• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် နှင့် RCSS တိုက်ပွဲ ၂ ဦးသေဆုံး

by နန်းလွင်နှင်းပွင့်
19 February 2019
in သတင်း
A A
လွယ်တိုင်းလျဲန်း ဌာနချုပ် စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသော RCSS/SSA အဖွဲ့များ  / ကျော်ခ  / ဧရာဝတီ

လွယ်တိုင်းလျဲန်း ဌာနချုပ် စစ်ရေးပြ အခမ်းအနားတခုတွင် တွေ့ရသော RCSS/SSA အဖွဲ့များ / ကျော်ခ / ဧရာဝတီ

21.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် တံခွန်တိုင် ကျေးရွာ အနီးတွင် တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ တိုက်ပွဲ ဖြစ်ပွားပြီး RCSS တပ်ဖွဲ့ဝင်၂ ဦး သေဆုံးသည်ဟု သတင်း ရရှိ သည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“၁၁ နာရီလောက်မှာ အရပ်ဝတ်နဲ့ အင်အား ၅ ယောက်လောက်က တပ် လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို လက်နက်ငယ်နဲ့ စပစ်တယ်။ တပ်ကနေ ပြန်ပစ် တော့ ထိတွေ့မှု ဖြစ်တယ်။ သူတို့ အရပ်ဝတ်နဲ့ အလောင်း ၂ လောင်းရယ် သေနတ် တလက်ရယ် လက်ပစ်ဗုံး ၁ လုံး ရယ် ရလိုက် ပါတယ်”ဟု ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
66
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
654
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
11

တံခွန်တိုင် ကျေးရွာအတွင်း RCSS မှ ရှမ်းစာနှင့် ရေးသားပြီး ငွေကြေး ကောက်ခံနေသည့် စာရွက်ကို ရရှိထားသဖြင့် ရွာ အနီးတွင် ကြိုရောက်နေပြီး လုံခြုံရေး ယူထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဆက်ကြေး ကောက်တဲ့ စာရွက်လည်း ကျနော်တို့ ရပါတယ်။ ဆိုင်တဆိုင်ကို ငွေသိန်း ၁၀၀ ဆိုပြီး တွေ့ပါတယ်။ အိမ်တွေတော့ အတိအကျ ကျနော်တို့ မသိဘူး။ စာရွက်တရွက် ရထားတာကတော့ သိန်း ၁၀၀ လို့ ရေးထားတယ်”ဟု ပြောသည်။

RCSS အနေဖြင့် ငွေကြေး မကောက်ခံကြောင်း ငြင်းဆိုမှုများ ရှိသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျေးရွာများ တွင် ငွေကြေး အမှန်တကယ် ကောက်ခံနေပါသည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

ကျောက်မဲ ဇီဝိတ လူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ယနေ့နံနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲနေရာတွင် အရပ်သားများ ထိခိုက်မှု ဖြစ်ပွားခြင်းနှင့် သွားရောက် ကယ်ဆယ် ကူညီပေးရခြင်းများ မရှိဟု ပြောသည်။

ဦးတင်မောင်သိန်းက“ကျနော်တို့ ကျောက်မဲ ဧရိယာမှာ လက်နက်ကိုင် ၃ ဖွဲ့ ရှိပါတယ်။ SSPP/SSA ဝမ်ဟိုင်းလို့ သိကြ ပါတယ်။ နောက်တဖွဲ့က RCSS/SSA၊ နောက်တဖွဲ့က TNLA ပေါ့။ ကျနော်တို့ ဒေသမှာ မြို့မှာကတော့ ရာသီလေးနဲ့ ကောက်တာ ရှိပါတယ်”ဟု ပြောသည်။

မိုးမကျခင် ကာလတွင် အခွန်အဖြစ် အဖွဲ့တိုင်းက ငွေကြေး ကောက်ခံပြီး ပေးဆောင်ရသည့် လုပ်ငန်းရှင်များကလည်း လုံခြုံ ရေး အရ အဆင်ပြေစေရန် ညည်းညူ ပြောဆိုခြင်း မရှိသလို ငွေကောက်ခံသည် ဟူသည့် သတင်းများသာ ဒေသ ခံများကြား ကြားသိရပါသည်ဟု ဦးတင်မောင်သိန်းက ဆိုသည်။

ဧရာဝတီမှ RCSS ၏ ပြောရေး ဆိုခွင့် ရှိသူများကို မေးမြန်းရန် ဆက်သွယ်သော်လည်း မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီလ အတွင်း ထုတ်ပြန်သည့် သတိပေး ထုတ်ပြန်ချက်၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ အရပ်သားများ အပေါ် ငွေကြေး ကောက်ခံမှုများကို နယ်မြေ ဒေသ အလိုက် အကြိမ်အရေ အတွက်များ ဖော်ထုတ် ရေးသားထားသည်။

ထိုထုတ်ပြန်ချက်၌ RCSS သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်တို့ရှိ ကျေးရွာများတွင် ၃ ကြိမ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုးနဲ ဒေသ အနောက်ဘက်ခြမ်းတွင် ၅ ကြိမ် ငွေကြေးများ လိုက်လံ ကောက်ခံနေ ကြောင်း ပါရှိသည်။

ဇန်နဝါရီလ အတွင်းကလည်း နမ္မတူမြို့နယ်တွင်းက အိမ်ထောင်စု ၃၆၀ ကျော်ကို တအိမ်လျှင် ကျပ် နှစ်သောင်းခွဲ နှုန်း ဖြင့် သိန်း ၉၀ ကျော် RCSS က ကောက်ခံသည်ဟု ဒေသခံများက ပြောဆိုကာ လွှတ်တော် အမတ်များ၊ ဌာနဆိုင်ရာ များ ကို ကူညီပေးရန် စာပို့ခဲ့ကြသည်။

တိုက်ပွဲများကြောင့် မကြာခဏ ပြေးနေရသဖြင့် တောင်းသည့် ငွေ မပေးနိုင်ကြောင်း ဒေသခံများက ပြောဆိုခဲ့ကြပြီး တချို့ ရွာများမှာလည်း ဆန်များ ပေးခဲ့ရကြောင်း ပြောဆိုနေကြသော်လည်း RCSS က နမ္မတူ မြို့နယ်တွင်း ငွေ မကောက်ခံကြောင်း ပြန်လည် ငြင်းဆိုထားသည်။

RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်များ ဝင်ရောက် လှုပ်ရှားလာသည်။

တပ်များ တိုးချဲ့ လှုပ်ရှားလာသဖြင့် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ကပါ TNLA နှင့် မဟာမိတ်ဖွဲ့၍ RCSS ကို တိုက်ခိုက်လျက် ရှိသည်။

တပ်မတော်၏ ဇန်နဝါရီလ အတွင်း ထုတ်ပြန်ချက်၌ RCSS တပ်ဖွဲ့များ နယ်မြေကျော် လှုပ်ရှားနေသည့် နေရာများမှ ဖေဖော်ဝါရီလ ၁၂ ရက် နောက်ဆုံးထား ဆုတ်ခွာပေးရန် သတိပေးထားသည်။

RCSS သည် ၂၀၁၆ ခုနှစ် ဝန်းကျင်က နယ်မြေကျော် လှုပ်ရှားသည် ဆိုသည့် အချက်ကို ငြင်းဆန်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် အတွင်း ဧရာဝတီမှ RCSS ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဦးကို မေးမြန်းထားချက်များတွင် ၎င်းတို့ အဖွဲ့သည် ရှမ်းလက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်တွင်း မည်သည့် နေရာမဆို လှုပ်ရှားနိုင်ပြီး အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း အတူတကွ ယှဉ်တွဲ နေထိုင်ရေးကို ညှိနှိုင်းလိုသည်ဟု ပြောဆိုထား သည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ကလည်း ၂၀၁၈ ခုနှစ်အတွင်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် နယ်မြေ သတ်မှတ်မှု မရှိသည့် ရှမ်းပြည်နယ်တွင် မည်သည့် နေရာမဆို လှုပ်ရှားခွင့် ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS တပ်ဖွဲ့များ သည် ယခင်ကတည်းက လှုပ်ရှားခဲ့သည်ဟု ပြောဆိုထားသည်။

RCSS နှင့် တပ်မတော်ကြား NCA ထိုးပြီး နောက်ပိုင်းတွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး တပ်နေရာ ချထား ရေး ညှိနှိုင်းမှုများလည်း မလုပ်နိုင်သဖြင့် ပြေလည်ခြင်း မရှိပါ။

NCA အရ ဖွဲ့စည်းထားသည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ-ပြည်နယ် အဆင့် (JMC-S) အစည်းအဝေးများ တရားမျှတမှု မရှိဟု ဆိုကာ အစည်းအဝေးများတွင် ပါဝင်မှု ယာယီ ဆိုင်းငံ့သည်ဟု RCSS ဘက်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ကြေညာထားသည်။

ဆက်စပ် ဖတ်ရှုရန် –

RCSS သိမ်းသွားသည့် ပစ္စည်းများ ပြန်ရရှိပြီဟု တပ်မတော်ပြော

RCSS တောင်းသည့် ပိုက်ဆံ မပေးနိုင်၍ နမ္မတူဒေသခံများ ဒုက္ခရောက်နေ

Your Thoughts …
Tags: RCSSတပ်မတော်တိုက်ပွဲ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.5k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

Next Post
ယနေ့ လွှတ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဗိုလ်မှူးချုပ် မောင်မောင် / ထက်နိုင်ဇော် / ဧရာဝတီ

ဖွဲ့စည်းပုံကို ပါတီ တစုတဖွဲ့က လိုသလို ပုံစံပြောင်းလျှင် နိုင်ငံအခြေ ယိုင်သွားနိုင်ကြောင်း တပ်မတော် သတိပေး

စာရင်းအင်း ကဏ္ဍတွင် အမျိုးသမီးများ အလုပ်လျှောက်ထားမှု ပိုများလာသည်

စာရင်းအင်း ကဏ္ဍတွင် အမျိုးသမီးများ အလုပ်လျှောက်ထားမှု ပိုများလာ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate