အသက် ၈ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံကို ပြစ်မှုကျုးလွန်းပြီး တလကျော် အကြာ ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ် ရပ်စောက်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ပြင်စာနယ်မြေရဲစခန်းမှ သိရသည်။
ပြင်စာ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ် က “ဖမ်းမိတာက ဟုတ်ပါတယ်၊ လောလောဆယ်တော့ တရားခံကို သွားမခေါ်ရသေးတဲ့ အတွက် အသေးစိတ်တော့ မစိစစ်ရ သေးပါဘူး၊ တရားခံကို လွှဲပြောင်းခေါ်ယူဖို့ ကျနော်တို့ သွားနေပါတယ်”ဟု ပြောသည်။
အသက် ၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သူမှာ မဟာအောင်မြေမြိ့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ရွေဂဲပွားရပ်ကွက်နေ သီဟနိုင် (ခ) အငယ်လေး အသက် (၂၉) နှစ်၊ (ဘ) ဦးကျော်သူအောင်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ရပ်စောက်မြို့တွင် ပုန်းခိုနေကြောင်း သတင်းအရ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ ရပ်တော်မူ ဘုရားဝင်း အနီးတွင် ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။
တရားခံ သီဟနိုင် (ခ) အငယ်လေးသည် ပုဂံ ၊ မကွေး ၊ ချောက်မြို့များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဆိုင်ကယ်ခိုးမှုများကို လည်း ကျုးလွန်းခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးခရိုင်ရဲ တပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှူးကြီးမျိုးအောင် က “မုဒိမ်းမှုကျုးလွန်တဲ့ တရားခံကို ရပ်စောက်မြို့မှာ မနေ့ညပိုင်းက ဖမ်းမိခဲ့တာ၊ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့က သူ့ရဲ့ သတင်းတွေကို အခိုင်အမာရရှိအောင် အတည်ပြုရယူပြီးမှ သွားဖမ်းခဲ့တာပါ၊ ဒီကောင်က တိမ်းရှောင်နေစဉ် ကာလအတွင်းမှာတောင် ခိုးမှုတွေ ကျုးလွန်ထားတယ် ဆိုတာသိရတယ်၊ ဆိုင်ကယ်တွေကို အများဆုံး ခိုးယူခဲ့တာပေါ့” ဟု ပြောသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၂) အသက် (၈) နှစ်အရွယ် မိန်းကလေးသည် နေအိမ်မှ စက်ဘီးဖြင့် ထွက်သွားပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့်လိုက်လံ ရှာဖွေခဲ့ရာ ၄၇ လမ်း နှင့် ၄၈ လမ်းကြား ၊ တပင်ရွှေထီးလမ်း နှင့် မက္ခရာလမ်းကြားတွင် အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ခေါ် သွားကြောင်း CCTV မှတ်တမ်းများအရ သိရသဖြင့် စက်မှုနယ်မြေရဲစခန်းတွင် လူပျောက် အမှုဖွင့်တိုင်တန်းခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး၊ ရတနာပုံ နည်းပညာ တက္ကသိုလ်ဝင်းတွင် ဒဏ်ရာများဖြင့် တွေ့ရှိရပြီး ခေါ်ဆောင်သွားသူ သီဟနိုင် (ခ) အငယ်လေးက သားမယား အဖြစ်ပြုကျင့်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
မုဒိမ်းပြုကျင့်ခြင်း ခံခဲ့ရသည့် အသက် (၈) နှစ်အရွယ် မိန်းကလေးအား ဒီဇင်ဘာ ၁၅ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ရာတွင် အဝတ်ဗလာဖြင့် သတိလစ်မေ့မြောနေပြီး အဓမ္မပြုကျင့်ခံရသည့် လက္ခဏာနှင့်ရိုက်နှက်ထားသည့်ဒဏ်ရာများတွေ့ရှိခဲ့ရ ခြင်းကြောင့် ပြင်ဦးလွင်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
မုဒိမ်းမှုကျူးလွန်သူ သီဟာနိုင် (ခ) အငယ်လေးအား ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းတွင် (ပ) ၁၈၂/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃၊ ၃၇၆၊ ၃၆၆၊ ၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်
မန္တလေးမြို့ခံ စာရေးဆရာမ ယဉ်ယဉ်နု (မန္တလေး) က “မိပြီဆိုတာ သိရလို့ သက်ဆိုင်ရာရဲတပ်ဖွဲ့အသီးသီးကို ကျေးဇူးတင်ပါတယ်၊ အခုလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ မုဒိမ်းပြု ကျင့်ခံရနေရတဲ့သတင်းတွေ မကြာခဏကြားနေရတော့ ကျမတို့ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီးလေးတွေကို အရင်ကထက် ပိုပြီး ဂရုစိုက်သင့်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။