သတင်း

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ အကောင့်များ Facebook ပိတ်

Want create site? Find Free WordPress Themes and plugins.

Facebook က မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို “အန္တရာယ်ရှိသော အဖွဲ့အစည်းများ” အဖြစ်သတ်မှတ်ကာ ထိုအဖွဲ့ အစည်းများ အသုံးပြုနေသည့် လူမှုကွန်ရက် စာမျက်နှာများကို Facebook ပေါ်က ဖယ်ရှားလိုက်သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော “မြန်မာနိုင်ငံရှိ အန္တရာယ်ရှိ သောအဖွဲ့အစည်းများကို Facebook ပေါ်မှ ပိတ်ပင် တားမြစ်ခြင်းကို တိုးမြှင့် ဆောင်ရွက်ခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေညာလိုက်ခြင်း ဖြစ်ပြီး တချိန်တည်းမှာဘဲ မဟာမိတ် ၄ ဖွဲ့၏ စာမျက်နှာများသည်လည်း Facebook စာမျက်နှာထက်တွင် ပျောက်ကွယ်သွားသည်။

Facebook က “ထိုလက်နက်ကိုင်အဖွဲ့အစည်းများကို Facebook မှ ပိတ်ပင်ခဲ့ပြီး သက်ဆိုင်သော အားပေးမှုများ၊ ထောက်ခံမှုများ နှင့် ကိုယ်စားပြုခြင်းများကို သိသိချင်းဖယ်ရှားမည် ဖြစ်သည်” ဟုလည်း သတိပေးထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) တို့ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။

အဆိုပါ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုများ၌ ပါဝင်နေကြပြီး အများပြည်သူကို အန္တရာယ်ပြု တိုက်ခိုက်ခြင်းများ အတွက် တရားခံများဖြစ်ကြောင်း အထောက်အထားများကြောင့် Facebook ၏ ဝန်ဆောင်မှုကို အသုံးပြုကာ ဆောင်ရွက်ခြင်း မပြုနိုင်ရန် တားမြစ်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

Facebook ကတော့ “မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော တိုင်းရင်းသား အကြမ်းဖက်မှုများသည် ကြောက်မက်ဖွယ် ဖြစ်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို မုန်းတီးမှုဖြန့်နှံ့ခြင်း၊ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ သို့မဟုတ် နယ်ပယ် အသီးသီးတွင် အခြေအနေများ တင်းမာလာအောင် ဆောင်ရွက်ခြင်းများအတွက် အသုံးမပြုစေလိုပါ” ဟု ဖော်ပြ ထားသည်။

မြန်မာနိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု ဖြစ်စေသည့် အမုန်းစကားများ ဖြန့်ဝေမှု ဖြစ်စေနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး Facebook က ၂၀၁၈ ခုနှစ် ဧပြီလထဲတွင် သုံးသပ်မှုများပြုလုပ်ခဲ့ပြီးနောက် တပ်မတော်နှင့် ပတ်သက်နေသည် ဆိုသည့် စာမျက်နှာ ၄၀၀ ကျော်နှင့် အကောင့် ၁၀၀ ကျော်ကို Facebook စာမျက်နှာပေါ်မှ ပိတ်ပြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထိုအထဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကောင့်အပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော်က ထုတ်သည့် မြဝတီ စာမျက်နှာတို့လည်း ပါဝင်သည်။

အလားတူ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူ၏ လူမှုကွန်ရက် Facebook စာမျက်နှာကို အမုန်းစကား ပြောဆိုခြင်းများနှင့် သွေးထိုးလှုံ့ဆော်မှုများ ရေးသားခဲ့သည်ဟုဆိုကာ ၂၀၁၈ ခုနှစ်ထဲတွင် အပြီးတိုင် ပိတ်သိမ်းလိုက်သည်။

ဆက်စပ်ဖတ်ရှုရန် – ဦးဝီရသူ၏ ဖေ့ဘွတ်စာမျက်နှာ ဖြုတ်သိမ်းလိုက်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading