သတင်း

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဟောင်း ဂျော့ချ် ဖာနန်ဒက်စ် ကွယ်လွန်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့သည့် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဟောင်း ဂျော့ချ် ဖာနန်ဒက်စ် (၈၈နှစ်) သည် နာတာရှည် ဖျားနာပြီးနောက် ယမန်နေ့က ကွယ်လွန်သွားကြောင်း အိန္ဒိယ သတင်းစာများက ဆိုသည်။

ဂျော့ချ် ဖာနန်ဒက်ကို ၁၉၃၀ ခုနှစ်တွင် ကန်နာတာကာရှိ မန်ဂါလောတွင် မွေးဖွားပြီး ဝန်ကြီးချုပ် အင်ဒီရာ ဂန ္ဓ္ဓ္ဓီ၏ မဟာ ရန်သူ လှုံ့ဆော်ပြောဆိုတတ်သော ဆိုရှယ်လစ်ဖြစ်သည်။

ထိုစဉ်က မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း ၁၉၇၆ ခုနှစ်တွင် ဘာရိုဒါ ဒိုင်းနမိုင်းအမှုနှင့် ပတ်သက်၍ အဖမ်း ခံရသည်။ နောင်တနှစ်ကြာ အရေးပေါ် အခြေအနေ ရုတ်သိမ်းလိုက်သော အခါ ဘီဟာပြည်နယ် မူဇာဖာပါမဲဆန္ဒနယ်တွင် အပြတ်အသတ်အနိုင်ရပြီး ပါလီမန်အဖွဲ့ဝင်ဖြစ်လာသည်။

၁၉၇၇ ခုနှစ် ၁၉၇၉ ခုနှစ်အထိ မိုရာဂျီ ဒေဆိုင်း အစိုးရတွင် စက်မှုဝန်ကြီးတာဝန်ယူခဲ့သည်။ ထိုသက်တမ်းအတွင်း IBM နှင့် Coca-Cola ကဲ့သို့သောအမေရိကန် နိုင်ငံစုံလုပ်ငန်းကြီးများကို ပစ်မှတ်ထားလုပ်ဆောင်သောကြောင့် နိုင်ငံမှ ထွက်ခွာသွား စေခဲ့သည်။

၁၉၈၈ ခုနှစ်က Indian Express နှင့် ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတခုတွင် ဖာနန်းဒေးစ်က သူသည် နိုင်ငံစုံလုပ်ငန်း ကြီးများကို ဆန့်ကျင်သူမဟုတ်ကြောင်း အမျိုးသားရေး ဝါဒီသာဖြစ်ကြောင်း သူပြောသည်။

“ကျနော်က Coke ကိုမောင်းထုတ်တယ်လို့လူတွေပြောနေကြတာ။ တကယ်တော့ကျနော်က သူတို့ အရမ်းလျှိူဝှက်ထားတဲ့ ဖော်မြူလာကို ဥပဒေအရမေးခွင့်ရှိတယ်။ ဒီလိုအခြေအနေမှာ သူတို့အနေနဲ့ နိုင်ငံက ပြန်ထွက်ရင်ထွက်၊ မထွက်ရင် သူတို့ ရဲ့ရှယ်ယာကို ၄၉ ရာခိုင်နှုန်းအထိလျှော့ရမယ်လို အိန္ဒိယ ဥပဒေကဆိုတယ်။ ဒါနဲ့ သူတို့က ပြန်ဖို့ရွေးလိုက်တာပဲ” ဟု သူက ပြောသည်။

နောက်ပိုင်းတွင် ဖာနန်ဒက်စ် သည် နောင်တွင် ဂျနတာဒါး ပါတီသို့ ဝင်ရောက်ပြီး၊ ဗီပီဆင်း အစိုးရ အဖွဲ့တွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၀ အထိ မီးရထားဝန်ကြီးတာဝန်ယူသည်။ မန်ဂလောနှင့် ဘုံဘေကို ဆက်သွယ်သော ကွန်ကန် ရထားလမ်းစီမံကိန်း တွင် အရေးပါသော အခန်းမှ ပါဝင်သည်။

ပါကစ္စတန်တို့ထံမှ သိမ်းဆည်းရမိသည့် စက်သေနတ်ကို စစ်ဆေးနေသည့် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဟောင်း ဂျော့ချ် ဖာနန်ဒက်စ်( PTI)

၁၉၉၄ တွင် ဂျနတာဒါး ပါတီပြိုကွဲသောအခါ သူသည် စမာတာ ပါတီကို ထူထောင်သည်။ ထိုပါတီ သည် နောင်တွင် BJP နှင့် မဟာမိတ်ဖွဲ့၍ ဖာနန်ဒက်စ် သည် အက်တယ် ဘီဟာရီ ဗက်ဂျ်ပေရီး ၏ လူယုံဖြစ်လာသည်။

သူ့ကို အမျိုးသား ဒီမိုကရက်တစ် ပါတီ NDA ၏ ဦးဆောင်သူတဦးအဖြစ် ခန့်အပ်သည်။

ဖာနန်ဒက်စ် သည် ၁၉၉၈ မှ ၂၀၀၁ ခုနှစ်အထိ တကြိမ်နှင့် ၂၀၀၁ မှ ၂၀၀၄ ခုနှစ်အထိတကြိမ် ကာကွယ်ရေးဝန်ကြီး အဖြစ် နှစ်ကြိမ် ထမ်းဆောင်သည်။

ပထမသက်တမ်းအတွင်း ကာဂျီ စစ်ပွဲနှင့် ပထမအကြိမ် ပေါ့ကဟရန် ညူကလီးယားစမ်းသပ်မှု ပြုလုပ်သောကြောင့် ထူးခြား သော ဖြစ်ရပ်များဖြစ်သည်ဟုဆိုရမည်။ ဘာရက်ဒုံးကျည် အရှုပ်တော်ပုံ အပါအဝင် အငြင်းပွားမှုများတွင် ဘီဟာရီ ဗက်ပေရီး က သူ့ဖက်မှ ရပ်တည်သည်။

ဖာနန်ဒက်စ် သည် What Ails the Socialists, Railway Strike of 1974 နှင့် George Fernandes Speaks ဟူသည့် စာအုပ် ၃ အုပ်ကိုရေးခဲ့ပြီး၊ လက်ရှိ ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီကမူ သူ့ကို အိန္ဒိယ နိုင်ငံရေးခေါင်းဆောင်မှု အကောင်းဆုံး နမူနာ အဖြစ် သတိရနေကြောင်း ဆိုသည်။

“ပွင့်လင်းပြီး အကြောက်တရား ကင်းမဲ့သော၊ ဖြောင့်မတ်ပြီး အမြင်ကျယ်သော သူသည် တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင် သော အကျိုးဆောင်မှုများပြုလုပ်ခဲ့သည်” လူမှုကွန်ရက် Twitter တွင် ဖာနန်ဒက်စ် ကို ဂုဏ်ပြုရေးသားသည်။

အိန္ဒိယသမ္မတ ရမ်နတ်ကိုဗင်ကလည်း သူသေဆုံးသောကြောင့် စိတ်ဖိစီးရကြောင်း ဆိုသည်။

“သူသည် အိန္ဒိယ နိုင်ငံကို ကာကွယ်ရေးဝန်ကြီး တာဝန်အပြင် တာဝန်အမျိုးမျိုးဖြင့် ထမ်းဆောင်ခဲ့သည်။ သူသည် ရိုးရှင်း သော နေထိုင်မှုနှင့် မြင့်မားသော တွေးခေါ်မှု၏ အကောင်းဆုံး ဥပမာဖြစ်သည်။ သူသည် အရေးပေါ်အခြေအနေ ကာလ နှင့်အခြားခေတ်များတွင် ဒီမိုကရေစီ သူရဲကောင်းဖြစ်သည်။ မိမိတို့အားလုံးသူ့ကိုသတိရနေမည်”ဟု သူရေးသည်။

ကွန်ဂရက်ပါတီ ဥက္ကဌ ရာအူး ဂန္ဒီကလည်း ပါလီမန်အမတ်နှင့် ဗဟိုအစိုးရဝန်ကြီးဟောင်း ကွယ်လွန်သောကြောင့် မိသားစု နှင့် ထပ်တူဝမ်းနည်းကြောင်း ဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading