သတင်း

မယ့်လိမ့်လုံအမှု၌ လိင်တူချင်း အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသူကို လွှတ်ပေးသင့်/မသင့် အမိန့်ချမည်

Want create site? Find Free WordPress Themes and plugins.

ဓမ္မတာနှင့်ဆန့်ကျင်သည့်ပြုကျင့်မှုဖြင့် တရားရင်ဆိုင်နေရသည့် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အောင်မျိုး ထွဋ် (ခ) အက်ဒီအား စွဲချက်မတင်မီလွှတ်ပေးရန် လျောက်ထားမှုကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ဖေ ဖော်ဝါရီ ၆ ရက်နေ့ရုံးချိန်း၌ အမိန့်ချမည်ဖြစ်ကြောင်းသိရသည်။

HIV ဝေဒနာရှင်တဦးဖြစ်သည့် အက်ဒီအနေဖြင့် ဆိုင်ဝန်ထမ်းအမျိုးသားအား ဓမ္မတာနှင့်ဆန့်ကျင်သည့်ပြုကျင့်မှု များလုပ်ဆောင် ခဲ့သည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့်တရား ရင်ဆိုင်နေရခြင်းဖြစ်ပြီး ခရိုင်ရုံးသို့ အာမခံရရှိရေး လျောက်ထားမှုမှာလည်း ပယ်ချခံထားရသည်။

တရားလိုရှေ့နေ ဦးနိုင်လင်းမြင့် က “ခရိုင်ကအမှုတွဲက အခုမှပြန်ရောက်လို့ ဒီနေ့အမိန့်မချနိုင်ခဲ့ဘူး၊ သူတို့က ရာဇဝတ်ကျင့်ထုံး ဥပဒေ ၂၅၃ (၂) နဲ့ လျောက်ထားတာကို အမိန့်ချမှာပါ” ဟု ရှင်းပြသည်။

အမှုနှင့်ပတ်သက်ပြီး ပြုကျင့်ခံရသည်ဟုဆိုသူအပါအဝင် တရားလိုပြသက်သေး ၁၀ ဦးလုံးအား စစ်ဆေးပြီးစီးပြီ  ဖြစ်သည်။

ဆိုင်ဝန်ထမ်းဟောင်း တဦးဖြစ်ပြီး တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် ကိုအောင်ဘိုဘိုထွန်း ကလည်း ၎င်းကိုယ်တိုင် အက်ဒီ၏ ဓမ္မတာနှင့် ဆန့်ကျင်သည့် ပြုကျင့်ခံရဖူးကြောင်း တရားခွင်အတွင်း ထွက်ဆိုထားသည်။

ယင်းသို့ စွပ်စွဲမှုများနှင့် ပတ်သက်၍ အက်ဒီက ငြင်းဆိုထားပြီး “ ထွက်ဆိုချက်တွေက သက်သေတဦးနှင့် တဦး ကွဲလွဲသလို တချို့အချက်တွေကျ မတူ၊ တူအောင် ကြိုတင်တိုင်ပင်ထားတာ ပေါ်လွင်နေတယ်၊ အချိန်တန်ရင် အမှန်တရားက ပေါ်မှာပါ”ဟု ဧရာဝတီသို့ ပြောထားသည်။

တရားလို၏ ပြောကြားချက်အရ ပြုကျင့်မှုမှာ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့ကဖြစ်ပွားခဲ့သော်လည်း ၉ ရက်နေ့မှ သာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းအတွက် တိုင်ကြားသူအား  ဆေးစစ်ချက် များရယူရန် နာရီ ၃၀ ကျော် ကွာခြားခဲ့သည်။

တရားရုံး တင်ပြထားသည့် ဆေးစစ်ချက်တွင် တရားလို၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာနှင့် စအိုတွင် လတ်တ လော ဒဏ်ရာ မတွေ့ရကြောင်း ဖော်ပြထားသော်လည်း လတ်တလောစအိုအား  ပြုကျင့်ထားခြင်းရှိမရှိ ကို ဆေးပညာအနေဖြင့် ထင်မြင်ချက် အတိအကျ မပေးနိုင်ကြောင်း ဆိုထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းမြင့်က ” သုတ်ပိုးမတွေ့တာတို့၊ ဒဏ်ရာမတွေ့တာတို့ဆိုတာက အမှုကို ပျက်ယွင်စေနိုင်တာမရှိပါဘူး၊ ဆေးစစ်ချိန်ကလဲ ၂ ရက်လောက်ခြားသွားတာကိုး” ဟု ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိ အလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ဆက်စပ်ဖတ်ရှုရန် – 

မယ့်လိမ့်လုံဆိုင်ရှင်အမှု တရားလိုရှေ့နေများကို ပါဝါပြန်ရုပ်

မယ့်လိမ့်လုံ ဆိုင်ရှင်ရဲ့ ပြုကျင့်မှု ခံရဖူးဟု တရားလို သက်သေ ထွက်ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading