အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အကျိုးစီးပွား ဦးစားပေးသည့် စီးပွားရေး ကော်ပိုရေး ရှင်းကြီးများအား ထောက်ခံသူများ ကျေနပ်စေရန် ထိလွယ်ရှလွယ်သည့် နျူကလီးယား နည်းပညာကို ဆောဒီအာရေဗီးယား သို့ ရောင်းချရန် အစီအစဉ် ရှိမရှိကို အမေရိကန် လွှတ်တော်အမတ်များက မေးမြန်းနေကြောင်း သိရသည်။
ထိုသို့ ဖြစ်လာရခြင်းမှာ ပြီးခဲ့သည့် နှစ်လက သမ္မတ ထရမ့်၏ သားမက် ဂျာရတ်ကက်ရှ်နာနှင့် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်မန်တို့ အကြား တွေ့ဆုံဆွေးနွေးမှု စာရွက်စာတမ်းများကို အိမ်ဖြူတော်မှ ထုတ်ဖော်ရန် အောက်လွှွှတ် တော် ကြီးကြပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ လွှတ်တော်အမတ် အီလီဂျကန်မင်က တောင်း ဆိုခဲ့ခြင်းမှ စတင်၍ ပေါ်ပေါက် လာခြင်း ဖြစ်သည်။
ယင်းလွှတ်တော်ကော်မတီမှ ထွက်ပေါ်လာသော ကနဦးအစီရင်ခံစာတွင် “ထိရှလွယ်သည့်နည်းပညာကို ဆော်ဒီသို့ ပေးရန် အတွက် လွန်ကဲစွာ ပုဂ္ဂလိက ကိုယ်ကျိုး စီးပွားရှာခြင်းကို အင်တိုက် အားတိုက် ဖိအားပေးပါကြောင်း” ဖော်ပြထားသည်။
အလွှာစုံမှထောက်ပြဝေဖန်သူများအနေဖြင့် အကျိုးစီးပွားပဋိပက္ခနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ရာဇဝတ်မှု ဆိုင်ရာ ပြဋ္ဌာန်းချက် များ ရှုပ်ထွေးလာနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ကော်မတီက သတိ ပေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များကော်မတီသည် ပြီးခဲ့သည့်လကတည်းက ပြိုင်ဘက်ဒီမိုကရက်တစ် ပါတီ ဦးဆောင်လျက် အဆိုပါကိစ္စအပေါ် စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည့်အလျောက် ယင်းသို့ သတိပေး ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေးဗီးယားမှာ နျူကလီးယား စက်ရုံ တည်ဆောက် လည်ပတ်နေခြင်းနှင့် ဆက်စပ်သည့် ကန်ထရိုက် သဘော တူ ညီချက်များဖြင့် ဒေါ်လာဘီလီယံ ပေါင်းများစွာ မြတ်စွန်းနိုင်ရန် အတွက် ထိုစီးပွားဖြစ် လုပ်ငန်းများ ရပ်တည်လျက်ရှိ နေကြောင်း၊ မျက်မှောက်ကာလ သမ္မတထရမ့်နှင့် ၎င်းအစိုးရတို့နှင့် ထိုလုပ်ငန်းများ အနီးကပ်ရှိနေပြီး အကြိမ်ကြိမ် ဆက်သွယ် လုပ်ကိုင်ခဲ့ကြကြောင်း” အဆိုပါအစီရင်ခံစာက ဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် ပုဒ်မ ၁၂၃ ဟုခေါ်သည့် သဘောတူညီချက်များ မပါဝင်ဘဲ အခြား တိုင်းပြည်များသို့ နျူကလီးယား နည်းပညာကို တရားဝင်လွှဲပြောင်းခွင့်မရှိချေ။
ယင်းပုဒ်မ ၁၂၃ ပြဋ္ဌာန်းချက်မှာ နျူကလီးယားကို ငြိမ်းချမ်းသည့် စွမ်းအင်သုံးစွဲမှု အတွက်သာ ဖြစ်ရမည်ဟု ဖော်ပြထားသည်။
ဒေသတွင်းပြိုင်ဘက် အီရန်နှင့် တင်းမာမှုအရှိန်တက်နေစေရန်အတွက် ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူ ဖြစ်သည့် ဆော်ဒီ အာရေးဘီးယား အနေဖြင့် အမေရိကန် နည်းပညာသုံး၍ နျူကလီးယားဗုံး ပြုလုပ် လာမည်ကို လွှတ်တော်ကော်မတီက စိုးရိမ်ပူပန်နေသံများ ထွက်ပေါ်လာခဲ့သည်။
ဆော်ဒီအာရေဘီးယားရှိ နျူကလီးယားစက်ရုံ တည်ဆောက်ရေးအတွက် ဦးဆောင် အကောင်အထည် ဖော်ပေးခဲ့သော ကုမ္ပဏီမှာ IP3 International ကုမ္ပဏီဖြစ်ပြီး ၂၀၁၆ ခုနှစ်က အငြိမ်းစားပေးခြင်း ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ် ဖလင်း အကြံပေး အဖြစ် ဆောင်ရွက်နေသော လုပ်ငန်းခွဲဟု အမေရိကန်လွှတ်တော်ကော်မတီက ပြောသည်။
မိုက်ကယ် ဖလင်းသည် ရုရှားနှင့်လျှို့ဝှက် ဆက်သွယ်ခဲ့မှုဖြင့် မနုတ်ထွက်ရမီက ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေး အဖြစ် ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့သေးသည်။