သတင်း

တရမ့်-ကင် ဒုတိယထိပ်သီးဆွေးနွေးပွဲ ဗီယက်နမ်များ ကြို

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့အကြား ဒုတိယအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲအတွက် ဗီယက်နမ် နိုင်ငံကို ရွေးချယ်ကြောင်းကြားသိရပြီးနောက် ဗီယက်နမ်နိုင်ငံသား လူကြီးလူငယ်အားလုံးက ဝမ်းမြောက်နေကြကြောင်း AFP သတင်းအရ သိရသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံကို ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် ထိုအဆင့်မြင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်နေရာအဖြစ် ထရမ့်၏ ပြည်ထောင်စု အခြေပြမိန့်ခွန်းတွင် ကြေညာခဲ့သည်။

လွန်ခဲ့သော နှစ် ဇွန်လက စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲတွင် သမိုင်းဝင် လက်ဆွဲနှုတ်ဆက်ကာ ညူကလီးယားဖျက်သိမ်းရေးကို တိုတောင်းစွာကြေညာပြီးနောက် ယခု ဒုတိယအကြိမ်တွေ့ဆုံရန် စီစဉ်ခြင်းဖြစ်သည်။

ထိုရွေးချယ်မှုကြောင့် တချိန်က အမေရိကန်နိုင်ငံ၏ ရန်သူအဖြစ်မှ ယခု မဟာမိတ်ဖြစ်လာသည့် ဗီယက်နမ်ကို ဂုဏ်တက်စေခဲ့ပြီး ထိုလုပ်ဆောင်မှုကို ကြိုဆိုသော ဗီယက်နမ်မျိုးဆက်တခုအတွက် သင်္ကေတဖြစ်သည်။

“ကျနော်တို့နိုင်ငံဟာ အခု အနေအထားသစ်တခုကို ပိုင်ဆိုင်ပြီး ကမ္ဘာကလည်း ကျနော်တို့ကို ယုံကြည်ကြတယ်” ဟု အသက် ၈၂ နှစ်အရွယ် ကွန်မြူနစ်ပါတီဝင် ဖန်ဗန်သူးက ပြောသည်။ “ဒီထိပ်သီးဆွေးနွေးပွဲက ဗီယက်နမ်ကို ပိုမိုနားလည်ဖို့အထောက်အကူပြူလိမ့်မယ်” ဟုလည်း သူပြောသည်။

ဖေဖေါ်ဝါရီလ ၂၇ နှင့် ၂၈ ခုနှစ်တွင် ကျင်းပမည့် ထို ထိပ်သီးဆွေးနွေးပွဲအတွက် နေရာ အတိအကျကို မကြေညာသေးသော်လည်း မြို့တော် ဟနွိုင်း နှင့် ဆိပ်ကမ်းမြို့ဖြစ်သော ဒါနန်းဖြစ်မည်ဟု ကောလဟာလ ထွက်ပေါ်နေသည်။

ထို ထိပ်သီးဆွေးနွေးပွဲသည်နိုင်ငံ၏ ဖူးပွင့်စ ခရီးသွားလုပ်ငန်းကို တိုးချဲ့ပေးလိမ့်မည်ဟု မဟာဘွဲ့သင်တန်းကျောင်းသူ ငုယင်ဟုန်နန်း မျှော်လင့်နေသည်။

“ဗီယက်နမ်ဟာ လှပတဲ့နိုင်ငံဖြစ်တယ်၊ ဗီယက်နမ်တွေဟာ ဖေါ်ရွေတယ်ဆိုတာ လူတိုင်းကို ပြသဖို့ ကျမတို့ အခွင့်အလမ်း ရလိုက်တာပဲ” ဟုလည်း သူဆက်ပြောသည်။

ကင်၏ ပထမဆုံး ဗီယက်နမ်ခရီးဖြစ်သော ထိုအစီအစဉ်သည် မြောက်ကိုရီးယား ခေါင်းဆောင်အတွက် ကွန်မြူနစ်နိုင်ငံတော်အောက်တွင် အရင်းရှင်လေ့လာမှုဖြင့် စစ်ပြီးခေတ် စီးပွားရေး အသွင်ကူးပြောင်းမှု နမူနာပေးသည့် ခရီးလည်း ဖြစ်လာနိုင်ကြောင်း သုတေသီများကပြောသည်။

“မြောက်ကိုရီးယားဟာ အမေရိကန် ပိတ်ဆို့မှု မရုပ်သိမ်းမီက ဗီယက်နမ်လိုဖြစ်နေတယ်။ ဆင်းရဲတယ်၊ စီးပွားရေးအရလည်း အကန့်အသတ်တွေရှိတယ်” ဟုပြောပြီး နန်းက အထက်ပါသုံးသပ်ချက်ကို ထောက်ခံသည်။

ဖေ့ဘွတ်နှင့် အခြားလူမှုကွန်ရက်အသုံးပြုသူများသည် ၎င်းတို့၏ စာမျက်နှာများတွင် ထိပ်သီးဆွေးနွေးပွဲ အလားအလာအတွက် ဂုဏ်ယူဝမ်းမြောက်နေကြသည်။

စစ်အပြီးတွင် တောင်နှင့်မြောက်ဗီယက်နမ်တို့ ပြန်လည်ပေါင်းစည်းခဲ့ခြင်းမှ ကင်အနေဖြင့် စိတ်ဓါတ်အင်းအားရနိုင်သည်ဟု လူမှုကွန်ရက်သုံးစွဲသူတဦးကပြောသည်။

“ပြန်လည်ပေါင်းစည်းအပြီးမှာ နိုင်ငံတခုရဲ့ အစိတ်အပိုင်း ၂ ခုဟာ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ကင်အနေနဲ့လေ့လာနိုင်အောင် သူတို့တွေ ဗီယက်နမ်မှာတွေ့ကြတာ”ဟု ဂျီယာ ဟောင်းက Otofun.net တွင်ရေးသားသည်။

ကိုးကား ။ ။ AFP

Did you find apk for android? You can find new Free Android Games and apps.
Loading