သတင်း

သမ္မတ တင်သွင်းသည့် ကချင်ပြည်နယ် ဝန်ကြီးဌာန ၂ ခု တိုးချဲ့ရေး မဲခွဲရာ ရှုံးနိမ့်

Want create site? Find Free WordPress Themes and plugins.

ဒုတိယ အကြိမ် ကချင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် သမ္မတ တင်သွင်းသည့် လမ်းပန်း ဆက်သွယ် ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနကို ဝန်ကြီးဌာန ၂ ခု အဖြစ် တိုးချဲ့ ဖွဲ့စည်းရေး မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည် ဟု သတင်းရရှိသည်။

မိုးညှင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက“ကျနော်တို့က ကန့်ကွက်လိုက်တာ။ ကျနော်တို့ နိုင် တယ်။ ၂၈ မဲ၊ ၁၈ မဲနဲ့ နိုင်တာ”ဟု ပြောသည်။

ဇန်နဝါရီ ၂၈ ရက်က ကျင်းပသည့် အရေးပေါ် အစည်းအဝေးတွင်လည်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှု လက် မှု ဝန်ကြီး ဌာနကို ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဟူ၍ ၂ ခုခွဲပြီး ပြန် လည် ဖွ့ဲစည်းရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က တင်သွင်းရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ဝန်ကြီးဌာန ခွဲရေး တွဲရေးကို သမ္မတ ကသာ တင်သွင်းခွင့် ရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ကန့်ကွက်ကြ ရာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ရသည်။

ယနေ့ ထပ်မံကျင်းပသည့် အစည်းအဝေးတွင် သမ္မတက စာဖြင့် တင်သွင်းလာသည်ဟုဆိုကာ ဝန်ကြီးဌာန ၂ ခုခွဲ၍ အသစ် တိုးချဲ့ရေးကို ထပ်မံ ဆွေးနွေးပြီး မဲခွဲ ဆုံးဖြတ်ရာ မဲပေးပိုင်ခွင့် ရှိသူ ၄၆ ဦး အနက် ကန့်ကွက်မဲ ၂၈ မဲ၊ ထောက်ခံမဲ ၁၈ မဲ ဖြင့် သမ္မတ တင်သွင်းချက် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

သမ္မတ၏ သဝဏ်လွှာ ရရှိသည်ဟု လွှတ်တော် ဥက္ကဋ္ဌက ပြောသော်လည်း သမ္မတ သဝဏ်လွှာကို လွှတ်တော် အမတ်များ အား ဖတ်ပြခြင်းလည်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတင်သွင်းရသည့် သမ္မတ၏ ရည်ရွယ်ချက်မှာ ကချင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ၊ စက်မှုဇုန် စီမံကိန်းများ ဝင်ရောက်လာပါက လျှပ်စစ်မီးနှင့် လမ်းပန်း ဆက်သွယ်ရေး အဆင်သင့် ဖြစ်စေရန်၊ လုပ်ငန်း အဆင်ပြေစေရန် ဝန်ကြီးဌာန ၂ ခု ခွဲစေလိုကြောင်း သိရသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

ဝန်ကြီးဌာန တခုကို ၂ ခုခွဲပြီး အသစ်တိုးချဲ့မည့် အပေါ်တွင် လွှတ်တော် အမတ်အချို့က အသစ်ရှိလာမည့် ဝန်ကြီး အတွက် အဆောင်အယောင်၊ လစာနှင့် ထိုဝန်ကြီးဌာန လည်ပတ်ရန် ငွေများ ပိုကုန်ကျမည် ဖြစ်ပြီး လက်ရှိ လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးမှာလည်း ၎င်း၏ အလုပ်တာဝန်ကို မနိုင်ကြောင်း ပြောဆိုလာခြင်းမရှိဟု ဝေဖန် ကြသည်။

ဦးတင်အေးက“ငွေရေးကြေးရေး ကတော့ အကြောင်းပြ လိုက်တာပါ။ တကယ်တမ်း ပြောရရင် ဌာန တိုးချဲ့ရင် ထားမယ် ဆိုတဲ့ အပြင်က လူကို အဓိက မကြိုက်ကြတာပါ။ လွှတ်တော် ကိုယ်စားလှယ်ထဲက လူဆိုရင် လက်ခံပါတယ်။ အဲဒီ အပြင် က လူကို လက်မခံတာပါ”ဟု ပြောသည်။

သမ္မတ တင်သွင်းသည့် ဝန်ကြီးဌာန ၂ ခုခွဲရေး အနက် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် အမည် စာရင်း တင်သွင်းခံထားရသူမှာ ကချင်ပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးထွန်းညွန့် ဖြစ်သည်။

ဦးထွန်းညွန့်သည် မြစ်ကြီးနားမြို့ရှိ ရွှေကြိုးကြာ ဗီနိုင်းနှင့် ပုံနှိပ် မီဒီယာဆိုင် ပိုင်ရှင်လည်း ဖြစ်သည်။

ဦးတင်အေးက“ဦးထွန်းညွှန့်က၂၀၀၃ ခုနှစ်၊ ဒီပဲယင်း အရေးခင်းဖြစ်စဉ်မှာ မြစ်ကြီးနားမှာ တာဝန်ရှိသူ ဖြစ်တယ်။ မြစ်ကြီး နားမှာ ဒီပဲယင်းလောက် နီးနီး ပြဿနာတွေ ဖြစ်ပါတယ်။ ဦးထွန်းညွှန့် တို့က မြို့နယ် ဒုဦးစီးမှူး အဆင့် ရှိနေတာ။ ကျနော် တို့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မယ် ဖြတ်မယ်ဆိုပြီး သူတို့ ဦးဆောင်ခဲ့တာ။ အဲဒီလို လူကို ကျနော်တို့ ဝန်ကြီး အဖြစ် လက်မခံနိုင်ဘူး။ အဓိက အဲဒါပါပဲ”ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ရှိသည့် အခြား အင်ဂျင်နီယာပိုင်း ဆိုင်ရာ အတတ်ပညာရှင်များကို အမည်စာရင်း တင်သွင်းပါက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဝန်ကြီးဌာန ၂ ခုခွဲရေးကို ထောက်ခံမည် ဖြစ်သည်ဟုလည်း ဦးတင်အေးက ဆိုသည်။

ဗန်းမော် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက သမ္မတ တင်သွင်းသည့် ဝန်ကြီးဌာန ၂ ခု ခွဲရေးကို လက်ခံပြီး ထိုသို့ ဌာန ၂ ခုခွဲမှသာ ကချင်ပြည်နယ်တွင်း ရင်းနှီး မြှုပ်နှံမှုများ ဝင်လာကာ ပြည်နယ် စည်ပင်သာယာရေးနှင့် အခွန် ဝင်ငွေများ ရရှိနိုင်မည်ဟု ပြောသည်။

ဦးဇော်သင်းက“ဘာကြောင့်လဲ ဆိုတော့ တရုတ်ပြည်နဲ့ နီးစပ်တယ်။ တရုတ်ပြည်ကလည်း ရင်းနှီးမြှုပ်နှံချင်တယ်။ ကျနော် တို့ ဗန်းမော်ဘက် ဆိုရင် ခဏခဏ တွေ့ရတယ်။ ရေနက်ဆိပ်ကမ်းတို့ စက်မှုဇုန်ကိစ္စတို့။ ပြည်ထောင်စုက ကိုင်တွယ် ထားတဲ့ အတွက် ဒါတွေက ဖြစ်မလာဘူး။ သူ့ ဌာနသူ ရှိရင်တော့ တမျိုးပေါ့”ဟုလည်း ပြောဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ စက်မှုဇုန် စီမံကိန်းများ ကချင်ပြည်နယ်တွင်း ဝင်လာနိုင်ရေး အတွက် ပြည်နယ်တွင် လျှပ်စစ် နှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လိုပြီး ယခု ဝန်ကြီးဌာန ၂ ခု ခွဲရေးမှာလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ပြချက်များကြောင့် သမ္မတက စာတင်သွင်းရခြင်း ဖြစ်သည်ဟု ဦးဇော်သင်းက ဆိုသည်။

ယနေ့ ကချင်ပြည်နယ် လွှတ်တော်၊ အရေးပေါ် အစည်းအဝေးတွင် လစ်လပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးနေရာတွင် မိုးညှင်းမြို့နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းကို ခန့်အပ်ခဲ့ပြီး သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနေရာတွင် ဖားကန့်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကို ခန့်အပ်လိုက်သည်။

ယနေ့ ကချင်ပြည်နယ် လွှတ်တော်၊ အရေးပေါ် အစည်းအဝေးတွင် လစ်လပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးနေရာတွင် မိုးညှင်းမြို့နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ သယံ ဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနေရာတွင် ဖားကန့်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း တို့ကို အမည်စာရင်း တင်သွင်းလိုက်သည်။

လစ်လပ်နေသည့် လူမှုရေး ဝန်ကြီးနေရာတွင်လည်း စည်ပင် ဝန်ကြီး ဦးနေဝင်းကို အမည်စာရင်း တင်သွင်းလိုက်ပြီး စည်ပင် ဝန်ကြီးနေရာတွင် ဝိုင်းမော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီကို အမည်စာရင်း တင်သွင်းခဲ့သည်။

အင်ဂျန်းယန် မြို့နယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က“အမှန်က နဂိုရှိနေတဲ့ ဝန်ကြီးကို ပြောင်း ပေးချင်တယ် ဆိုရင် ရာထူး အရင် ရုပ်ရမယ်လေ။ အဲဒီလိုတွေ မရုပ်ဘဲ တခါတည်း အလွယ်တကူ ဒီခြင်းထဲကနေ ဟိုခြင်း ထဲ ကောက်ထည့်တာမျိုးက လုပ်တဲ့ လုပ်ငန်းစဉ်တွေက လွဲချော်နေပါတယ်”ဟု ပြောသည်။

လွှတ်တော်တွင်း ဥပဒေကြောင်း အရ လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပြေပြစ် ညက်ညောအောင် မလုပ်နိုင် သေးသည်များကို ကချင်ပြည်နယ် လွှတ်တော် အတွင်း ထင်ထင်ရှားရှား တွေ့နေရသည် ဟုလည်း ဒေါ်ဂျာဆိုင်းခေါန် က ဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ လူမှုရေး ဝန်ကြီး ဒေါက်တာ သင်းလွင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင် တို့ကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က နိုင်ငံတော် အတိုင်ပင်ခံ အမိန့်ဟု ဆိုကာ နုတ်ထွက်စာ တင်ခိုင်းခဲ့သည်။

ပြစ်မှု တစုံတရာ ကျူးလွန်ခြင်း မရှိသည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ဆေး ပြစ်တင်ခြင်းလည်း မရှိ၊ တရားဝင် စာလည်း ရောက်မလာဘဲ နှုတ်မိန့်ဖြင့် နုတ်ထွက်စာ တင်ခိုင်းသဖြင့် ဒေါက်တာ ခက်အောင်ကို လုပ်ပိုင်ခွင့် ကျော်လွန် လုပ် ဆောင်သည်ဟု ဆိုကာ ဝေဖန်မှုများ ရှိခဲ့သည်။

ကချင် အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်ကလည်း ဝန်ကြီးများကို နုတ်ထွက်ခိုင်းသည့် အကြောင်းအရင်း ပွင့်လင်းမြင်သာ စွာ ချပြရန် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို စာပို့ခဲ့ကြသည်။

ဝေဖန်မှုများ၊ ငြင်းခုန်မှုများ ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၁ ရက်တွင် သမ္မတ ဦးဝင်းမြင့်က အဆိုပါ ဝန်ကြီး ၃ ဦးကို နုတ် ထွက်ခွင့်နှင့် အလုပ်တာဝန်မှ ရပ်ဆိုင်းကြောင်း သမ္မတရုံးစာဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading