သတင်း

ကရင်နီ လူထု ဆန္ဒပြပွဲ ရာဘာကျည်ဖြင့် ပစ်ခတ်ခံရမှု ၄ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရေး၊ ပြည်နယ် ဝန်ကြီးချုပ် နှုတ်ထွက် ပေးရေး ကန့်ကွက် ချီတက် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လမ်းပိတ်ဆို့မှုကို ဖောက်ထွက်ခဲ့သည့် ကန့်ကွက် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရေပိုက်များ၊ ရာဘာကျည်များ  အသုံးပြု၍ လူစုခွဲရာ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည့်အနက် ၄ ဦးမှာ မျက်နှာ၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ရာဘာကျည်များ ထိမှန်ခဲ့ ခြင်းဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီဒူးက ဧရာဝတီကို ပြောသည်။

“စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲကို ကရင်နီလူငယ်များ ဦးဆောင်သည့် လူအင်အား ထောင်ချီက  ယနေ့ (၇၂ နှစ်မြောက် ပြည် ထောင်စုနေ့) နံနက်ပိုင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး နေ့လယ် ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်၊ စီမံခန့် ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့နှင့် တွေ့ ဆုံညှိနှိုင်းရန် ကန္ဒာဟေဝန်ပန်းခြံရှေ့တွင် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

ကန့်ကွက် ဆန္ဒပြသူများက ဗိုလ်ချုုပ်ရုပ်တု စိုက်ထူးခြင်းနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နှုတ်ထွက်ပေးရေး၊ ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူထားသော ဗိုလ်ချုပ်ကြေးရုပ်တု ဖယ် ရှားပေးရေးနှင့် တရားစွဲခံထားရသည့် လူငယ် ၄၀ ကျော်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး ဟူသည့် အချက်များကို တောင်းဆိုထားကြောင်း သိရသည်။

ဝန်ကြီးချုပ်နှင့် တွေ့ဆုံတွေးနွေးရာတွင် အဆိုပါ အချက်များကို အဓိက ဆွေးနွေးသွားမည်ဟုလည်း ခွန်ဘီဒူးက ပြောသည်။

“အစိုးရဘက်က အဲဒါကို လိုက်လျောမယ် မလိုက်လျောဘူး။ ဘယ်လိုညှိနှိုင်းလုပ်မယ်ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တုကို ကယားပြည်နယ် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်ကာ ကန္ဒာဟေဝန်ပန်းခြံသို့ ဇန်နဝါရီ ၂၉ ရက်ကတည်းက သယ်ဆောင်နေရာချ ထားခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်မှုများကြားမှပင် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထောက်ခံပွဲနှင့်အတူ ဖွင့်ပွဲကိုပါ ပြုလုပ်သွားခဲ့ပြီး ဖြစ်သည်။

ထိုအကြာင်း အရာနှင့် ပတ်သက်၍ ကရင်နီလူငယ်များက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာတွင် ၂ ကြိမ်ဆက်တိုက် ဖြိုခွင်းခံခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading