• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အချို့ကို တပ်မတော် သတိပေး

by နန်းလွင်နှင်းပွင့်
25 January 2019
in သတင်း
A A
၂၀၁၈ ခုနှစ် ကပြုလုပ်ခဲ့သော ၂၁ ရာစုပင်လုံသို့တက်ရောက်ခဲ့ကြသော တပ်မတော် အရာရှိများ  / မျိုးမင်းစိုး / ဧရာဝတီ

၂၀၁၈ ခုနှစ် ကပြုလုပ်ခဲ့သော ၂၁ ရာစုပင်လုံသို့တက်ရောက်ခဲ့ကြသော တပ်မတော် အရာရှိများ / မျိုးမင်းစိုး / ဧရာဝတီ

42k
VIEWS
Share on FacebookShare on Twitter

တပ်မတော်၏ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ကြေငြာချက်ပါ အချက်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ချိုးဖောက်နေသဖြင့် လိုက်နာရန် သတိပေးကြောင်း စာတစောင်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

တပ်မတော်မှ အပစ်ရပ်ဆိုင်းသည်ဟု ကြေငြာထားသည့် ၄ လထဲတွင် ပါဝင်သည့်  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ၁၆၈ ကြိမ် နယ်မြေကျော်လှုပ်ရှားပြီး ၁၀ ကြိမ် ဆက်ကြေးကောက်၊ အကြိမ် ၂၀ လူသစ်စုဆောင်းကာ တပ်မတော်က ကားမိုင်း ၂ ကြိမ် ထိသည့်အပြင် ၁၀ ကြိမ် ချောင်းပစ်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
44
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
127
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
99

ထိုကဲ့သို့ လုပ်ဆောင်သည့် အဖွဲ့များမှာ အပစ်ရပ်စာချုပ် မချုပ်ရသေးသည့် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည် တိုးတတ်ရေးပါတီ (SSPP/SSA) ၊ အပစ်ရပ်စာချုပ် ချုပ်ထား သည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့ ဖြစ်သည်ဟု သိရသည်။

တပ်မတော်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ ကျူးကျော်မှု ၆၅ ကြိမ် ရှိသည်ဟု စွပ်စွဲထားချက်နှင့် ပတ်သတ်၍ TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “ကျနော်တို့က နယ်မြေပိုင်းခြားမှုမှ မရှိသေးဘဲ ဘယ်မှာဖြစ်ဖြစ် ကျနော်တို့ လှုပ်ရှားတဲ့ နေရာပဲ လှုပ်ရှားပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်၊ အင်တာဗျူးတွင် ဗိုလ်မှူး မိုင်းအိုက်ကျော်က အပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း TNLA လှုပ်ရှားသည့် မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့အတွင်း တပ်မတော်က စခန်းငယ် ၁၂ ခုခန့် လာတိုးချဲ့ ဆောက်လုပ်ထားကြောင်း ပြောဆိုထားသည်။

KIA နှင့် တပ်မတော်တို့ အကြား အပစ်ရပ်ထားသည့် ကာလအတွင်း ပစ်ခတ်မှုများ မဖြစ်သော်လည်း KIA က လူသစ်များ စုဆောင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်း နယ်မြေကျော်ကာ ၁၀ ကြိမ် သွားလာ လှုပ်ရှားသည်ဟု တပ်မတော်က ဆိုထားသည်။

ကချင်ပြည်နယ်တွင်း လူသစ်စုဆောင်းနေမှုများနှင့် ပတ်သတ်၍ KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက လူစုသည်မှာ ၎င်းတို့ အဖွဲ့ မဖြစ်နိုင်ကြောင်း၊ အတည်မပြုနိုင်ကြောင်း ဧရာဝတီကို ပြောသည်။

ဧရာဝတီမှ ရရှိထားသည့် သတင်းအချက်အလက်များအရ KIA သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း တနိုင်းမြို့နယ်အပြင် ဝိုင်းမော်မြို့နယ်၊  မြစ်ကြီးနားမြို့နယ်တို့မှလည်း ကချင်လူငယ် ၁၀ ဦးကျော်ကို စစ်သင်တန်းတတ်ပြီး စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ပါ ပုဒ်မ ၃ ချက်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု တပ်မတော်က ဆိုထားသည်။

အဆိုပါ ပုဒ်မ ၃ ချက်ပါ အချက်များမှာ ပဏာမအပစ်ရပ်စာချုပ် ရှိသူများက စာချုပ်အတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် လက်နက်ကိုင်တပ်ဖွ့ဲများက တည်ဆဲဥပဒေများကို လိုက်နာရန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း မတိုက်ခိုက်ရန်၊ ဒေသခံများအပေါ် အနိုင်မကျင့်ရန်၊ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား လမ်းပန်းဆက်သွယ်ရေးနှင့် လူထု အသက်အိုးအိမ်စည်းစိမ်တို့ ထိခိုက်မှု မဖြစ်စေရန် တာဝန်ယူရမည်ဟူသည်တို့ဖြစ်သည်။

ပုဒ်မများကို ချိုးဖောက်ခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေသည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည် တိုးတတ်ရေးပါတီ (SSPP/SSA) ၊ တအန်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ အကြား တိုက်ပွဲ ဖြစ်ပွားမှု ၁၀ ကြိမ် ဖြစ်ထားသည်။

NCA ထိုးထားသည့် RCSS က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ထဲတွင် တပ်မတော်ကို တကြိမ် ချောင်းပစ်ပြီး KNU/KNLA တပ်မဟာ (၅) က ဖာပွန်မြို့နယ်တွင်း ၉ ကြိမ် ပစ်ခတ်ခဲ့သည်ဟု တပ်မတော်က  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင်း KNU/KNLA တပ်မဟာ (၅) လှုပ်ရှားသည့် နယ်မြေတွင်း တပ်မတော်ဘက် မှ သဘောတူညီမှု မရရှိဘဲ ဝင်ရောက် လမ်းဖောက်သဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လမှစ၍ မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သတ်၍ ဧရာဝတီမှ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သေ်ာလည်း မရသဖြင့် သီးခြားမှတ်ချက်များ ရယူနိုင်ခြင်း မရှိပါ။

တပ်မတော်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA)  အဆင့်ဆင့် မချုပ်ဆိုရသေးသည့် KIA၊ TNLA ၊ MNDAA နှင့် ရက္ခိုင့်တပ်မတော် (AA) ၊ NCA မထိုးရသေးသည့် SSPP ၊ ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့ကို စာချုပ်များ ရေးထိုးရေး ညှိနှိုင်းရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်ထိ အပစ်ရက်ဆိုင်းကြောင်း ကြေငြာထားသည်။

သို့သော် အပစ်ရပ်ဆိုင်းထားသည့် ကာလ ၁ လဝန်းကျင်အတွင်း KIA ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးသော်လည်း TNLA ၊ MNDAA နှင့် AA တို့ကို တွေ့ဆုံခြင်း မရှိသေးပါ။

AA သည်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ အတွင်း တပ်မတော်နှင့် စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။

တပ်မတော်နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ် ချုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပဏာမနယ်မြေ သတ်မှတ်ချက်များ ရှိသော်လည်း အပစ်ရပ်စာချုပ် ချုပ်ထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် နယ်မြေခွဲခြမ်းသတ်မှတ်ထားခြင်းများ မရှိပါ။

Your Thoughts …
Tags: တပ်မတော်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံသတိပေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.2k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
ကချင်ပြည်နယ် မိုင်ဂျာယန် ညီလာခံတွင် တွေ့ရသော AA ခေါင်းဆောင်အချို့နှင့် တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

AA က ပလက်ဝကို ရခိုင်နယ်မြေဟု ပြောဆိုနေမှု ချင်းတိုင်းရင်းသားများ ကန့်ကွက်

အကြွေးစားသူများ

အကြွေးစားသူများ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate