များက ပိတ်ပင်လိုပါက ၎င်းတို့အနေဖြင့် ကျောက်တော်အထက်ပိုင်းမှ စစ်ဘေးရှောင် ရွာသားများကို ပိုမိုဘေးကင်းပြီး မြို့ပြနှင့်နီးသော ဒေသများသို့ ရွှေ့ပြောင်းပေးသင့်သည်ဟု ဦး ခိုင်ကောင်းစံပြောသည်။ ကျေးရွာပေါင်း ၂၀ မှလူများ ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးကြကြောင်း သူပြောသည်။ အချို့သောနေရာများသို့ ဆန်ပို့ခွင့်ပြူသော်လည်း လတ်တလော စစ်ဘေးရှောင် အများစု ခိုလှုံနေသည့် သာလူးချောင်းနှင့် ငစာရိုင်ကိုင် ကျေးရွာများသို့ ပေးပို့ခွင့် မပြုပေ။

“သူတို့ရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖေါက်တယ်လို့ ကျနော်ပြောတယ်” ဟု ဦးခိုင်ကောင်းစံပြောသည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်း ခေတ္တ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး နတ်အော့စ်ဘီက ဇန်နဝါရီလ ၉ ရက်နေ့နံနက်က တွစ်တာတွင်ရေးသားသည်။ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာလုံခြုံရေးတပ်များ၏ တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ လူ ၄၅၀၀ IDPs ဖြစ်ရသည်ဟု သူရေးသည်။ ဇန်နဝါရီလ ၄ ရက်နေ့ AA က ရဲစခန်းများကို ချိန်ကိုက်တိုက်ခိုက်ခြင်းကြောင်း သေဆုံးမှုများကြောင့်လည်း တုန်လှုပ်မိသည်ဟု သူရေးသည်။

အခြေအနေနှင့်ပတ်သက်ပြီး နှစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာရန်နှင့် တိုက်ခိုက်မှုကြောင့် ထိခိုက်သည့်သူ အားလုံးအတွက် လူသားချင်းစာနာမှု အကူအညီများ ရရှိရေးကို သူက တိုက်တွန်းသည်။ ကုလသမဂ္ဂသည် မကြာသေးမီ ရက်သတ္တပါတ်များအတွင်း မြန်မာအာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး အကူအညီ လိုသူများကို ထောက်ပံ့ရန် အားထုတ်မှုများကို အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်းလည်း သူရေးသည်။

“အရပ်သားအားလုံးကို ကာကွယ်ပေးရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးများဥပဒေပါ တာဝန်များကို လေးစားလိုက်နာရန် ဘက်အားလုံးကို ဌာနေနှင့် လူသားချင်းစာနာမှု ညှနှိုင်းရေးမှူးအနေဖြင့် တိုက်တွန်းသည်။ ထို့နောက် အော့စ်ဘီက အခြေအနေနှင့်ပတ်သက်ပြီး ငြိမ်းချမ်းသော ဖြေရှင်းမှုပြုလုပ်ရန် အားထုတ်များကို အရှိန်မြှင့်တင်ရန်နှင့် တိုက်ခိုက်မှုများကြောင့် ထိခိုက်သူအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီများ ရရှိရန် ဘက်အားလုံးကို မေတ္တာရပ်ခံသည်” ဟု ကုလသမဂ္ဂ၏ နေ့စဉ် သတင်းရှင်းလင်းချက်တွင် ဖေါ်ပြထားသည်။

မြန်မာအာဏာပိုင်များထံသို့ လူသားချင်းစာနာမှု အကူအညီများပေးသည်ဟု ကုလသမဂ္ဂကပြောသော်လည်း မြေပြင်တွင် နိုင်ငံတကာကြက်ခြေနီ ကော်မတီ (ICRC) မှ လွဲပြီး မည်သည့် နိုင်ငံတကာ အဖွဲ့အစည်းကိုမျှ မတွေ့ရသေးကြောင်း ရပ်ရွာအခြေပြု ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ အရေးပေါ်ရိက္ခာ အများစုကို ပြည်တွင်းအဖွဲ့များကသာ ကြီးကြပ်နေသည်။

ဒီဇင်ဘာလ နှောင်းပိုင်း တိုက်ပွဲများ စတင်ချိန်မှစပြီး လူမှုအခြေပြုအဖွဲ့ ၄ ခုမှ ၅ ခုခန့်အထိသည် စစ်ဘေးရှောင်များကို ကူညီရန် ကြိုးစားနေကြောင်း ကျောက်တော်မှ စစ်တွေသို့ မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်တိုင်းရင်းသားကွန်ဂရက် (REC) ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုဇာနည်ဖြူ က ပြောသည်။ သို့သော် မြို့အထက်ပိုင်း လေးမြို့မြစ်ကြောင်းသို့ ဆန်အိတ်များပို့ခြင်းကို အာဏာပိုင်များက လတ်တလော တားမြစ်ထားကြောင်း ပြောသည်။

သူ၏ ရပ်ရွာအသိုင်းအဝန်းသည် အသက်မွေးဝမ်းကြောင်းအတွက် ကျောက်တော် တောတွင်းမှ ဝါးများကိုသာ မှီခိုနေရကြောင်း မြိုတိုင်ရင်းသားတဦးဖြစ်သူ ကိုဇာနည်ဖြူပြောသည်။ တိုက်ပွဲများစတင်ချိန်မှ စပြီး မည်သူမျှ တောတွင်းဝင်ရောက်ခွင့်မပေးသဖြင့် ဒေသခံများ ငွေကြေးအခက်အခဲဖြစ်နေသည်ဟု သူပြောသည်။ အမြောက်ဆံများ ကျရောက်သောကြောင့် ဒေသခံများ ထွက်ပြေးရကြောင်းလည်း သူပြောသည်။

“ကျနော်တို့ ရေရှည်စီမံကိန်း ချဖို့လိုတယ်။ ဒီလိုမှ မဟုတ်ရင် မိုးရာသီမှာ ဒီမှာ ရှိတဲ့လူထောင်နဲ့ချီ ဒုက္ခရောက်မယ်” ဟု ကိုဇာနည်ဖြူ ကပြောသည်။

နိုင်ငံခြားသားအချို့သည် စစ်ဘေးရှောင် များနှင့်ပတ်သက်ပြီး အချက်အလက်ကောက်ယူနေကြောင်းနှင့် တိုက်ပွဲဖြစ်ပွားနေသော နေရာများမှ လူသားချင်းစာနာမှု အခြေအနေများကို စုံစမ်းနေကြောင်း သူပြောသည်။ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များ၏ အခြေအနေကို စောင့်ကြည့်ရန်နှင့် အကူအညီပေးရန်လည်း သူတိုက်တွန်းသည်။

မြို့နယ်များစွာမှ ရခိုင်လူငယ်များသည် အလှုခံစခန်းများ ဖွင့်ခြင်း၊ ကားများဖြင့် လှည့်လည် အလှူခံခြင်း တို့ဖြင့် စစ်ဘေးရှောင်များကို ကူညီရန် ၎င်းတို့အစီအစဉ်ဖြင့်၎င်းတို့ အလှူငွေများကောက်ခံနေသည်။ အစိုးရက အင်အား ၃၀၀၀ မှ ၅၀၀၀ ရှိသော တပ်မတခုကို ရခိုင်မြောက်ပိုင်းသို့ ထပ်မံစေလွှတ်သောကြောင့် AA နှင့် အစိုးရတပ်များ၏ တိုက်ပွဲများ မကြာမီ ပိုမိုပြင်းထန်လာနိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်နေသည်။

( Moe Myint ၏ Concern Mounts for IDPs in Northern Rakhine as Army Blocks Aid Shipments ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: စစ်ဘေးရှောင်ရခိုင်အကူအညီ
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ကျနော်တို့က ဦးကိုနီအမှု ကြန့်ကြာတယ်လို့ မယူဆဘူး (ရုပ်/သံ)

ကျနော်တို့က ဦးကိုနီအမှု ကြန့်ကြာတယ်လို့ မယူဆဘူး (ရုပ်/သံ)

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ဘူးသီးတောင်မြို့နယ်အတွင်း ဝါးဖောင်ဖြင့် ချောင်းဖြတ်ကူးနေကြသော စစ်ပြေးဒုက္ခသည်များ / Tun Nay Aung

မြန်မာနိုင်ငံဆိုင်ရာ ကုလအကြီးအကဲ ရခိုင်တိုက်ပွဲများအတွက် စိုးရိမ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate