သတင်း

ဖမ်းမိထားသည့် ထိုင်း ၈၁ ဦးတွင် မူးယစ်မှုဖြင့် ဆက်နွယ်နေသူ ပိုများဟု UWSA ပြော

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ထဲတွင် ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား ၈၁ ဦးထဲတွင် အများစုက မူးယစ်ဆေးဝါးဖြင့် ဆက်နွယ်နေသူများဖြစ်ကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် တရားမဝင် ဝင်ရောက်လာသူများ ရှိနေကြောင်း စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က သတင်းပေးခဲ့ရာမှ UWSA နှင့် မိုင်းဆတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား ၈၁ ဦးကို ယခုလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုင်းဆတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ လွှဲပြောင်းပေးထားကြောင်း UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသ ဆက်ဆံရေးမှူးလည်းဖြစ် တာချီလိတ်ဆက်ဆံ ရေးရုံး တာဝန်ခံဖြစ်သူ ဦးဆမ်လော့က ပြောသည်။

ဦးဆမ်လော့ က “ရာခိုင်နှုန်း ၇၀ လောက်ကတော့ အဲလို (မူးယစ်ဆေးဝါးနှင့် ဆက်နွယ်မှု) မှန်တယ်။ တချို့တကယ် အမှန် ပတ်စ်ပို့ ပါလာတဲ့ လူကြတော့ ထိုင်းအစိုးရကို ပြန်အပ်မယ်ထင်တယ်။ မူးယစ်ဆေးဝါးတွေနဲ့ အတူ မိတဲ့လူတွေကျတော့ ကျနော်တို့ ဒီဘက်က ဥပေဒအတိုင်းတော့ ဆောင်ရွက် မှာပေါ့။ အခု ကျနော်တို့ဌာနဆိုင်ရာ ပေါင်းစုံနဲ့ ပူးတွဲနေ ပါတယ်။ ကျနော်တို့က သူတို့ လက်ထဲကို အပ်ပေး လိုက်ရုံပဲ၊ အမှုပိုင်ဆိုင်ရာ အားလုံးကို သူတို့လုပ်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၈၁ ဦးတွင် အမျိုးသား ၄၀ ဦးကျော်နှင့် အမျိုးသမီး ၃၀ ဦးရှိပါဝင်ပြီး ထိုအထဲမှ ၇၀ ရာခိုင်နှုန်း မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်ဆက်နွယ်ကြောင်း၊ တချို့မှာ ထိုင်းနိုင်ငံတွင် အမူတခုခု ဖြစ်၍ တိမ်းရှောင်လာသူများလည်း ပါဝင်သလို ထိုင်းနိုင်ငံက အမည်ပျက် စာရင်းသွင်းထားသူများလည်း ပါဝင်သည်ဟုဆိုသည်။

ထိုင်းနိုင်ငံသား ၈၁ ဦးဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်မည် ဆိုသည်နှင့် ပတ်သက်၍ မိုင်းဆတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ဧရာဝတီက ဆက်သွယ်မေး မြန်းရာ စိစစ်နေဆဲ ဖြစ်၍ အသေးစိတ် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

မိုင်းတုံမြို့နယ်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အဖွဲ့ဝင်လည်းဖြစ် ၂၀၁၀ ရွေးကောက်ပွဲ လွှတ်တော် အမတ်လည်းဖြစ်သူ စိုင်းဝင်းမြတ်ဦး က “ဖမ်းခံရတဲ့ အထဲမှာ မိန်းမတွေရော၊ ကလေးတွေရောပါတယ်၊ ထိုင်းတွေက ဒီအတိုင်းပဲ ဝင်ထွက်နေကြတာ၊ တချို့က မူးယစ်ဆေးဝါး လုပ်နေတဲ့သူတွေ၊ ထိုင်းက အမည်ဖျက် စာရင်း သွင်းခံထားရသူတွေလည်း ရှိတယ်။ အဲဒါကို ထိုင်းဘက်က အကူအညီတောင်းတယ်လို့ ကြားရတယ် ဖမ်းပေးဖို့လေ။ အဲဒါနဲ့ တရားမဝင် နေထိုင်မှုနဲ့ ဝင်ဖမ်း တာ ဖြစ်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခု ဖမ်းမိသည့် ဒေသတွင် UWSA နှင့် ထိုင်းသူဌေးများ လမ်းဖောက်လုပ်ခြင်း၊ အဆောက် အဦးများနှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်း စသည့် ကန်ထရိုက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုလုပ်ငန်း များတွင် ထိုင်းနိုင်ငံဘက်မှ လာရောက် အလုပ်လုပ်ကိုင်နေသူများ အများအပြားရှိကြောင်း ဒေသခံ တချို့ကလည်း ပြောသည်။

UWSA ဘက်ကတော့ အထက်ပါ ဖြစ်စဉ်မျိုးသည် ယခင်က မိမိတို့ နယ်မြေအတွင်း ဖြစ်ပွားမှု မရှိဘဲ ယခု ပထမဦးဆုံး ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများကို စိစစ်၍ ဖမ်းဆီး အရေးယူမှုများ အစဉ်တစိုက် လုပ်ဆောင်နေကြောင်း၊ အစိုးရ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ တရားမဝင် ဝင်ရောက် နေသူများအရေးကို စိစစ်လျက်ရှိကြောင်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading