• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင် စစ်ရှောင်များ နေရပ်ပြန်ရေး ကူညီမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

by နန်းလွင်နှင်းပွင့်
6 February 2019
in သတင်း
A A
ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ကချင်ပြည်နယ် အစိုးရနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၏အကူအညီဖြင့် နေရပ် ပြန်လာကြသော ကချင် စစ်ရှောင်များ  / Kachinwaves

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ကချင်ပြည်နယ် အစိုးရနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၏အကူအညီဖြင့် နေရပ် ပြန်လာကြသော ကချင် စစ်ရှောင်များ / Kachinwaves

37.1k
VIEWS
Share on FacebookShare on Twitter

ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရန် တပ်မတော်က ကူညီပေးမည်ဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်၊ မနက်ပိုင်းက ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့၊ ကက်သလစ် အသင်းတော်တို့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
2k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
540
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
6k

တွေ့ဆုံမှုတွင် ပါဝင်သည့် ကက်သလစ် အသင်းတော်မှ ဘုန်းတော်ကြီး နိုဝယ်နော်လတ်က “သူ့ (ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်) အနေနဲ့ တပ်ပိုင်းက ကူညီမယ် ဆိုတဲ့ အကြောင်း၊ မိုင်းရှင်းတာက အစ အင်ဂျင်နီယာ တပ်ကိုလည်း လိုအပ် ရင် ကူညီခိုင်းမယ် ဆိုတာရယ်။ နယ်လုံကနေ တဆင့် အစိုးရနဲ့ ညှိနှိုင်းပြီး ကူညီသွားမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကလည်း ကချင် ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အပေါ် ယနေ့ သတင်း ထုတ်ပြန် ထားရာ ထုတ်ပြန်ချက်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ကို အမြန်ဆုံး ပြန်ပြီး ကိုယ်ပိုင် အလုပ် များ လုပ်ကိုင်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်ဟုလည်း ပါရှိသည်။

ကတ်သလစ် အသင်းတော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့က တွေ့ဆုံစဉ် မြစ်ဆုံ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းပေးရေး၊ ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စနစ် အပေါ် ရပ်တည် ကြောင်းနှင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အကြောင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖက်ဒရယ်နှင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အကြောင်းအပေါ် ပြန်လည် ဆွေးနွေးခြင်း မရှိဘဲ စစ်ဘေးရှောင် အရေး၊ မြစ်ဆုံ စီမံကိန်းနှင့် ငြိမ်းချမ်းရေး အပေါ်တွင်သာ ပြန်လည် ပြောဆိုသည်ဟု ဆိုသည်။

ဘုန်းတော်ကြီး နိုဝယ်နော်လတ်က“ကျနော်တို့ စပြောဖြစ်တာကတော့ IDPs နေရပ်ပြန်ရေးက ၂၀၁၃ တုန်းက ၄ ရွာ ကိစ္စ ကို စပြော ဖြစ်တယ်။ တပ်ချုပ်က သူကတိပေးတာ တခုက ၄ ရွာတင် မကဘူး။ အားလုံးကို ပြန်ခိုင်းစေချင်တယ်လို့ ပြောပါ တယ်”ဟုလည်း ပြောသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား အပစ်အခတ် ရပ်စဲ ရေး အတွက် သဘောတူညီချက် တစောင်ကို နှစ်ဖက် လိုက်နာရန် ချမှတ်ခဲ့ကြပြီး ထို သဘောတူညီချက်တွင် အမည် အတိ အကျ ညွှန်းဆိုထားခြင်း မရှိသည့် ရွာ ၄ ရွာမှ စစ်ဘေးရှောင် ဒုက္ခသည် များကို နေရပ်ပြန်လည် ချထားရေး လုပ်ပေး ရန် ဟူ၍ ပါရှိသည်။

ကချင် ပြည်နယ်တွင် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှ ၂၀၁၈ ခုနှစ်အထိ ဖြစ်ပွားထားသည့် တိုက်ပွဲများကြောင့် အရပ်သား တသိန်းကျော်မှာ အိုးအိမ်များ စွန့်ကာ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရသည်။

၇ နှစ်တာ ကာလအတွင်း ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို အရပ်ဘက် အဖွဲ့အစည်းများကသာ အဓိက ကူညီခဲ့ရာမှ တပ်မတော်နှင့် ကချင်ပြည်နယ် အစိုးရဘက်မှ ပါဝင် ကူညီလာသည်မှာ အကောင်းဘက်သို့ မြင်ပေး၍ ရသည် ဟု ဘုန်းတော်ကြီး နိုဝယ်နော်လတ် က ဆိုသည်။

“အရင်တုန်းက ကျနော်တို့ ကချင်တွေ အဲဒီဘက်သွားရင် ၁၇ (၁)နဲ့ ဖမ်းနေတာကို အခု သူတို့ ကိုယ်တိုင် လိုက်ပို့တယ်။ အင်ဂျင်နီယာ တပ်ရင်းတွေနဲ့ မိုင်းရှင်းပေးတယ် ဆိုတော့ ပြောင်းလဲမှု တခုပေါ့။ သူတို့ နောက်မှာ အာဂျန်ဒါတွေ ရှိကောင်း ရှိမယ်။ တိုးတက်မှု တခုအနေနဲ့ အကောင်းဘက်ကနေ လက်ခံပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အပစ်ရပ်စာချုပ် မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပဏာမ အပစ်ရပ်စာချုပ် (Bilateral Agreement ) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ရေးထိုး နိုင်ရေး ညှိနှိုင်းရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက် အတွင်း ကချင်ပြည် နယ်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် တိုင်းစစ်ဌာနချုပ် ၅ တိုင်းတွင် အပစ်ရပ်ဆိုင်းပေးထားသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် ကျေးရွာမှ စစ် ဘေးရှောင် ဒုက္ခသည်များ အနက် အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၁၀၅ ဦး နေရပ်သို့ ပြန်နိုင်ရန် မိုင်းရှင်းလင်းရေး၊ ခြုံနွယ် များ ရှင်းလင်းရေး တို့ကို လုပ်ပေးပြီး စစ်ဘေးရှောင်များကို နေရပ်သို့ ပြန်ပို့ဆောင် ပေးခဲ့သည်။

ထို ၁၀၅ ဦးကို နေရပ်ပြန်လည် ချထားရေးတွင် ကက်သလစ် အသင်းတော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပြင် ကချင် ပြည်နယ် အစိုးရအဖွဲ့မှလည်း ပါဝင် ကူညီပေးခဲ့ပြီး တိုက်ပွဲကာ ၇ နှစ်တာ အတွင်း တပ်မတော်ဘက်မှ စစ်ဘေးရှောင်များ နေရပ်ပြန်လည် ချထားရေးအတွက် ပထမဆုံး ဆောင်ရွက်ပေးခြင်းလည်း ဖြစ်သည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက နမ်ဆန်ယန်သို့ ပြန်ရန် ထပ်မံ စာရင်း တင်ထားသည့် အိမ်ထောင်စု ၃၀ ခန့် ရှိနေပြီး စာရင်းတင်ထားသူများ ပြန်နိုင်ရန် တပ်မတော်က ထပ်မံ ကူညီမည် ဖြစ် ကြောင်း၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးတွင် မိုင်းရှင်းလင်းရေးနှင့် အခြား ကူညီမှုများ လုပ်ပေးရသည်မှာ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက် အပေါ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ဇန်နဝါရီလ ၃၀ ရက်က ပြောဆိုထား သည်။

ကက်သလစ် အသင်းတော်က နေရပ်ပြန်သူများ၏ ရေရှည် စားဝတ်နေရေးကို ထောက်ပံ့ပေးရန်လည်း အကူအညီ တောင်း ထားရာ တပ်မတော်ဘက်မှ ကူညီပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။

ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေထိုင်ရေး၊ စားဝတ်နေရေးများကို အဓိက ကူညီစောင့်ရှောက် ပေးနေသည့် အဖွဲ့ အစည်းတခု ဖြစ်သည့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွ့ဲချုပ် (KBC) က ဒုက္ခသည်များ နေရပ်ပြန်ရေးကို တပ်မတော်နှင့် KIA တို့ကြား ခိုင်မာသည့် သဘောတူညီချက် တစုံတရာ ရရှိပြီးမှ ဆောင်ရွက်ရန် စီစဉ်လျက် ရှိသည်။

နှစ်ဖက်တပ်များ သဘောတူညီမှု မရဘဲ နေရပ်ပြန်ပို့လိုက်ပါက စစ်ဘေးအန္တရာယ် တခုခုကြုံလျှင် တာဝန်ခံမည့်သူ မရှိဘဲ အရပ်သားများ ထပ်မံထွက်ပြေးရမည်ကို စိုးရိမ်ခြင်းကြောင့် အာမခံချက် ရှိနိုင်မည့် သဘောတူညီချက် ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီကို ဇန်နဝါရီလ အတွင်းက ပြောဆိုထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံသည့် အပေါ် မေးမြန်းရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ တာဝန် ရှိသူများကို ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

တပ်မတော်နှင့် KIA သည် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေး အပါအဝင် ပစ်ခတ်မှုများ ရပ်ဆိုင်းနိုင်ရေး အတွက် ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral Agreement) တခု ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး တရားဝင် တွေ့ဆုံခြင်းများ မရှိသေးပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်အရ KIA နှင့် သဘောတူညီမှုများ မရသေးလျှင်လည်း ပြန်လို့ရသည့် အနေ အထားတွင် ရှိပါက ညှိနှိုင်းပြီး ပြန်ပို့ရန် စီစဉ်မည်ဟု ကက်သလစ် အသင်းတော်က ယူဆကြောင်း ဘုန်းတော်ကြီး နိုဝယ် နော်လတ်က ဆိုသည်။

ဘုန်းတော်ကြီး နိုဝယ်နော်လတ်က“မဟုတ်ရင် ကျနော်တို့ လူတွေ နေရာက အကုန်ဆုံးရှုံးပြီး ဘာမှ ဖြစ်လာမှာ မဟုတ် ဘူး။ ကျနော်တို့ UN ရဲ့ စံနှုန်းကိုပဲ စောင့်နေမယ် ဆိုရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး”ဟုလည်း ပြောဆိုသည်။

Your Thoughts …
Tags: ကချင်စစ်ရှောင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ကချင်စစ်ရှောင်ဒုက္ခသည်စခန်းတခုကို ၂၀၁၄ ခုနှစ်အတွင်းက မြင်တွေ့ရစဉ် / ဧရာဝတီ

ကချင်စစ်ရှောင် ၁ သိန်းကျော် နေရပ်ပြန်ရေး အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းသွား

by ဧရာဝတီ
30 April 2021
9.5k

လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေး နေသည့် ကုလသမဂ္ဂ (UN) သည်လည်း အာဏာသိမ်း စစ်ကောင်စီကို အစိုးရတရပ်အနေဖြင့် ညှိနှိုင်းဆက်ဆံခြင်း မပြု လုပ်သေးသည့်အပြင် ကချင်ပြည်နယ်တွင်လည်း စစ်ရေး တင်းမာမှုများ ပြန်ဖြစ်ပွားနေသဖြင့် ဒုက္ခသည်များကို နေရပ် ပြန်ပို့ရေး...

နေရပ်ပြန် ကချင် စစ်ဘေးရှောင်များ  /  Kachinwaves

ကချင် စစ်ဘေးရှောင် ၁၀၀ ကျော် နေရပ်ပြန်

by နန်းလွင်နှင်းပွင့်
31 January 2019
14.1k

၂၀၁၁ ခုနှစ်၊ ထိတွေ့ တိုက်ပွဲတွေ ကချင်ပြည်နယ်မှာ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံး စတင် ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကနေ ဒီဇင်ဘာ လ ၂၁...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးနှင့်အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar )

ကချင်စစ်ရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်းသော်လည်း လုံခြုံမှု မရှိ၍ မပြန်နိုင်သေး

by ဧရာဝတီ
26 May 2023
2.4k

ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးမောက် စသည့် မြို့နယ်များမှ စစ်ရှောင်များကို နေရပ်သို့ပြန် ရန် တိုက်တွန်းမှုများရှိနေပြီး၂၀၂၃ ခုနှစ် အကုန်တွင် စစ်ရှောင်စခန်းများ ပိတ်သိမ်းနေရန် စီစဉ်နေခြင်း

Next Post
အလှမယ် ထက်ထက်ထွန်း / ဝေဝေနှင်း / ဧရာဝတီ

မြို့တော်စည်ပင် ရွေးကောက်ပွဲဝင်ပြိုင်မယ့်အကြောင်း ပြောလာတဲ့ အလှမယ် ထက်ထက်ထွန်း

အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ ‘ဘ’ ၅ လုံး (ရုပ်/သံ)

အခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ ‘ဘ’ ၅ လုံး (ရုပ်/သံ)

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

11 hours ago
6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate