• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကိုယ်စားလှယ်များနှင့် မလုံလောက်ဟု သမ္မတဟောင်း ပြော

by ထက်နိုင်ဇော်
16 February 2019
in သတင်း
A A
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ အမရပူရမြို့ နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ပြုလုပ်သည့် အလှူပွဲတခုသို့ ရောက်ရှိလာသော သမ္မတဟောင်း ဦးသိန်းစိန် / ဇော်ဇော်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ အမရပူရမြို့ နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ပြုလုပ်သည့် အလှူပွဲတခုသို့ ရောက်ရှိလာသော သမ္မတဟောင်း ဦးသိန်းစိန် / ဇော်ဇော်

40.4k
VIEWS
Share on FacebookShare on Twitter

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို အမှန်တကယ် ပြင်ဆင်မည် ဆိုပါက လွှတ်တော်ထဲမှ ကိုယ်စားလှယ်များနှင့် မလုံလောက်ဘဲ ဥပဒေပညာရှင်များ၊ တိုင်းရင်းသား အဖွဲ့ များ ပါဝင်သင့်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

မနေ့က မန္တလေး၊ အမရပူရမြို့ နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ပြုလုပ်သည့် အလှူပွဲတခုသို့ ရောက်ရှိလာပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနှင့် ဆွေးနွေးပြောဆိုစဉ် အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
81
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
196
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
209

“၁၆ နှစ်လောက် အချိန်ယူပြီးတော့ ရေးကြ၊ ဆွဲကြ၊ တိုင်ပင်ကြ၊ ဆွေးနွေးကြတာပေါ့။ တကယ့်တကယ့် ပြင်မယ်ဆိုရင် လွှတ် တော်ထဲက ကိုယ်စားလှယ်လောက်နဲ့ မလုံလောက်ဘူး။ လွှတ်တော်ထဲမှာ ဥပဒေပညာရှင် ဘယ်လောက်ပါမလဲ။ ဟိုမှာက ၁၀၀၀ ကျော်နဲ့ သွားရတာ။ တိုင်ပင်ဆွေးနွေး ညှိနှိုင်းပြီးတော့”ဟု ဦးသိန်းစိန်က ပြောကြောင်း သိရသည်။

တိုင်းပြည်အတွက် တကယ် ကောင်းစေချင်၍ ပြင်မည် ဆိုပါက အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည့် အစုအဖွဲ့ များကို ပြန်ပြီး ဖိတ်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ များ လည်း ပါဝင်မှသာ ကောင်းမွန်သည့် ပြင်ဆင်ချက်များ ဖြစ်လာလိမ့်မည်ဟုလည်း ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်က“လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ဘူး။ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်တော့ ပြင်တာကတော့ ပြင်သင့်ပြင်ထိုက်တဲ့ အချိန်အခါနဲ့ ကိုက်ညီအောင်တော့ ပြင်ရမှာပေါ့။ သို့သော် လွယ်လွယ်နဲ့ မပြင်ဖို့ လိုတယ်”ဟု မှတ်ချက်ပြုသည်။

သမ္မတဟောင်း ဦးသိန်းစိန်က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၏ သမိုင်းကို ရှင်းပြခြင် ဖြစ်ပြီး ၎င်းကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ စဉ်က ပါဝင်ဆောင်ရွက်ခဲ့ရ၍ အသေးစိတ် အခြေခံရမည့် မူများကိုလည်း သေချာလုပ်ဆောင်ခဲ့သည်ကို ရှင်းပြခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ အမရပူရ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းထွန်းဦး “တကယ်လို့ ပြင်ဆင်ကြမယ်ဆိုရင်လည်း တကယ့် ဥပဒေ ပညာရှင်တွေ၊ တတ်သိနားလည်တဲ့ ပညာရှင်တွေလည်း ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်လို့ ရှိရင် ပိုပြီးတော့ ပြည့်စုံကောင်းမွန်လိမ့်မယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းကဆက်၍ “တကယ်တော့ ဒီဟာကို သမ္မတကြီးက သတင်းလည်း မထုတ်ဘူး။ သူနဲ့ ကျနော် ပြောနေတာကို 7 Day TV က လှမ်းရိုက်ပြီး တင်လိုက်တာ။ အဲဒီတော့ ကျနော်ကိုလည်း (လူကြီးက) လှမ်းမေးတယ်။ သူ့တပည့်တွေတောင် ပေါ်ပေါ်တင်တင် ရိုက်တာ မဟုတ်ဘူး။ 7 Days က ဘယ်လိုလုပ်ရပြီး တင်လိုက်လဲ မသိဘူး။ ရသွားပြီး တင်လိုက်တော့ ကျနော်တောင် အားနာနေတာ။ ဆရာတော်ကြီးရဲ့ ဗိမ္မာန်တော် အပေါ်မှာ ဘယ်သူမှ မရှိဘူး။ ကိုယ့်လူတွေပဲ ရှိတာ”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ဦးသိန်းစိန် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ကြံ့ခိုင်ရေး ပါတီကလည်း လက်ရှိတွင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်မျာ းခန့်ထားရာတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော်များက တိုက်ရိုက်ရွေးချယ်နိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်သည့်ဥပဒေကြမ်းတခု ပြည်ထောင်စုလွှတ်တော်သို့ ပြီးးခဲ့သည့် ရက်ပိုင်းက တင်သွင်းထားသည်။

လက်ရှိတွင် အခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုင်းနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ ခန့်အပ်တာဝန်ပေးရခြင်းဖြစ်ရာ ယခုလိုပြင်ဆင်ရခြင်းသည် တိုင်းရင်းသားအခွင့်အရေး ပိုမိုရရှိစေရန် ကြိုးစားခြင်းဖြစ် ကြောင်း ယင်းဥပဒေကြမ်းကို တင်သွင်းခဲ့သူကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ပြောဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတခု ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတခုကို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ဖေဖော်ဝါရီလ ၈ ရက်နေ့က တင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့က ကန့်ကွက်သော်လည်း မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ရသည်။

ယင်းပူးပေါင်းကော်မတီ ဖွဲ့ စည်းရေးအတွက် နေပြည်တော်တွင် ညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ်က ၂ ကြိမ်တိုင်တိုင် ဦးဆောင်ကျင်းပခဲ့သော်လည်း တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့၏ ဝေဖန်ထောက်ပြမှုများ ကြောင့် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Your Thoughts …
Tags: ကြံ့ခိုင်ရေးဖွဲ့စည်းပုံ ပြင်ဆင်ရေးသမ္မတဟောင်း ဦးသိန်းစိန်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

by ဉာဏ်သစ်
22 December 2024
4.6k

သတင်း စုဆောင်းရေး နည်းနာများကို လေ့ကျင့်ထားသည့် လက်ရွေးစဉ် ကြံ့ခိုင်ရေး အသင်းသားများက တရားဝင် ထောက်လှမ်းရေး အဖွဲ့များနှင့် လက်တွဲကာ လှုပ်ရှားနေသည်။

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

ဒီပဲယင်း…

ဒီပဲယင်း…

by စိုးအောင်ဆန်း
25 August 2024
2.2k

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

တနင်္ဂနွေနေ့တွင် နေပြည်တော်၌ ကျင်းပသော အခမ်းအနား တက်ရောက်လာသူ သမ္မတဟောင်း ဦးသိန်းစိန်ကို အာဏာသိမ်းခေါင်းဆောင်က အလေးပြုနေစဉ်

နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ

by ဧရာဝတီ
31 March 2022
15.7k

တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားများ၏ အစိတ်အပိုင်းအဖြစ် အာဏာသိမ်းခေါင်းဆောင်က အငြိမ်းစား စစ်အရာရှိ ၂၅ ဦးကို ဂါရဝပြုခဲ့သည်။

၇၄ကြိမ်မြောက် တပ်မတော်နေ့အတွက် ဝတ်စုံပြည့်လေ့ကျင့်သည့် အခမ်းအနား / CINCDS

စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
5 October 2022
17.8k

စစ်တပ်ရာထူး အပြောင်းအလဲသည် စစ်ခေါင်းဆောင် သဘောကျသူများအား ရာထူးတိုးပေးခြင်း ဖြစ်ပြီး အနာဂတ် စစ်ဘက်နှင့် အရပ်ဘက် တာဝန်များတွင် ခေါင်းဆောင်အဖြစ် ရာထူးပေးရန် လျာထားခံရသူများ ဖြစ်နိုင် ကြောင်း

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ရှမ်းပြည် ပင်လုံမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့စဉ် / ဧရာဝတီ

NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

by အေးချမ်းဆု
10 May 2022
30.3k

တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အာဏာခွဲဝေရေး ဆိုသည်မှာ လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။

Next Post
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် သန်းစိုး / ထက်နိုင်ဇော် / ဧရာဝတီ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ လုပ်ရပ် အာဏာရှင် မဆန်ဖို့ တပ်မတော် တိုက်တွန်း

နယ်ပယ်အသီးသီးမှာ အောင်မြင် ထင်ရှားနေကြတဲ့ ကမ္ဘာကျော်များ

ကျောင်းပညာရေးမှာ ညံ့ဖျင်းခဲ့ကြပေမယ့် ကမ္ဘာကျော် ဖြစ်လာသူများ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate