• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်း တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ထက်ဝက်ခန့် လျော့ကျဟု ဆို

by ဆလိုင်းသန့်စင်
16 January 2019
in သတင်း
A A
သလပ်ခွာ သစ်တောကြိုးဝိုင်းအတွင်း လက်လုပ် ဆင်ပစ် သေနတ်၊ ဆက်စပ်ပစ္စည်း များနှင့် အတူ ဖမ်းဆီးမိခဲ့သည့် ဆင်သတ်မုဆိုး ၃ ဦးအား တွေ့ရစဉ်  / သလပ်ခွာ နယ်မြေရဲစခန်း

သလပ်ခွာ သစ်တောကြိုးဝိုင်းအတွင်း လက်လုပ် ဆင်ပစ် သေနတ်၊ ဆက်စပ်ပစ္စည်း များနှင့် အတူ ဖမ်းဆီးမိခဲ့သည့် ဆင်သတ်မုဆိုး ၃ ဦးအား တွေ့ရစဉ် / သလပ်ခွာ နယ်မြေရဲစခန်း

7.1k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီးတွင် ၂၀၁၈ ခုနှစ် အတွင်း တောဆင်ရိုင်း သတ်ဖြတ်မှု ၈ မှု ဖြစ်ပွားခဲ့ပြီး ယင်းပမာဏမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဆင်သတ်မှုများ၏ ထက်ဝက်ခန့် လျော့နည်း ကျဆင်းခဲ့ကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“တောဆင်ရိုင်း သတ်ဖြတ်ခံရမှု အနေအထား ကတော့ ၂၀၁၇ ခုနှစ်တုန်းက တောဆင်ရိုင်း ၁၆ ကောင် သတ်ဖြတ်ခံ ခဲ့ရတယ်။ ၂၀၁၈ ခုနှစ် အတွင်းမှာ တော့ ဆင်သတ် မုဆိုးတွေ လက်ချက်နဲ့ တောဆင်ရိုင်း ၈ ကောင် သတ်ဖြတ် ခံခဲ့ရတယ်။ အရေအတွက် အားဖြင့် ဆင် သတ်ခံရမှုဟာ ၂၀၁၇ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေထက် ထက်ဝက် လျော့နည်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
99
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
87
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
914

ဧရာဝတီတိုင်းတွင် ၂၀၁၇ ခုနှစ် အတွင်း သတ်ဖြတ်ခံခဲ့ရသည့် တောဆင်ရိုင်း ၁၆ ကောင် အနက် ပုသိမ်မြို့နယ်တွင် ၈ ကောင်၊ ငပုတောမြို့နယ်တွင် ၅ ကောင်နှင့် သာပေါင်း မြို့နယ်တွင် ၃ ကောင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် တောဆင်ရိုင်း ၈ ကောင် အသတ်ခံခဲ့ရပြီး ဒေသ အလိုက် စာရင်းအရ ပုသိမ်မြို့နယ်တွင် တောဆင် ရိုင်း ၃ ကောင်၊ သာပေါင်းမြို့နယ်တွင် ၃ ကောင်နှင့် ငပုတော မြို့နယ်တွင် ၂ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

တောရိုင်း တိရစ္ဆာန်ဈေးကွက် အတွင်း ဝယ်လိုအား ကောင်းနေသည့် အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ်၊ သာပေါင်းနှင့် ငပုတော မြို့နယ်များရှိ သစ်တော ကြိုးဝိုင်းများ အတွင်း ကျင်လည် ကျက်စားသည့် တောဆင် ရိုင်း များကို မကွေးတိုင်း မင်းဘူး၊ ငဖဲ၊ စေတုတ္တရာနှင့် မင်းတုန်း စသည့် ဒေသများမှ ဆင်သတ်မုဆိုးများက ၂၀၁၁ ခုနှစ်မှ စတင်၍ လာရောက် ပစ်ခတ် သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆင်သတ်မှုများ တနှစ်ထက် တနှစ် ပိုမို များပြားလာနေသည့် အတွက် ပြည်ထောင်စု အစိုးရ၊ ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ထိမ်းသိမ်းရေး အဖွဲ့ (WWF)၊ မြန်မာနိုင်ငံ ဆင်ချစ်သူများ အဖွဲ့ (FOW)၊ အရေးပေါ်ကွန်ဂျီဆင်မောင်း အဖွဲ့ (EERU)၊ သစ်တော ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ်တို့တွင် တောဆင်ရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ခဲ့သည့် အတွက် ဆင်သတ်မှုများ လျော့ကျခဲ့ခြင်း ဖြစ် ကြောင်း FOW က ပြောပြသည်။

FOW အဖွဲ့၏ ဧရာဝတီတိုင်း တာဝန်ခံ ကိုစိုင်းဇော်ဦးက“လက်ရှိမှာ ပူးပေါင်း အဖွဲ့တွေနဲ့ အတူ ကျနော်တို့တွေ တောထဲ မှာ ကင်းလှည့်တယ်။ ဆင်သတ် မုဆိုးတွေ တွေ့ရင် သတင်း ပေးကြဖို့နဲ့ သတင်းပေးရင် ဆုချီးမြှင့်မယ် ဆိုပြီးတော့ ရွာ က လူတွေရော၊ တောထဲက သစ်ခုတ်၊ မီးသွေးဖုတ်တဲ့ လူတွေကိုပါ စည်းရုံးတယ်။ ဒီလိုတွေ ဆောင်ရွက်တဲ့ အတွက် ဆင်သတ် မုဆိုးတွေ အရင်လို ဆင်ပစ်ဖို့ လှုပ်ရှားခွင့် နည်းသွားတယ်။ ဒါကြောင့် ဆင်သတ်ခံရမှုတွေ သိသိသာသာ လျော့ကျခဲ့တာ ဖြစ်တယ်”ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းရှိ တောဆင်ရိုင်းများ ကာကွယ် စောင့်ရှောက်ရန် အတွက် သစ်တော ရဲတပ်ဖွဲ့ အခြေစိုက် စခန်း များကို ပုသိမ်မြို့နယ်တွင် ရှောပြာရွာနှင့် သစ်တိုပင် ကျေးရွာတို့တွင် လည်းကောင်း၊ ငပုတော မြို့နယ်တွင် တင်းချောင်း ကျေးရွာ၊ တောကြီးခွရွာနှင့် ဒီပါကွက်သစ် ကျေးရွာတို့တွင်လည်းကောင်း၊ သာပေါင်းမြို့နယ်၊ လှေကြီး တက် ကျေးရွာတွင် လည်းကောင်း၊ စုစုပေါင်း စခန်း ၆ ခု ဖွင့်လှစ် ထားရှိကြောင်း သိရသည်။

ဆင်သတ်မှုများ လျော့ကျခဲ့သည့်အပေါ် ကြိုဆိုသော်လည်း ဆင်သတ်မှုများ အပြီးတိုင် ပပျောက်စေရန် အတွက် တိုင်း အစိုးရ အနေဖြင့် တောအတွင်း ကင်းလှည့်မှုများ ပုံမှန် ဆောင်ရွက်နိုင်ရေးနှင့် ဖမ်းဆီးရမိသည့် ဆင်သတ်ဂိုဏ်း အဖွဲ့ဝင်များကို ထိရောက်သည့် ပြစ်ဒဏ်များ မြန်ဆန်စွာ ချမှတ်နိုင်ရန် အရေးကြီးကြောင်း ကိုစိုင်းဇော်ဦးက ဆိုသည်။

“ဆင်သတ်မှုတွေ ပပျောက်ဖို့ဆိုရင် အစိုးရ အနေနဲ့ ကင်းလှည့်တဲ့ လုပ်ငန်းစဉ်ရော၊ ဖမ်းမိ တရားခံတွေကို တရားရုံး တွေမှာ ထိရောက်တဲ့ ပြစ်ဒဏ်တွေ မြန်ဆန်စွာ ချမှတ်ဖို့ လိုတယ်။ ဆင်သတ်မှု ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ် လို့ရတဲ့ ပြစ် မှုတွေ ဖြစ်ပေမယ့် တကယ်တမ်း တွေ့နေရတာက ပြစ်ဒဏ် ၁ နှစ်၊ ၂ နှစ်လောက်ပဲ ချမှတ်တာတွေ ရှိနေ တယ်။ အဲဒီတော့ ဆင်သတ်မုဆိုးတွေက ငါတို့ကို ဖမ်းမိလည်း ဒီထောင်ဒဏ် လောက်တော့ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အတွေးမျိုးနဲ့ ဥပဒေကို မကြောက်ဘဲ ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်နေမှာပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆင်သတ် မုဆိုးများမှာ ဒေသခံများကို တောဆင်ရိုင်း ပစ်နည်းများ သင်ကြားပေးကာ ၎င်းတို့ ကိုယ်တိုင် လည်း ဆင်ပစ်သလို ဒေသခံများ ပစ်ခတ် သတ်ဖြတ်ရာမှ ရရှိလာသည့် ဆင် အရေပြား၊ အမြီးနှင့် ဆင်အသားများကို လည်း တဆင့် ပြန်လည် ဝယ်ယူသည့် အနေအထားများ ဖြစ်ပေါ်နေကြောင်း တောဆင်ရိုင်း ထိမ်းသိမ်းရေး သူရဲကောင်း ဆုရှင် ငပုတောမြို့နယ်၊ တင်းချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံး စာရင်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ၇ နှစ်တာ ကာလ အတွင်း ဆင်သတ် မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် ဧရာဝတီတိုင်း၌ တောဆင်ရိုင်း ၅၉ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ ပြုစုထားသည့် စာရင်းများ အရ တနိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလ အထိ ၄ နှစ်ကျော် ကာလ အတွင်း နိုင်ငံတဝန်းရှိ သစ်တောကြိုးဝိုင်းများ အတွင်း ကျင်လည် ကျက်စားနေသည့် တောဆင်ရိုင်း ၁၁၅ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

Your Thoughts …
Tags: တောဆင်ရိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

--

၀င်္ဂဘော် ဆင်စခန်းမှ မိဘမဲ့ ဆင်ကလေးများ

by အောင်ကျော်ထက်
24 August 2019
6.7k

မိဘမဲ့ဆင်လေးများ အဖြစ်သတ်မှတ်ထားသောအကြောင်းမှာ မိဘနှင့်ကွဲကွာပြီး လမ်းပျောက်ကျန်နေခဲ့သည့်ဆင်ငယ်လေးများ၊ ဆင်မုဆိုးများ၏လက်ချက်ဖြစ် မိဘများသေဆုံးသွားသဖြစ် ခေါ်ယူထိန်းသိမ်းထားသောဆင်ငယ်များ၊ ကျော့ကွင်းမိပြီး မိမိအုပ်စုတွင် ကျန်ရစ်ကာ ဒဏ်ရာများဖြင့် ဆင်စခန်းသို့ ရောက်ရှိလာသော ဆင်ငယ်လေးများကို မိဘမဲ့ ဆင်ငယ်လေးများဖြစ်သတ်မှတ်ပြီး ဆင်စခန်းမှာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

သစ်တောရဲတပ်ဖွဲ့ ဦးဆောင်သည့် စစ်ကြောင်းဖြင့် ဖမ်းဆီးခဲ့သည့် ဆင်သတ်ဂိုဏ်းအဖွဲ့ဝင် တဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ တွေ့ရစဉ် / ဧရာဝတီ

အရေခွံ ဆုတ်ခံနေရသည့် တောဆင်များ (၁)

by ဆလိုင်းသန့်စင်
7 August 2016
3.2k

“ဆင်သတ်ခံရတဲ့ အချိန်တွေက နွေရာသီ ရေခမ်းချိန်၊ အစာရေစာ ရှားပါးချိန်မှာ ဆင်တွေက စားကျက်အသစ် လိုက်ရှာတယ်၊ အစာရှိတဲ့ နေရာတွေကို ပြောင်းလာကြတယ်၊ အဲဒီမှာ ဆင်ပစ်မုဆိုးတွေက ခြေရာခံပြီး သတ်ဖြတ်ကြတာ”

ငပုတောမြို့နယ်၊ မြစ်တရာသစ်တောကြိုးဝိုင်းအတွင်း ဖမ်းဆီးရမိသည့် ဆင်သတ်မုဆိုးအဖွဲ့  / ဧရာဝတီ

ဆင်ပစ်မုဆိုးအဖွဲ့ ငပုတော သစ်တောရဲ ဖမ်းဆီး

by ဆလိုင်းသန့်စင်
11 March 2018
17.8k

ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စုရှိ မြစ်တရာကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုးများ ရောက်ရှိနေကြောင်း သတင်းရ သည့်အတွက် သစ်တောရဲတပ်ဖွဲ့၊ ငရုတ်ကောင်းနယ်မြေ ရဲတပ်ဖွဲ့၊ သစ်တောဌာန၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးး၊ ဆင်ချစ်သူများအဖွဲ့နှင့် EERU ဆင်ဖမ်းအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ဆင်ပစ်မုဆိုး...

ရဲတပ်ဖွဲ့က ဆင်မုဆိုးလို့ ယူဆထားသူတစ်ဦးရဲ့ ဓာတ်ပုံကို ပြသနေတဲ့ ချောင်းစောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး / ထက်ခေါင်လင်း / Myanmar Now

တောဆင်ရိုင်း သတ်ဖြတ်ကုန်သွယ်မှု နောက်ကွယ်မှာ

by ထက်ခေါင်လင်း
18 February 2017
11.1k

တောဆင်ရိုင်းသတ်ဖြတ်မှုဖြစ်စဉ်တွေမှာ လွတ်မြောက်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ သစ်တောဦးစီးဌာနရဲ့ အင်အားတခုတည်းနဲ့ မလုံလောက်

တောဆင်ရိုင်းများ မောင်းနှင်သည့် အရေးပေါ်ကွန်ဂျီဆင်အဖွဲ့

ငပုတောမြို့နယ်တွင် တောဆင်ရိုင်းများ ရွာထဲဝင်သဖြင့် ဒေသခံများ ထိတ်လန့်

by ဆလိုင်းသန့်စင်
17 September 2019
8.7k

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သစ်ရောင်းကျေးရွာအုပ်စုနှင့် တင်းချောင်း ကျေးရွာအုပ်စုအတွင်း တောဆင် ရိုင်းများ ဝင်ရောက်ကာ နေအိမ်များ ဖျက်ဆီးခြင်း၊ စိုက်ပျိုးသီးနှံများ ဝင်ရောက် စားသောက်ခြင်းများ ဖြစ်ပွားနေသည့် အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ် မြစ်တရာကြိုးဝိုင်းအတွင်း သတ်ဖြတ်ခံရသည့် တောဆင်ရိုင်း / ဧရာဝတီ

ငပုတောမြို့နယ်တွင် တောဆင်ရိုင်း တကောင် သတ်ခံရပြန်

by ဆလိုင်းသန့်စင်
11 September 2019
13.9k

တောဆင်ရိုင်းအသေတကောင် တွေ့ကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သစ်တောရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်း တို့ပါဝင်သောပူပေါင်းအဖွဲ့နှင့် မြစ်တစ်ရာ ကြိုးဝိုင်း အတွင်း ရှာဖွေခဲ့ရာ ထန်းတပင် ကျေးရွာ အနောက်ဘက် ၅ မိုင်ခန့်အကွာ...

Next Post
မြစ်ဆုံ စီမံကိန်း အပေါ် အမြင် သဘောထားများ

မြစ်ဆုံ စီမံကိန်း အပေါ် အမြင် သဘောထားများ

နှစ်ဘက်တိုက်ပွဲများကြောင့် ဝါးတောင် စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံနေကြသည့် ကျောက်တော်ဒေသခံများ  / ကျော်ခ / ဧရာဝတီ

ရခိုင်ဒုက္ခသည်များကို ငဲ့ညှာ၍ စစ်ပွဲရပ်ပြီး စားပွဲဝိုင်းတွင်ဆွေးနွေးရန် တောင်းဆို

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate