သတင်း

ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရေး ကန့်ကွက်ဆန္ဒပြသည့် သပိတ်စခန်း ဖြိုခွင်းခံရ

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ထားရှိမည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြနေသည့် ကရင်နီလူငယ်များ၏ သပိတ်စခန်း ယနေ့ နံနက် ၁၀ နာရီခွဲခန့်က  ဖြိုခွင်းခံလိုက်ရ ကြောင်း သိရသည်။

အဆိုပါ သပိတ်စခန်းကို ကရင်နီလူငယ်များက ကန္ဒာဟေဝန် ပန်းခြံရှေ့တွင် ယမန်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ လူအင် အား ၂၀ ကျော်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြ လူငယ်များအနက် ဦးဆောင်သူ ၇ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ယနေ့ နံနက်ပိုင်းက တရားစွဲဆိုမှု ပြုခဲ့ပြီး လွိုင်ကော်မြို့နယ် ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးနေစဉ် သပိတ်စခန်း ဖြိုခွင်းခံရ ခြင်းဖြစ်ကြောင်း တရားစွဲခံရသူ တဦးဖြစ်သည့် ကိုဒီးဒီက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

၎င်း၏ ပြောပြချက်အရ တရားစွဲဆိုခံရသူ ၇ ဦးမှာ ကိုကျော်ထင်အောင်၊ ဒီးဒီ(ခ)စစ်မုန်း၊ ကိုမျိုးလှိုင်ဝင်း၊ ခွန်းသောမတ်စ်၊ ရီး ရယ်(ခ)ရီးဒူ၊ ခူးကြူးဖဲကေး(ခ)ဂူဂူး နှင့် စတာနီတူးတူး တို့ဖြစ်ကြောင်း သိရသည်။

တရားစွဲခံရသူ ကိုကျော်ထင်အောင် က “ငြိမ်းစုစီ ၁၉ နဲ့ တရားစွဲထားတဲ့ ၇ ဦးကို တရားရုံးမသွားမီ စခန်းမှာ အမှုစစ်နေဆဲအ ချိန် ကျန်လူငယ်တွေရဲ့ သပိတ်စခန်းကို ဖယ်ရှားပေးဖို့ တောင်းဆိုပြီးတော့ ၁၅ မိနစ် အချိန်ပေးပါတယ်။ ၁၅ မိနစ်ပြည့်တဲ့ အချိန်မှာပဲ ကားပေါ်အတင်းဆွဲခေါ်ပြီး စခန်းကို ခေါ်လာတယ်။ သပိတ်စခန်းကို ဖြိုခွင်းလိုက်တဲ့အနေအထား ဖြစ်သွားပါပြီ” ဟု ရှင်းပြသည်။

ဆက်လက်၍ ၎င်းက လူထု သဘောထားဆန္ဒမပါ၊ လူထုကို အကြောင်းကြားခြင်းမရှိဘဲ ရုပ်တုတည်သည့်အတွက် ပထမဦး ဆုံး လာရောက် ကန့်ကွက်သူများကို ဦးဆောင်သူများအဖြစ် သတ်မှတ်ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲခြင်းဖြစ်ကြောင်း၊ ကျန်ရှိသူများကိုမူ စစ်ဆေးနေဆဲဖြစ်ပြီး မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို မသိရသေးဟု ဆိုသည်။

လွိုင်ကော်မြို့နယ် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် အေးလွင်က “လောလောဆယ် အမှုဖွင့်ထားတုန်းပါ။ ၇ ဦးနဲ့ ဖွင့်ထားပါတယ်။ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ပါ။ သပိတ်စခန်း အခြေအနေကတော့ ကျနော် ပြန်မေးမှ ရမယ်” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

ယခုကဲ့သို့ အာဏာပိုင်များက သပိတ်စခန်းဖွင့် ဆန္ဒပြသူများအား ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေသော်လည်း ပြင်ပတွင် ကျန်ရှိနေသည့် ကရင်နီလူငယ်များက ဆက်လက်၍ ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဟုလည်း တရားစွဲခံထားရသူများက ပြောသည်။

သပိတ်စခန်းဖွင့် ဆန္ဒပြသူများသည် ရုပ်တုကိစ္စဖျက်သိမ်းပေးရန်၊ မဖြစ်မနေ ရုပ်တုတည်မည်ဆိုပါက လူထုဆန္ဒခံယူသည့် အနေဖြင့် မဲပုံးထောင်ရန်နှင့် NLD အနေဖြင့် မဖြစ်မနေ ပြုလုပ်ရန် လိုအပ်သည်ဆိုပါက အများပြည်သူပိုင်နေရာတွင် မလုပ် ဘဲ NLD နှင့် သက်ဆိုင်သည့် ရုံးများတွင် ပြုလုပ်ရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

ကိုကျော်ထင်အောင် က “လူထု သဘောထား ဆန္ဒ ခံယူမယ်လို့ ပြောထားတဲ့ ဝန်ကြီးချုပ်က လက်ရှိမှာ ခေါင်းရှောင်နေပါတယ်။ သူ့ရဲ့ ကတိစကား ကို မတည်ဘဲ အများဆန္ဒသဘောထားကို ပွင့်လင်းမြင်သာစွာ ရယူခြင်းမရှိဘဲ သူတို့အစိုးရရဲ့ ရုပ်တုဖြစ်မြောက်ရေး ကော် မတီကို ဖျက်သိမ်းပြီးမှ NLD ပါတီဝင်တွေနဲ့ ရပ်ထဲက သာရေးနာရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တုဖြစ်မြောက်ရေး ကော် မတီကသာလျှင် ဆောင်ရွက်နေတယ်ဆိုပြီးမှ ခေါင်းရှောင်နေပါတယ်” ဟု ဆိုသည်။

အဆိုပါ ကြေးရုပ်တု စိုက်ထူရေး ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဝင်ကြောင်း လွိုင်ကော်မြို့ နယ် NLD အဖွဲ့ချုပ်ရုံး ဥက္ကဋ္ဌ ဦးသောင်းဌေးက ဧရာဝတီကို ပြောဆိုထားသည်။

ယင်း ဗိုလ်ချုပ်ကြေးရုပ်တုကို ကန္ဒာဟေဝန် ပန်းခြံသို့ ဇန်နဝါရီ ၂၉ ရက်ကတည်းက သယ်ဆောင်နေရာ ချထားခဲ့ပြီး ယမန် နေ့က အုတ်ခုံပေါ် တင်လိုက်ပြီဖြစ်ကြောင်း၊ ဖွင့်ပွဲပြုလုပ်ရန်သာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း ကိုဒီးဒီက ပြော သည်။

ထိုကဲ့သို့ ကန့်ကွက်နေသည့်ကြားမှ အတင်းအဓမ္မ အုတ်ခုံပေါ်သို့ ရုပ်တုကို အတင်းတည်နေခြင်းအား တားဆီးရုပ်သိမ်းပေး ရန်၊ ရုပ်တုထားမည့် အုတ်ခုံနှင့် ရင်ပြင်တည်ဆောက်ထားသည့် ငွေများသည် ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိတို့ကို စိစစ်ဆေး ပေးရန် ဟူသည့် အချက်များပါဝင်သော အိတ်ဖွင့်ပေးစာတစောင်ကို ကရင်နီပြည် လူငယ် အင်အားစုက ဖေဖော်ဝါရီ ၁ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံ ပေးပို့ထားကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading