• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရ၏ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဦးဝီရသူ ကျောင်းဆောက်ရန်ပြင်

by ဒီလှိုင်းဝင်း
26 January 2019
in သတင်း
A A
မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း ပန္နက်တင် အခမ်းအနား  /  ဒီလှိုင်းဝင်း

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း ပန္နက်တင် အခမ်းအနား / ဒီလှိုင်းဝင်း

46.6k
VIEWS
Share on FacebookShare on Twitter

ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တဝိစိတ္တာဘိဝံသ) သည် မန္တလေးတိုင်း ဒေသကြီးအစိုးရ၏ တားမြစ်ချက်ကို ဆန့်ကျင်ပြီး “မဟော်သဓာ အမျီုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း” ပန္နက်တင် အခမ်းအနားကို ယနေ့ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါကျောင်း ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင်၍ ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်သော်လည်း ယနေ့အချိန်အထိ ခွင့်ပြုချက်ပေးထားခြင်းမရှိသေးကြောင်း သိရသည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
209
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
266
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
429

ဦးဝီရသူ က “ဒေါက်တာဇော်မြင့်မောင်ကို ဦးဇင်းပြောချင်တာက အဖြူ အမဲ ဆုံးဖြတ်ပေးရမယ့်အချိန် ရောက်ပါပြီ၊ ဥပဒေနဲ့ မညီဘူးဆို ရင်လည်း ဘယ်ဥပဒေနဲ့မညီဘူး ချပြပြီးတော့ တရားဝင်လက်မှတ်ထိုးပြီး ထုတ်ပြန်ပေးပါ၊ ဥပဒေနဲ့ညီတယ်ဆိုရင်လည်း ဘယ်နေ့ ဘယ်လမှာ ခွင့်ပြုမိန့်ပေးဖို့ စီစဉ်နေပါတယ်၊ ဒီလို စောင့်ဆိုင်းပေးဖို့ စာထွက်ပေးပါ၊ အဲဒီလိုမှ မဟုတ်ဘူး စီစဉ် နေပါတယ်၊ ခွင့်ပြုမိန့်မကျသေးတဲ့အတွက် ဘာမှမဆောင်ရွက်ပါနဲ့လို့ တားမြစ်တာကတော့ အမိန့်အာဏာကို အသုံးချပြီး အာဏာရှင်ဆန်ဆန်ပြုမူနေတာပဲလို့ မြင်တယ်”ဟု မိန့်ကြားသည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း ပန္နက်တင် အခမ်းအနား (ဓာတ်ပုံ – ဒီလှိုင်းဝင်း)

ယနေ့မနက်ပိုင်းက ပြုလုပ်သော ကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဆရာတော် ဦးဝီရသူ အပါအဝင် ဆရာတော်၊ သံဃာ တော်များနှင့် ကျောင်းဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာရှိ ၈ ဧကခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ပန္နက်တင်အခမ်းအနား မကျင်းပခင် ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်စာပို့ခြင်းနှင့်အတူ ညပိုင်းအချိန်တွင်လည်း မပြုလုပ်ရန် လာရောက် တားမြစ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါကျောင်း ဆောက်လုပ်မည့်မြေသည် မြေစာရင်းဦးစီးဌာနတွင် OA မြေဖြစ်ပြီး အစိုးရကသာ စီမံခန့်ခွဲခွင့်ရှိ ကြောင်းသိရသည်။ OA မြေအမျိုးအစား ၁၃ မျိုးရှိပြီး အဆိုပါ ၁၃ မျိုးလုံးအနက်မှ အကြောင်းအမျိုးမျိုးဖြင့် အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်အောက် ရောက်ရှိနေသော မြေအမျိုးအစားများဟု သိရသည်။

မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် က “ကျောင်းဆောက်တဲ့မြေက အစိုးရ စီမံခန့်ခွဲခွင့် ရှိတဲ့မြေပါ၊ ဒါကြောင့် ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို မလုပ်ဖို့ သွားရောက် လျှောက်ထားခဲ့ ပါတယ်၊ ဒါကို တားမြစ်တဲ့ စာကိုလည်း ပို့ခဲ့ပါတယ်၊ လူကိုယ်တိုင်လည်း သွားရောက် လျှောက်ထားခဲ့ပါတယ်၊ ခွင့်ပြုချက်လည်း မကျသေးတဲ့ အတွက်ကြောင့်ပါ၊ ဒါကြောင့် အစိုးရခွင့်ပြုချက် မရခင် ဘာမှ လုပ်လို့မရသေးတဲ့အတွက် တားဆီးရခြင်းပါ၊ ကျနော်တို့ တားရတာက အစိုးရကိုယ်စား တားရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း နေရာတွင် ယခုအခါ အုတ်တံတိုင်း ၊ မုခ်ဦး နှင့် အဝီစိတွင်း တူးခြင်းများ ကို ဆောင်ရွက်ထားပြီးဖြစ်သလို ယခုဆောက်လုပ်မည့် ကျောင်းမှာ လေးထပ်ကျောင်းဆောင် ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ယခုအခါ နဝမတန်းနှင့် ဒဿမတန်း ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော်ကို သင်ကြားပေးလျက်ရှိသလို ကျောင်း ဆောက်လုပ်ပြီး ပါကလည်း အစိုးရပြဋ္ဌာန်းသည့် စာများကိုသာ သင်ကြားသွားမည်ဟု သိရပြီး အစိုးရအနေဖြင့် အမိန့်အာဏာဖြင့် ပညာရေး၊ ပရဟိတ လုပ်ငန်းကို ကန့်သတ်ချုပ်ချယ်မည်ဆိုလျင် နောက်ဆုတ်ပေးမည်မဟုတ်ကြောင်း ဦးဝီရသူ ကမိန့်သည်။

မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း ပန္နက်တင် အခမ်းအနား (ဓာတ်ပုံ – ဒီလှိုင်းဝင်း)

ဦးဝီရသူ က “မဟော်သဓာ ကျောင်းတော်ကြီးကလည်း နိုင်ငံရေး၊ အမျိုးသားရေး လုံးဝကင်းရှင်းပါတယ်၊ တကယ့်ပညာရေး ပရဟိတ သက်သက် ဖြစ်ပါတယ်၊ ဒီအတွက် ဦးဇင်းတို့က အပြည့်အ၀ အာမခံပါတယ်”ဟု မိန့်ကြားသည်။

သို့သော်လည်း ကျောင်းဗဟိုကော်မတီတွင် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း အသီးသီးမှ ပါဝင်လျက်ရှိကြောင်း ၎င်းတို့သည် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ပါဝင်ခြင်းဖြစ်ပြီး ကော်မတီထဲတွင် နိုင်ငံရေး၊ ဘာသာရေး ဆွေးနွေး၊ သင်ကြားခွင့် မရှိကြောင်း ဦးဝီရသူ က မိန့်သည်။

အစိုးရအဖွဲ့အနေဖြင့် ကျောင်းဆောက်လုပ်ခြင်း ခွင့်ပြုချက်မပေးရခြင်းမှာ ဦးဝီရသူ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံရေးပါတီ များ ပါဝင်ပက်သက်နေခြင်းဟု ဦးဝီရသူက သုံးသပ်မိန့်ကြားသလို စာသင်ကျောင်းဆောက်ခြင်းကြောင့် ဖမ်းဆီး ထောင်ချမည်ဆိုလျှင်လည်း ထောင်ကျခံသွားမည်ဟု မိန့်ကြားသည်။

ဦးဝီရသူ က “စာသင် ကျောင်းဆောက်လို့ ၅၀၅-ခ နဲ့ဖမ်းကြဦးမယ် ဆိုရင်လည်း ဦးပဉ္ဖင်းကိုယ်တိုင် ထောင်ဆယ်ခါပြန် ကျခံရဲပါတယ်”ဟု မိန့်သည်။

ဆက်စပ်ဖတ်ရှုရန် – အထက်တန်းကျောင်း ထူထောင်မည့် အစီအစဉ် အစိုးရဟန့်တားဟု ဦးဝီရသူ မိန့်

Your Thoughts …
Tags: ဒေါက်တာ ဇော်မြင့်မောင်ဦးဝီရသူ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

ဦးဝီရသူ ပြန်လာပြီ

ဦးဝီရသူ ပြန်လာပြီ

by အောင်သူရ
24 January 2025
10k

“ကြံ့ခိုင်ရေးက ဘူးလက် လှဆွေတို့၊ မင်းကင်း မောင်မြင့်တို့ ခဏခဏ လာကြတယ်”

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

ဖြုတ်ထုတ်ရှင်းတတ်တဲ့ မြန်မာအာဏာရှင်တွေရဲ့ ရက်စက်တဲ့ ကစားကွက်

by မောင်ကဝိ
5 November 2024
7.5k

နောက်စစ်ခေါင်းဆောင်ကလည်း သူ့အာဏာကို ခြိမ်းခြောက်ရင် မင်းအောင်လှိုင်ရဲ့သားကို ဖမ်းမှာပဲ

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.6k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

by မောင်ကဝိ
19 August 2024
5.5k

စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ သူ့ရဲ့ မအောင်မြင်တဲ့ ခေါင်းဆောင်မှုကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ ညည်းတွားနေကြတယ်။

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

ဖိနှိပ်မှုကြားက NLD ပါတီ အလဲအကွဲတွေ ကြုံနေရ

by ဧရာဝတီ
11 October 2024
2.8k

"ကျနော်တို့ဟာ ဒီမိုကရေစီအတွက် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေမယ်" ဟု ပြည်တွင်းမှ အမည်မဖော်လိုသည့် ဝါရင့် NLD ခေါင်းဆောင်တဦးက ပြောသည်။

Next Post
မန္တလေး  / ဇော်ဇော်

အသက်မပြည့်သေးသည့် မိန်းကလေးကို မုဒိမ်းကျင့်မှုဖြင့် ရဲအလိုရှိနေသည့် နယ်ထိန်းကို မိပြီ

အမှု စစ်ဆေးနေစဉ် (Chiangrai Times)

မူးယစ်ဆေး အမှုဖြင့် မြန်မာအမျိုးသမီးတဦးကို ထိုင်းတရားရုံး သေဒဏ်ချမှတ်

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

23 hours ago
3.8k

Most Read

  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate