ထိုင်းနိုင်ငံတွင် ကျင်းပမည့် ရွှေမြွေဟောက်(Cobra Gold) စစ်ရေးလေ့ကျင်မှုကို ဖေဖေါ်ဝါရီလ ၁၂ ရက်မှ ၂၂ ရက်အတွင်း ကျင်းပရန် စီစဉ်ထားပြီး အဓိက စစ်ရေးလေ့ကျင်မှုတွင် ၇နိုင်ငံ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း Bangkok Post သတင်းကဆိုသည်။
နှစ်စဉ်နှစ်တိုင်း ပုံမှန်ပြုလုပ်သည် ၃၈ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုတွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီး ရှား၊ တောင်ကိုရီးယားနှင့် မလေးရှားတို့ပါဝင်မည်ဖြစ်ပြီး၊ အရပ်ဘက် စစ်ရေး အထောက်အကူပြုအစီအစဉ်တွင် တရုတ်နှင့်အိန္ဒိယစစ်သားများ ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံပေါင်းစုံ အလိုက်စစ်ရေးလေ့ကျင့်မှုတွင် ၁၀ နိုင်ငံပါမည်ဖြစ်ရာ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်နှင့် ဖီဂျီနိုင်ငံတို့ဖြစ်ကြသည်။
ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မြန်မာ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အစ္စရေး၊ ဂျာမနီ၊ ဆွီဒင်နှင့် ဆွစ်ဇာလန်တို့က လေ့လာသူ(သို့မဟုတ်) COLT ဟုခေါ်သည့် နောက်ထပ်လေ့ကျင့်မှုသို့ တက်ရောက်ဆင်နွှဲကြရန်ရှိသည်။ ထို့အတွက် စုစုပေါင်း ၂၉ နိုင်ငံတက်ရောက်ကြမည်ဖြစ်သည်။
ယခုနှစ် Cobra Gold စစ်ရေး သင်ခန်းစာများတွင် စစ်ဦးစီးချုပ်များ အနေဖြင့် စစ်ရေးလေ့ကျင့်မှု အပေါ် သင်ကြားပေးရေး အထူးအာရုံစိုက်မှုနှင့်အတူ အလင်းလေ့ကျင့်ရေးအထူးအာရံစိုက်မှု၊ အရပ်ဘက်စစ်ရေးအထောက်အကူပြုအစီအစဉ်၊ လက်တွေ့ ကွင်းဆင်းလေ့ကျင့်ခြင်းနှင့် အခြားဖြည့်စွက်ထားသည့်လှုပ်ရှားမှုများ ထည့်သွင်းထားသည်။