သတင်း

အစွန်းရောက် တရားဟောဆရာ ပြန်လွှတ်ပေးရေး အင်ဒိုနီးရှားသုံးသပ်

Want create site? Find Free WordPress Themes and plugins.

၂၀၀၂ ခုနှစ် ဘာလီကျွန်း ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သော အစွန်းရောက် မွတ်စလင် တရားဟောဆရာကို စောစီးစွာ ပြန်လွှတ်ပေးရန် အစီအစဉ်ကို ဝေဖန်မှုများရှိသောကြောင့် ထိုအစီအစဉ်ကို အင်ဒိုနီးရှားအစိုးရက ပြန်လည် သုံးသပ်နေသည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဘာရှီးယားကို အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအရ လူသားချင်း စာနာသောအားဖြင့် စောစီးစွာ ပြန်လည်လွှတ်ပေးမည်ဟု သမ္မတ ဂျိုကို ဝီဒိုဒိုက လွန်ခဲ့သော ၂ ပတ်ကပြောကြားခဲ့သည်။ ဝီဒိုဒို၏ ဥပဒေအကြံပေးတဦးက ထိုမွတ်စလင် ဘုန်းတော်ကြီးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခြွင်းချက်မရှိ လွှတ်ပေးရေးကို အစိုးရက သုံးသပ်နေကြောင်း အရေးပါသော လုံခြုံရေးဝန်ကြီး ဝီရန်တိုက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြောသည်။

“ထိုတောင်းဆိုမှုကို တုံ့ပြန်ရန် ပိုမိုကျယ်ပြန့်နက်ရှိုင်းသော လေ့လာမှုများလုပ်ရန် သမ္မတက သက်ဆိုင်ရာအရာရှိများကို ညွှန်ကြားထားသည်” ဟု အထက်ပါ ဝန်ကြီး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များသည် ပြစ်ဒဏ်ကျ အကျဉ်းသားတိုင်း သစ္စာခံရန် လိုအပ်သော လောကီနိုင်ငံတော် အတွေးအခေါ်ဖြစ်သည့် ပန်ကက်စီလာ ကဲ့သို့သော အကြောင်းအရာများကို ထည့်သွင်း ချိန်ဆ တွက်ချက်နေကြသည်။ သို့သော် ဘာရှီးယားသည် ထို အတွေးအခေါ်ကို သစ္စာခံရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင်မူ သမ္မတက ဘာရှီးယားအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံတော် အတွေးအခေါ်ကို လက်ခံမှသာ ထောင်မှ လွှတ်ပေးမည်ဟု ပြန်လည်ပြင်ဆင် ပြောကြားခဲ့ရသည်။

ဂျမား အစ္စလမ်မီးယား အမည်ရှိ အစ္စလမ်မစ်အုပ်စု၏ ဘာသာရေးခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော ဘာရှီးယားကို ဆူမတြားကျွန်းရှိ အာချေးပြည်နယ်တွင် စစ်သွေးကြွ သင်တန်းကျောင်း ထူထောင်ခြင်းနှင့် ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ထောင် ၁၅ နှစ် ချမှတ်ခဲ့သည်။

ဘာရှီးယားကို လူ ၂၀၀ ကျော်သေဆုံးစေသည့် ဘာလီကျွန်း ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ်သည်ဟု စွပ်စွဲသော်လည်း သူ့ကို ထိုအမှုတွင် ထောင်ချမှတ်ခြင်းမရှိပေ။ သေဆုံးသူ အများအပြားမှာ သြစတြေးလျှ နိုင်ငံသားများဖြစ်ပြီး သြစတြေးလျှ အစိုးရက ဘာရှီးယား ပြစ်ဒဏ် သက်သာခွင့်ရခြင်းကို ပြစ်တင်ဝေဖန်သည်။

“အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအရ အဘူ ဘာကာ ဘာရှီးယားအနေနဲ့ ဘယ်လိုနည်းနဲ့ ဘာကိုမှ လှုံ့ဆော် သြဇာမလွှမ်းနိုင်အောင် လုပ်ဖို့လိုတယ် ကျနော်တို့ ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် စကော့ မောရစ်ဆန်က ကွင်းစလန်အရှေ့မြောက်ပိုင်းရှိ ကင်းစ်တွင် သတင်းထောက်များကို ပြောသည်။

ဘာလီကျွန်း တိုက်ခိုက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အဆင့်မြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော Densus 88 ကို တည်ထောင်ခဲ့ရပြီး ထိုတပ်ဖွဲ့သည် သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စု ထံမှ ငွေကြေးထောက်ပံ့မှုနှင့် လေ့ကျင့်သင်တန်းပေးမှုများ ရယူသည်။

ဘာရှီးယားကို စောစီးစွာပြန်လွှတ်ပေးရေးကို အတိုက်အခံ ဂျာရင်ဒရာ ပါတီကလည်း ဝေဖန်ပြီး ထိုသို့လုပ်ခြင်းမှာ အစ္စလမ်မစ် မဲရရှိရေးအတွက် ပြုုလုပ်သည့် နိုင်ငံရေးလှည့်ကွက်ဖြစ်သည်ဟု ပါတီ အဆင့်မြင့်အရာရှိတဦးက ပြောကြောင်း သတင်းများတွင် ဖော်ပြသည်။

ဂျကာတာပို့စ် သတင်းစာက ဝီဒိုဒို၏ ဆုံးဖြတ်ချက်သည် အချိန်ကာလနှင့် ကိုက်ညီမှုမရှိ၊ ဥပဒေအရ အပြစ်အနာအဆာ မကင်းဘဲ အသိကင်းမဲ့သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ရေးသားသည်။

ကိုးကား ။ ။ Reuters, Nikkei Asian Review

Did you find apk for android? You can find new Free Android Games and apps.
Loading