ဒီဇင်ဘာလ အစောပိုင်းမှ စတင်ဖြစ်ပွားနေသော တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲများကြောင့် လူ ၄၅၀၀၀ စစ်ဘေးရှောင်နေကြရသော နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြီးအကဲက ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
AA အဖွဲ့က ရဲစခန်းများကို တိုက်ခိုက်မှုကို မြန်မာအစိုးရခေါင်းဆောင်များ ဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၇ ရက်နေ့က တပ်မတော်အကြီးအကဲနှင့် ရှားရှားပါးပါးဆွေးနွေးခဲ့ပြီး AA အဖွဲ့ကို ခြေမှုန်းရန် အစိုးရက လက်နက်ကိုင်တပ်များကို တောင်းဆိုခဲ့သည်။
“ထိုအခြေအနေအတွက် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း” ပြောပြီး “ အရပ်သားများအားလုံးကို အကာအကွယ်ပေးရန်နှင့် လူ့အခွင့်အရေးကို လေးစားရန် လိုကြောင်း ဘက်အားလုံးကို တိုက်တွန်းကြောင်း” ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူ နတ် အော့စ်ဘီက ကြေညာချက်တခုတွင် ဖေါ်ပြသည်။
“အခြေအနေအတွက် ငြိမ်းချမ်းသော အဖြေရှာရန် အားထုတ်မှုများကို အရှိန်မြှင့်တင်ရန်နှင့် တိုက်ပွဲကြောင့် ထိခိုက်သောလူများ အားလုံး လူသားချင်း စာနာမှု အကူအညီများရရှိရေး ဘက်များအားလုံးကို မစ္စတာအော့စ်ဘီက ထပ်မံမေတ္တာရပ်ခံသည်” ဟု ကုလသမဂ္ဂက ထုတ်ပြန်သော ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။
AA သည် ဗုဒ္ဓဘာသာ ရခိုင်အများစုရှိသော ရခိုင်ပြည်နယ်တွင် ပိုမိုမြင်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုလားသည်။