အာသံနှင့် မဏိပူရ လက်နက်ကိုင်များ ခိုလှုံခွင့် တောင်းခံခြင်းကို မြန်မာအစိုးရနှင့် တပ်မတော်မှ လုံးဝပယ်ချလိုက်ပြီး ပိုင်နက်မှ ချက်ခြင်းထွက်သွားရန် တောင်းဆိုလိုက်ကြောင်း အိန္ဒိယအခြေစိုက် Deccan Chronicle သတင်းကဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ သတ်မှတ်ထားသည့် စခန်းများတွင် ခိုလှုံခွင့်ပေးရန် မြန်မာစစ်တပ်သို့ အိန္ဒိယသူပုန် အဖွဲ့ များက အသနားခံနေကြောင်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနရှိ လုံခြုံရေး အာဏာပိုင် သတင်းရင်းမြစ်တခု၏ ပြောကြား ချက်ကို အဆိုပါ သတင်းတွင် ဖော်ပြထားပြီး၊ ထိုသို့ လက်နက်ကိုင်တို့၏ အသနားခံချက်ကို မြန်မာဘက်မှ ပယ်ချလိုက်ရုံ သာမက နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)ဌာနချုပ်ရှိရာ နန်းယွန်းမြို့နယ် တာဂါဒေသသည် မြန်မာတပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိကြောင်း ဆိုသည်။
အဆိုပါ တာဂါဒေသရှိ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၏ ဗဟိုဌာနချုပ် တကားစခန်းကို အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာ မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ဝင်ရောက် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
NSCN-K ဌာနချုပ်ကို မြန်မာတပ်များမှ ဝင်ရောက်ထိန်းချုပ်ပြီးနောက် လက်နက်ကိုင်များထံမှ လက်နက်အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
ယခုအခါ စခန်းတွင်း မြန်မာတိုင်ရင်းသား မဟုတ်သူများကို ရှာဖွေစစ်ဆေးမှုများ စတင်နေပြီး၊ မြန်မာမဟုတ်သည့် သူပုန် အုပ်စုများ၏ ကေဒါအားလုံးကို မြန်မာဘက်ခြမ်းမှ ထွက်သွားရန် တောင်း ဆိုထားကြောင်း၊ အကယ်၍ မည်သည့် နိုင်ငံခြား သား(သို့မဟုတ်)ကျူးကျော်ဝင်ရောက် လာသူများကို ၎င်းတို့စခန်းများတွင် ခိုလှုံခွင့် ပေးထားကြောင်းတွေ့ ရှိပါက ဆိုးဝါး အကျိုးဆက်များကို ခံစားရ မည်ဟု NSCN-K ကို မြန်မာစစ်တပ်က သတိပေးထားကြောင်း သတင်းရင်း မြစ်များက ပြောသည်။
ယင်းသို့ သတိပေးထားသည့်အတိုင်း မြန်မာစစ်တပ်က တာဂါကျေးရွာရှိ NSCN-K စခန်းအတွင်း ကေဒါလှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း၊ NSCN-K တပ်သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသည်ဟု အတိအလင်းပြောဆိုထားသည့် တပ်ဖြစ် ကြောင်း ဆိုသည်။
NSCN-K သည် မြန်မာ၊ အိန္ဒိယနှင့် နာဂတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးအထမြောက်ရန် ကြိုးပမ်း နေသော်လည်း မြန်မာဘက်မှ နာဂလက်နက်ကိုင်များကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်သို့ ပါဝင်ရန်သတိပေးနေစဉ်အတွင်း မြန်မာအစိုးရကပင် ယင်းနယ်မြေကို အုပ်ချုပ်သွားနိုင်ချေ ရှိနေသည် ဟုလည်း ရေးသားထားသည်။
အိန္ဒိယ သူပုန်အဖွဲ့များကို ကျူးကျော် ဝင်ရောက်လာသူများ အဖြစ် မြန်မာဘက်က အခိုင်အမာ သတ် မှတ်ထားခြင်းကြောင့် မြန်မာဘက်ခြမ်းတွင် ၎င်းတို့အသက်ဆက်နိုင်ရေးမှာ ခက်ခဲနေကြောင်း၊ တာဂါ ဒေသတွင် စခန်းအမြောက်အမြားကို စစ်တပ်က ဖြိုဖျက်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနောက် မြောက် ပိုင်းရှိ အစိုးရအာဏာစက် သက်ရောက်မှု နည်းပါးနေ သော နယ်မြေများသို့ မြန်မာစစ်တပ်က စတင်ထိန်းချုပ်နေကြာင်း၊ အိန္ဒိယနယ်စပ်တွင် အခိုင်အမာ ထိန်းချုပ်နိုင်အောင် လည်း လုပ်ဆောင် နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ထို့အတွက် အာသံနှင့်မဏိပူရတို့မှ သူပုန်အဖွဲ့များသည် အိန္ဒိယနယ်စပ်ဘက်သို့ စတင်၍ နောက် ကြောင်းပြန်နေကြပြီး အိန္ဒိယပိုင်နက်ထဲ ဝင်ရောက်နိုင်အောင် ကြိုးစားနိုင်ချေ ရှိနေသည်။
မြန်မာဘက်ရောက်ရှိနေသည့် အိန္ဒိယစစ်သွေးကြွအရေအတွက်မှာ အတိအကျမသိရသော်လည်း အနည်းဆုံးအင်အား ၂၀၀၀ ခန့်ရှိမည်ဟု လုံခြုံရေးအေဂျင်စီများက ယုံကြည်ထားသည်။
ယင်းတို့အထဲတွင် အာသံစည်းလုံးညီညွတ်ရေးတပ်ဦးမှ တပ်ဖွဲ့ဝင် ၁၅၀ ခန့်နှင့် ဘိုဒိုလန်း အမျိုးသားဒီမိုကရက်တစ်တပ်ဦးမှ ၁၀၀ ခန့် ပါဝင်သည်။
ဆက္စပ္လင္ခ့္ – အိန္ဒိယ သူပုန်များကို လက်ခံထား၍ နာဂ ဌာနချုပ်ကို သိမ်းကြောင်း တပ်မတော်ထုတ်ပြန်