• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမီးအရင်းကို အဓမ္မပြုကျင့်သူ ထွက်ပြေး လွတ်မြောက်နေ

by ဉာဏ်စိုးဝင်း
11 February 2019
in သတင်း
A A
ဦးရှုးရှုး၏ သားသမီး ၂ ဦးကို တွေ့ရစဉ်  / ဉာဏ်စိုးဝင်း / ဧရာဝတီ

ဦးရှုးရှုး၏ သားသမီး ၂ ဦးကို တွေ့ရစဉ် / ဉာဏ်စိုးဝင်း / ဧရာဝတီ

34k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ကမာဝက်မြို့နယ် ရှမ်းစု ကျေးရွာ (အနောက်ပိုင်း)တွင် ၇ နှစ် အရွယ် သမီးအရင်းအား မကြာခဏ အဓမ္မ ပြုကျင့်သည်ဟု အမှုဖွင့် ခံထားရသူ ထွက်ပြေး လွတ်မြောက်နေကြောင်း သတင်းရရှိသည်။

မွန်အမျိုးသား ပညာရေးကျောင်းမှ ဆရာမ ဒေါ်ကြည်ကြည်အေးက ဖေဖော်ဝါရီ ၄ ရက်တွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆၊ ၅၁၁ (မုဒိမ်းမှု/ ပြစ်မှု ကျူးလွန်ရန် အားထုတ်မှု)တို့နှင့် ကျူးလွန်သူ ဦးရှုးရှုးကို အမှုဖွင့်ထား သဖြင့် သွားရောက် ဖမ်းဆီးရာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ကမာဝက် နယ်မြေ ရဲစခန်းက ဒုရဲအုပ် အောင်မျိုးသိန်းက ပြောပြသည်။

RelatedPosts

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
21
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
97
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
980

ဒေါ်ကြည်ကြည်အေးက ဦးရှုးရှုး၏ သမီးသည် ဇန်နဝါရီ ၂၄ ရက်က စာသင်ကျောင်းသို့ လာရောက်စဉ် အဝတ်အစားများ ညစ်ပတ်နေ သဖြင့် ကလေးအား ရေချိုး သန့်စင်ပေးရာမှ မိန်းမ အင်္ဂါ ပုံစံ ပျက်နေသည်ကို သိရှိရခြင်း ဖြစ်ကြောင်း ဧရာ ဝတီကို ပြောသည်။

၎င်းက ဆက်လက်၍ “ကလေးကို မေးတဲ့အခါမှာ သူ့အမေ သေပြီးကတည်းက အဓမ္မ ပြုကျင့်ခံရတာလို့ ပြောတယ်”ဟု လည်း ပြောဆိုသည်။

ဧရာဝတီက ကျူးလွန်ခံရသူ ကလေးငယ်အား မေးမြန်းရာတွင်လည်း ဖခင်ဖြစ်သူမှာ ၎င်းအား ရိုက်နှက်ခြင်းများ အပြင် ထိုသို့ ကျူးလွန်ကြောင်း ပြောဆိုသည်။

ဦးရှုးရှုး၏ ဇနီးသည် အဆိပ်သောက်၍ သေဆုံးခဲ့ခြင်း ဖြစ်ကာ ၎င်းတွင် မယားပါ သား ၁ ယောက်၊ သမီးအရင်း ၁ ယောက် စုစုပေါင်း သားသမီး ၂ ဦး ရှိကြောင်း သိရသည်။

ကမာဝက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသိန်းက“ဆရာမဆီက ကြားကြားချင်း ဒီကလေးကိုရော၊ သူ့အဖေကိုရော ကျနော် တို့ ခေါ်လိုက်တယ်။ သိသိချင်း ခေါ်ယူပြီးတော့ စစ်ဆေး မေးမြန်းလိုက်တာပေါ့။ နောက်ပြီးတော့ ကလေးငယ်ကို လည်း ကျန်းမာရေး စစ်ဆေးဖို့ ဒီရွာမှာ ရှိတဲ့ ဝမ်းဆွဲဆရာမတွေ ခေါ်ပြီးတော့ ဒီကလေးရဲ့ ကျန်းမာရေး အခြေအနေတွေ ကိုလည်း ပေးစစ်ခိုင်းလိုက်ပါတယ်။ သူ့အဖေကိုလည်း ဆိုဆုံးမထားတာ ရှိတယ်”ဟု ဆိုသည်။

ထို့နောက် ကလေး ဖြစ်သူကို ဦးရှုးရှုး၏ ညီမထံသို့ ခံဝန်ချက် လက်မှတ်နှင့် အပ်နှံ၍ ထိန်းသိမ်းစေခဲ့ကြောင်း ဦးစောသိန်း က ပြောသည်။

ဇန်နဝါရီ ၂၆ ရက်တွင် ကလေးငယ်၏ အဒေါ်က ၎င်းနေအိမ်တွင် ကလေး မနေဟုဆိုကာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံသို့ ကလေး လာပြန်အပ် သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ၎င်းဖခင် ဦးရှုးရှုးထံသို့ ကလေးငယ်အား ပြန်လည် အပ်နှံလိုက် သဖြင့် ဒေါ်ကြည်ကြည်အေးက ကလေးအား ပြန်ခေါ်ပေးရန် အုပ်ချုပ်ရေးမှူးထံ တောင်းဆိုခဲ့ပြီး ၂ ရက်၊ ၃ ရက်ကြာမှ ကလေးငယ်အား ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

ဒေါ်ကြည်ကြည်အေးက“ကလေးကို ဒီအတိုင်း သူ့အဖေနဲ့ ပြန်ထည့်တဲ့ အခါကျတော့ ခံဝန်ချက် ဘယ်လိုပဲ ထိုးထိုး သူ့အ ဖေ အကျင့်က ဒီလိုပဲပြန်ဖြစ်မယ် ဆိုတဲ့အခါကျတော့ ကျမတို့ သူငယ်ချင်းတွေ တိုင်ပင်ပြီးတော့ ဒီကလေးကို ကျမတို့ တာဝန်ယူ ခေါ်ထားမယ်လို့ ရပ်ကွက်ရုံးမှာ လက်မှတ်ထိုးပြီး ကလေးကို ခေါ်ခဲ့တယ်”ဟု ပြောပြသည်။

ထိုနောက် နယ်မြေရဲစခန်းတွင် အမှု သွားဖွင့်ခဲ့ရာ တရားခံ မရှိပါက အမှုဖွင့် မရကြောင်း တရားခံ မိပြီးမှသာ အမှုဖွင့်ရန် ပြောဆိုခြင်းကြောင့် ဆရာမများက မော်လမြိုင်မြို့ရှိ လူမှု ဝန်ထမ်း ဦးစီးဌာနထံ သွားရောက် အကူအညီ တောင်းခံခဲ့ ကြောင်းလည်း ၎င်းက ပြောသည်။

မုဒုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် က အမှုဖွင့်ပေးရန် ကူညီခဲ့ကြောင်း သိရ သည်။

လွန်ခဲ့သည့် ၁ နှစ်ကျော်ကလည်း ဦးရှုးရှုးသည် ၉ နှစ် အရွယ် မယားပါသား၏ ဝမ်းဗိုက်ကို ဓားဖြင့် ခွဲခဲ့သဖြင့် ထောင်ကျဖူးသည် ဟု ဧရာဝတီ သတင်းဌာနက စုံစမ်း သိရှိရသည်။

ဦးရှုးရှုး၏ သားက“အရင်းမဟုတ်ဘူး ပထွေးပဲ။ သား ဘာမှ မလုပ်ဘူး၊ သားအိပ်နေတဲ့ အချိန် သားဗိုက်ကို ဓားနဲ့လှီးတယ်။ သားတို့ အမေလည်း မပြောရဲဘူးလေ”ဟု ပြောပြသည်။

ဦးရှုးရှုးသည် ထောင်မှ ပြန်လွတ်လာပြီး ၎င်း၏ မိခင်ကို ရိုက်နှက်မှုများ ရှိခဲ့ကာ တပတ် အကြာတွင် မိခင်ဖြစ်သူမှာ ကမာ ဝက်ရှိ သုသာန် ဇရပ်ပေါ်မှာ အဆိပ်သောက် သတ်သေသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ဦးရှုးရှုးမှာ ကလေးငယ် ၂ ဦးကို ညှဉ်းပန်းခဲ့သည့် အပြင် ၎င်းဇနီးကိုလည်း ငါးထိုးသည့် မှိန်းဖြင့် ထိုးခြင်း၊ ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ဒေါ်ကြည်ကြည်အေးက ပြောသည်။

အဓမ္မ ပြုကျင့်ခံထားရသည့် ကလေးငယ်အား မူခင်း ဆရာဝန်ဖြင့် ဆေးစစ်မှု ပြုလုပ်ထား ပြီး ထွက်ပြေးနေသည့် ဦးရှုးရှုးကို ဖမ်းဆီးရမိရေး အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် နယ်ထိန်း ခေါင်းဆောင် များက ရှာဖွေ စုံစမ်းနေကြောင်း ဒုရဲအုပ် အောင် မျိုးသိန်းက ပြောဆိုသည်။

Your Thoughts …
Tags: အဓမ္မမှု
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံခဲ့ရသူ ဇော်ဌေး  / မြောင်းမြမြို့မ ရဲစခန်း

မယားပါ သမီးကို အဓမ္မ ပြုကျင့်သည့် ပထွေး ထောင်၂၃ နှစ် ချမှတ်ခံရ

by ဆလိုင်းသန့်စင်
24 May 2019
55.3k

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ်တွင် မယားပါ သမီးဖြစ်သူအား အဓမ္မ ပြုကျင့်ခဲ့သည့် ပထွေး ဖြစ်သူကို မြောင်းမြ ခရိုင် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ကြောင်း

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့  / ဧရာဝတီ

တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်

by ဧရာဝတီ
18 November 2021
19.5k

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အဓမ္ဓပြုကျင့်ခြင်းအပြင် မရိုင်ဗန်း (အမည်လွှဲ) ၏ အမျိုးသမီးအင်္ဂါကို ပါ ကိုက်ဖြတ်ခဲ့သည့် ဒဏ်ရာကိုပါ ခံစားနေရပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သရုပ်ဆောင် လူမင်း / ဧရာဝတီ

“အစ်ကို ဖြစ်သူအတွက် ကျနော့် ဇနီးကလည်း မအိပ်နိုင်၊ မစားနိုင်တွေ ဖြစ်ခဲ့ရတယ်”

by ချစ်ပိုး
18 July 2018
87.3k

“ယောကျာ်းဖြစ်တဲ့ သူက အချုပ်ထဲကို တန်းဝင်ပြိး အချုပ်ထဲကနေမှ ရုံးချိန်း ထွက်ရှင်းရတယ် ဆိုတဲ့ ဥပဒေကြီးကလည်း အငြင်းပွားဖွယ်ရာ ဥပဒေကြီးပဲ။

အမျိုးသမီးနှင့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေး ရန်ကုန်တွင် ဆန္ဒပြကြစဉ် / ဧရာဝတီ

အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းသူများ အမှုဖွင့်ရန် ခက်ခဲနေ

by ထက်ခေါင်လင်း
29 May 2019
9.5k

အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အခါတွင် ဉာဏ်ရည်နိမ့်ပါးသည့် မသန်စွမ်းအမျိုးသမီးများတွင် အခြားသူများထက် ခံရမှု ၂ ဆဖြစ်ရကြောင်း၊ စော်ကားသွားသူများကို ရှာဖွေရန်နှင့် ဟန့်တားရန်တွင်လည်း အခက်အခဲများစွာရှိနေသည်

သရုပ်ဆောင် သီဟတင်စိုးတို့ မိသားစု  / Thiha Tin Soe's Facebook

“သူတို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်၊ အတိအကျတော့ မသိသေးပါဘူး”

by ချစ်ပိုး
19 July 2018
33.7k

"သူတို့ တရားစွဲတော စိ့တ်မကောင်းတော့ ဖြစ်မိတယ်။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့် အဖေကို ဝန်းရံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

RCSS ဗဟိုဌာနချုပ်တွင် တွေ့ရသည့် SSA တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

နမ္မတူက အမျိုးသမီး အဓမ္မကျင့်ခံရမှု RCSS အဖွဲ့ကို စစ်ဆေးရန် တောင်းဆို

by ဇင်လင်းထက်
17 July 2020
11.9k

ကျူးလွန်သူကို ထိရောက်သည့် အပြစ်ပေးရန်၊ အမှုကို အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေး ရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များကို တောင်းပန်ရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များ၏ အနာဂတ် လုံခြုံရေးကို တာဝန်ယူပေးရန် နှင့် နောက်ထပ် အဓမ္မပြုကျင့်မှုများ မဖြစ်ပွားစေရေး...

Next Post
သရုပ်ဆောင်ဒေါင်းနဲ့ ဒီဇိုင်နာ Zippy

မင်းသားဒေါင်းအတွက် ဝတ်စုံဖန်တီးပေးရလို့ ကျေနပ်တယ်ဆိုတဲ့ ဒီဇိုင်နာ Zippy

၂၁ ရာစုရဲ့စိန်ခေါ်မှုတွေကျော်လွှားဖို့ MIU က ဘာသာရပ်နှစ်ခု မိတ်ဆက် (ရုပ်/သံ)

၂၁ ရာစုရဲ့စိန်ခေါ်မှုတွေကျော်လွှားဖို့ MIU က ဘာသာရပ်နှစ်ခု မိတ်ဆက် (ရုပ်/သံ)

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.1k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate