သတင်း

မူးယစ်ဆေး အမှုဖြင့် မြန်မာအမျိုးသမီးတဦးကို ထိုင်းတရားရုံး သေဒဏ်ချမှတ်

Want create site? Find Free WordPress Themes and plugins.

ဒေါ်မြင့်သိန်းအေး အမည်ရှိ ၄၃နှစ်အရွယ် မြန်မာအမျိုးသမီးတဦးကို မက်သာဖက်တမင်း ရောင်းဝယ် မှု၊ ငွေကြေားခဝါချမှု ဖြင့် ထိုင်းတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက် ကြောင်း Bangkok Post သတင်းကဆိုသည်။

အဆိုပါ အမျိုးသမီးကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဘန်ကောက်မြို့သို့ ဆေးလာကုစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးသူများက ၎င်းဦးဆောင်သည့် ဂိုဏ်းကို ခြေရာခံနေသည်မှာ နှစ်အတန်ကြာနေပြီဟု ဆိုသည်။

ထိုစဉ်က ဒေါ်မြင့်သိန်းအေးမှ သူသည် ငွေလွှဲလုပ်ငန်း လုပ်သူဖြစ်ကြောင်း၊ ဘန်ကောက်သို့ ဆေးလာ ကုခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

၂၀၁၆ ခုနှစ် ချင်းရိုင်းပြည်နယ် မယ်ဆိုင်မှ မူးယစ်ဂိုဏ်းကို ဖမ်းစဉ် ရဲများက ဝယ်သူဟန်ဆောင်၍ မက်သာဖက်တမင်း ၁၃.၅သန်းဖိုး ဝယ်ရန် ပြုလုပ်ရာ ယင်းငွေကို မယ်ဆိုင်မှာ ဒေါ်မြင့်သိန်းအေး၏ ငွေစာရင်းသို့ လွှဲပေး ရန် မူးယစ်ဂိုဏ်း သားများက ပြောဆိုခဲ့သဖြင့် ၎င်းအား ရောင်းရငွေများကို ကိုင်တွယ်နေသည့် အဓိက ဂိုဏ်း ခေါင်းဆောင် ဟု ယူဆပြီး အလိုရှိနေခြင်းဖြစ်သည်။

၎င်းသည် ထိုငွေကို ခဝါချပြီး ရတနာနှင့် ရွှေဆိုင်များဖွင့်ရန်၊ ၂ နိုင်ငံတွင် ဟိုတယ်လုပ်ငန်းလုပ်ရန် သုံးခဲ့သည်ဟု ဆိုသည်။

အခြားဂိုဏ်းဝင်များကိုလည်း စမွတ်ပရာခန်ရှိ အိမ်တလုံးတွင် ၂၀၁၇ ဒီဇင်ဘာကဖမ်းခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading