သတင်း

ရှမ်းပြည်နယ်အစိုးရ လူထုနှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လူထုအကြား ဖြေရှင်းရမယ့် ကိစ္စရပ်များအား ဗဟိုမှဆောင်ရွက်ပေးရသည်မှာ သင့်တော်မှု မရှိသဖြင့် ပြည်သူလူထုနှင့် မကြာခဏ ထိတွေ့ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျိုင်းတုံ ဒေသခံများနှင့် တွေ့ဆုံစဉ်တွင် သတိပေးပြောဆိုသွားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ ရှမ်းပြည်နယ်အစိုးရနဲ့ လူထုအကြား ဆက်သွယ်ဆောင်ရွက်မှု ရှိသင့််သလောက်မရှိဘူးလို့ ပြောရမယ်၊ ကျမတို့ကို တင်ပြနေတဲ့ ကိစ္စတော်တော်များများက ပြည်နယ်အစိုးရနဲ့ ပြည်သူအချင်းချင်း ဖြေရှင်းရမယ့်ကိစ္စတွေပါ၊ ပြည်နယ်အစိုးရကနေ ပြည်နယ်လူထုနဲ့ ထိတွေ့မှုမြှင့်တင်ပါ၊ မကြာခဏတွေ့ပါ၊ လိုအပ်တဲ့ကိစ္စတွေကို ကိုယ်တိုင်ဖြေရှင်းပေး ပါ၊ ဗဟိုကလာပြီး ဖြေရှင်းရတယ်ဆိုတာ မသင့်တော်ပါဘူး” ဟု သတိပေးပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်လည်း ပါဝင်သည်ကို တွေ့ရသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ေထောင်စုကို ဦးတည်နေချိန်တွင် ပြည်နယ်အစိုးရများအနေဖြင့် ရပိုင်ခွင့်များရှိသကဲ့သို့ တာဝန်ယူရမှုများလည်း ရှိကြောင်း၊ အုပ်ချုပ်ရေးတာဝန်ယူထားသည့် အဖွဲ့အစည်းများနှင့် ပြည်သူများအကြားတွင် ပိုမိုနီကပ်စွာ ပွင့်လင်းဖြောင့်မတ်သည့် ဆက်ဆံမှုများလိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ရှမ်းပြည်နယ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် / Myanmar State Counsellor Office

ကျိုင်းတုံဒေသအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးနိုင်ရေးတောင်ဆိုမှုနှင့်ပတ်သက်ပြီး
ရေအားမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ပြည်သူလူထုအနေဖြင့် လိုလားပါက အတတ်နိုင်ဆုံးဖြစ်မြောက်အောင် ဆောင် ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့်လျှပ်စစ် ဓာတ်အားရရှိရေးကို သဘာဝအရင်းအမြစ်များအသုံးပြုကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ နည်းပညာအရလည်းကြည့်ရတယ်။ ဘဏ္ဍာရေး အရလဲကြည့်ရတယ်။ ဒေသခံပြည်သူလူထုရဲ့ သဘောထားကိုလည်း လေ့လာရပါတယ်။ အားလုံးကတိုက်ဆိုင်ပြီး သဟဇာ တဖြစ်တယ်ဆိုရင် ကျမတို့တွေ ဒီလိုစီမံကိန်းတွေအကောင်အထည်ဖော်ဖို့က အခက်အခဲတွေမရှိပါဘူး။ ကျမတို့နိုင်ငံမှာ သ ဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူလူထုရဲ့လိုအပ်ချက် နှစ်ခုကို အမြဲပဲကြည့်ပြီးတော့ ညှိရပါတယ်” ဟုပြောသည်။

ရှမ်းပြည်နယ်အစိုးရတာဝန်ရှိသူတွေကတော့ ကျိုင်းတုံဒေသအတွင်း ရေးအားလျှပ်စစ်စက်ရုံ ၇ ရုံအကောင်အထည်ဖော်ရေး အတွက် တိုင်တာမှုများပြုလုပ်ခဲ့သော်လည်း နမ့်လွေချောင်းပေါ်တွင် ၆၆ မဂ္ဂါဝပ်ထွက်ရှိသည့် စက်ရုံတရုံသာ လည်ပတ်နိုင် ပြီး ကျန်နေရာအများစုမှာ အထူးဒေသ ၄၊ မိုင်းလားနယ်မြေအတွင်း တည်ရှိသည့်အတွက် လုပ်ငန်းစတင်နိုင်ခြင်းမရှိ ကြောင်း ပြောသည်။

လျာထားတိုင်တာမှုများပြုလုပ်ထားသည့် ကျိုင်းတုံဒေသရှိ ရေအားလျှပ်စီစီမံကိန်များမှ လျှပ်စစ်ဓာတ်အား ၄၅၂ မဂ္ဂါဝပ် ထွက် ရှိနိုင်ကြောင်းလည်း အစိုးရအဖွဲ့ ခန့်မှန်းထားသည်။

တွေ့ဆုံပွဲတွင် ဆေးရုံနှင့်တက္ကသိုလ်အတွက် အဆင့်မြှင့်တင်မှုများ၊ ကျိုင်းတုံမြို့တွင်း ရေမြောင်းများရှင်းလင်းရေး၊ အသက် မွေးဝမ်းကျောင်းတက္ကသိုလ်တခုအား ဒေသတွင်းဖွင့်လှစ်ပေးရေး စသည်တို့ကို ဒေသခံများက တင်ပြတောင်း ဆိုခဲ့ကြ သည်။

ကူးစက်ရောဂါနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ပိတ်ထားသည့် မိုင်းလားနယ်မြေအတွင်းရှိ တရုတ်-မြန်မာနယ်စပ် ဂိတ်နှင့် ကျိုင်းတုံ- မိုင်းလား လမ်းတို့ကိုလည်း ဒေသတွင်းဖွံ့ဖြိုးရေးအတွက် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်လည်း တင်ပြ တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်များနှင့်ပတ်သက်၍ အချို့သောကိစ္စရပ်များမှာ ငြိမ်းချမ်းမှုမရှိခြင်းကြောင့် လုံခြုံရေးရှူထောင့်အရ လမ်း ပိတ်ထားမှုများလည်း ရှိကြောင်းပြန်လည်ရှင်းလင်းခဲ့ပြီး ဒေသတွင်းကိစ္စရပ်လေးများအား ဗဟိုသို့တင်ပြနေရမှုမှာလည်း သင့်တော်သည့်လုပ်ရပ်မဟုတ်ဘဲ ရှမ်းပြည်အစိုးရအနေဖြင့် ပြည်သူနှင့်များများထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်က သ တိပေးခဲ့သည်။

ရှမ်းပြည်နယ်သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့က တာချီလိတ်မြို့နှင့် မိုင်းယောင်မြို့ရှိ ဒေသခံများနှင့်လည်း တွေ့ဆုံခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading