• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုကိုးကျွန်းအနီး အိန္ဒိယက ရေတပ်အခြေစိုက်စခန်းသစ် တည်ဆောက်

by ဧရာဝတီ
28 January 2019
in သတင်း
A A
၂၀၁၃ ခုနှစ် အိန္ဒိယ၏ စစ်ရေးလေ့ကျင့်မှုတွင် ကြည်းကြောင်းနှင့် ရေကြောင်း ပူးတွဲကမ်းတက်စဉ်

၂၀၁၃ ခုနှစ် အိန္ဒိယ၏ စစ်ရေးလေ့ကျင့်မှုတွင် ကြည်းကြောင်းနှင့် ရေကြောင်း ပူးတွဲကမ်းတက်စဉ်

25k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယရေတပ်က ကပ္ပလီ ပင်လယ်ပြင်ရှိ နီကိုဘာကျွန်းများပေါ်တွင် လေကြောင်းသုံး ရေတပ်အခြေစိုက်စခန်းတခု တည်ဆောက်လျက်ရှိကြောင်း အိန္ဒိယဝက်ဘ်ဆိုက်တခုဖြစ်သည့် TimesNow ကို ကိုးကားပြီး Asia Times က သတင်းဖော်ပြသည်။

ယင်းစခန်းသည် အန်ဒမန်ကျွန်းစု တောင်ပိုင်း အိန္ဒိယပိုင် ဘလဲဆိပ်ကမ်းနှင့် နီကိုဘာကျွန်းစု ကန့်ဘဲ ပင်လယ်ကွေ့များရှိ စခန်းများအပြီး ဗျူဟာတကျ တည်ဆောက်ထားသော တတိယမြောက် စစ်စခန်း ဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
18
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
140
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
2k

အဆိုပါရေတပ်အခြေစိုက်စခန်းသည် နီကိုဘာကျွန်းစုမြောက်ဘက် အကျဆုံးတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်စယ်နေလန်ဘာ၏ အဆိုအရ သိရသည်။

“ကိုကိုးကျွန်းစုနဲ့ အနီးကပ်ဆုံးနေရာမှာပါ။ မြန်မာနဲ့ အိန္ဒိယ စီးပွားရေးသီးသန့်ဇုန်ချဲ့ထွင်ဖို့အတွက် အခုရေတပ်အခြေစိုက်စခန်းက အင်မတန် အရေးပါတယ်” ဟု ဗိုလ်ချုပ်စယ်နေလန်ဘာက ပြောကြောင်း Asia Times သတင်းက ဆိုသည်။

အန်ဒမန်နှင့် နီကိုဘာကျွန်းစုများပေါ်၂၀၁၃ ခုနှစ် အိန္ဒိယ၏ စစ်ရေးလေ့ကျင့်မှု

Times Now ၏ အဆိုအရ “အဆိုပါ ရေတပ်အခြေစိုက်စခန်း တည်ဆောက်ခြင်းသည် အိန္ဒိယသမုဒ္ဒရာထဲသို့ တရုတ်ခြေလှမ်းကျဲလာခြင်း နောက်ခံအခင်းအကျင်းဖြင့် ရှုမြင်နိုင်ကြောင်း” သိရသည်။

ရုရှားဝက်ဘ်ဆိုက်တခုဖြစ်သော စပွတ်နစ် Sputnik ကလည်း “ဒီမဟာဗျူဟာမြောက်အရွေ့ဟာ အနီးအနားမှာရှိတဲ့ မလက္ကာရေလက်ကြားထဲကနေ တရုတ်စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ အိန္ဒိယသမုဒ္ဒရာထဲ ဝင်ရောက်နေတာကို ထောက်လှမ်းနိုင်စွမ်း ရှိစေဖို့ ဖြစ်ပါတယ်” ဟု ကြာသပတေးနေ့၌ ရေးသားသည်။

အန်ဒမန်နှင့် နီကိုဘာကျွန်းစုများ တည်ရှိရာပြ မြေပုံ

အဆိုပါလေကြောင်းသုံးရေတပ်အခြေစိုက်စခန်းကို တာတိုသွားနိုင်သည့် ရေကြောင်းကင်းထောက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အတက်အဆင်းအတွက် ကနဦး သုံးစွဲသွားရန် ရည်ရွယ်ထားပြီး လေယာဉ်ကြီးများပင် တချိန်ချိန်၌ ဆင်းနိုင်တက်နိုင်စေရန် မီတာ ၃ ထောင်အထိ ချဲ့သွားမည်ဟု ဆိုသည်။

မကြာသေးမီနှစ်များက အိန္ဒိယသည် ဘလဲယာဆိပ်ကမ်းကို ကြည်းကြောင်းနှင့်ရေကြောင်း နှစ်မျိုးသုံး စစ်ယန္ထရားများ၊ ကမ်းခြေစောင့် ရေယာဉ်များ၊ မြန်နှုန်းမြင့်တိုက်လေယာဉ်များ သုံးနိုင်ရန် အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတောင်ဘက် ဂရိတ်နီကိုဘာကျွန်းပေါ်ရှိ ကန့်ဘဲပင်လယ်အော် ရေတပ်အခြေစိုက်စခန်း၏ အခြေခံလုပ်ဆောင်ချက်တခုမှာ “ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို လေကြောင်းမှ စောင့်ကြည့်ထောက်လှမ်းမှု” သတင်းအချက်အလက်ပေးနိုင်ရန်ဖြစ်ကြောင်း အိန္ဒိယရေတပ်ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ် နေမယ်ဗာမာ၏ပြောကြားချက်ကို ကိုးကား၍ စပွတ်နစ်သတင်းက ရေးသားထားသည်။

ကိုးကား ။ ။ Asia Times မှ India setting up new naval base in Andamans

Your Thoughts …
Tags: ကိုကိုးကျွန်းအိန္ဒိယ ရေတပ်အခြေစိုက်စခန်းသစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်ချုပ်ကြီး နေဝင်း ၏ ပထမဆုံး နှင့် နောက်ဆုံး သတင်းစာ ရှင်းပွဲ

ဗိုလ်ချုပ်ကြီး နေဝင်း ၏ ပထမဆုံး နှင့် နောက်ဆုံး သတင်းစာ ရှင်းပွဲ

by ကြေးမုံဦးသောင်း
16 March 2024
3.6k

လုံချည် လျှောကျသဖြင့် ပေါ်လာသည့် သူ၏ ဒူးကို တဖျပ်ဖျပ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျပ်ဖျပ်နှင့်၊ စည်းဝါး မှန်မှန်နှင့် ဒူးပုတ်သံကြီးက ခန်းမကို လွှမ်းမိုးသွားသော အခါ…

ယူနန်ခရိုင်၊ ရွှေလီရှိ တရုတ်-မြန်မာနယ်စပ်ကို တရုတ်ဘက်အခြမ်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တွေ့ရစဉ် / AFP

ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ

by Bertil Lintner
18 April 2023
8.2k

တရုတ်သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် ရေကြောင်းပိုင်နက်တွင် စောင့်ကြည့်ရန် စိတ်ဝင်စားနိုင်သည်ဆိုသည့် အချက်သည် မဖြစ်နိုင်သောအချက် မဟုတ်ပေ။

ကိုကိုးကျွန်းပေါ်တွင် တရုတ်ဆောက်လုပ်ရေးလုပ်ငန်း ဂြိုဟ်တုဓာတ်ပုံများကို အိန္ဒိယအစိုးရအရာရှိများက ဖော်ပြနေကြသည် / Nmukherjee6/Twitter

ကိုကိုးကျွန်းရှိ သူလျှိုစခန်းအရေး အိန္ဒိယက မြန်မာနှင့် ထိပ်တိုက်တွေ့

by ဧရာဝတီ
10 April 2023
5.6k

လန်ဒန်အခြေစိုက် သုတေသန အဖွဲ့ဖြစ်သည့် Chatham House က လွန်ခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်လိုက်သောအခါ ထိုကိစ္စကို ပြန်လည်အာရုံစိုက်လာကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းသို့ သွားရောက်၍  ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ် / Myanmar State Counsellor Office

ယုံကြည်ချက် အကျဉ်းသားများကြောင့် ကိုကိုးကျွန်းသမိုင်း ဂုဏ်ယူနိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by ထွန်းထွန်း
7 August 2020
14.5k

၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ဆိုလာ၊ ဒီဇယ်၊ ဘထ္ထရီစနစ် ပါဝင်သည့် Hybrid System ဖြင့် ဓာတ် အားပေးစနစ်တခုအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက် မတိုင်မီ အပြီးတည်ဆောက်မည်...

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကိုကိုးကျွန်း / ကိုကိုးကျွန်းမြို့နယ်အသင်း

ကိုကိုးကျွန်းသို့ ယခုလ နောက်ဆုံးပတ်မှစ၍ သင်္ဘောဆွဲတော့မည်

by မျိုးပပစန်း
15 January 2020
8.8k

သင်္ဘောကတော့ တိုင်းအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ YRTA ပေါင်းစပ်ပြီး ပြေးဆွဲပေးမှာ ဖြစ်တယ်။ အဓိကတော့ ကိုကိုးကျွန်းကို သွားနေတဲ့ ပြည်သူတွေနဲ့ ကုန်စည်ပို့ဆောင်ရေးမှာ ချောမွေ့ဖို့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒီလ နောက်ဆုံး ပတ်မှာ စတင်ပြေးဆွဲ ဖို့...

ရန်ကုန်မြို့မှနေ၍ ကိုကိုးကျွန်းသို့ တပ်မတော်(လေ) လေယာဉ်များဖြင့် ပို့ဆောင်ပေးနေစဉ် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သဘောၤဝယ်ယူမှု အစီအစဉ် ကန့်ကွက်မှုဖြင့် ကြုံနေရ

by သဇင်လှိုင်
13 June 2019
12.7k

ရေမိုင် ၂၆၀ ရှိပြီး ဟင်းလင်းပြင် ပင်လယ်ဖြစ်သော ကိုကိုးကျွန်း ခရီးစဉ်သည် ပုဂ္ဂလိကဖြစ်စေ၊ အစိုးရဖြစ်စေ စီးပွားရေး အရ တွက်ခြေမကိုက်သည့်အပြင် ရေရှည်ဆောင်ရွက်နိုင်မည့် အသေးစိတ် စီးပွားရေး စီမံချက် ခိုင်မာစွာ မရှိခြင်းကြောင့် သဘောမတူကြောင်း ရန်ကုန်တိုင်းဒေသကြီး...

Next Post
ကျောက်ကျင်းပြိုကျမှု ကယ်ဆယ်ရေး မြင်ကွင်း  / ဇော်ဇော် / ဧရာဝတီ

စစ်ကိုင်းက တရားမဝင် ကျောက်ကျင်း ပြိုကျမှု ၃ ဦးသေဆုံး

DC ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ "Aquaman" ရုပ်ရှင်

"The Dark Knight Rises" ကို ကျော်ပြီး DC ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ "Aquaman"

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate