သတင်း

ဂျာမန်သတင်းသမားများကို တိုက်ခိုက်သော ရိုဟင်ဂျာ ၁၁ ဦးဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ယူခီရာ ခရိုင်ခွဲမှ ကုတုပလောင်ရှိ လမ်ဘက်ရှီရာ စခန်းတွင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးနေ သော ဂျာမန် ရုပ်သံသတင်းသမား ၃ ဦးနှင့် ၎င်းတို့၏ ဝန်ထမ်းများကို ဝင်ရောက် ရိုက်နှက်မှုဖြင့် ဘင်္ဂါလီ(၎င်းတို့အခေါ် ရိုဟင်ဂျာ) ၁၁ ဦးကို မနေ့က ဖမ်းဆီးလိုက်သည်။

ဂျာမန်ရုပ်သံလုပ်ငန်း ARD မှဝန်ထမ်း ၃ ဦးဖြစ်သော အသက် ၆၁ နှစ်အရွယ် ကင်မရာသမား ဂန်ဒါ စတက်ဂနာ၊ အသက် ၄၉ နှစ်အရွယ် စတက်ဖနီ အက်ပဲနှင့် အသက် ၄၄ နှစ်အရွယ် အာနီကို လူ့ဘ်၊ ဘင်္ဂလားဒေ့ရှ် ဝန်ထမ်း မိုဟာမက် ရှီဟာ ဘတ်ဒင်တို့ ရိုက်နှက်ခံပြီး အနီးရှိဆေးရုံတွင် ကုသမှု ခံယူနေရသည်။

ရိုက်နှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦးနှင့် ၎င်းတို့၏ ကားသမားတို့လည်း ထိခိုက်ဒဏ်ရရခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပုဂ္ဂလိက ရုပ်သံလိုင်း ဘွိုင်ရှကီ မှထုတ်လုပ်ရေး အကြီးအကဲလည်း ဖြစ်သူ ရှီဟာဘတ်ဒင်က ယူခီရာက ရဲစခန်းတွင် အမှုဖွင့်သောကြောင့် ဘင်္ဂါလီ(၎င်းတို့အခေါ် ရိုဟင်ဂျာ) ၁၁ ဦးကိုဖမ်းဆီးပြီး တရားရုံးသို့ သောကြာနေ့တွင် ခေါ်ခဲ့သည်။

ထို့နောက် တရားသူကြီးက ထို ၁၁ ဦးလုံးကို ထောင်သို့ပို့လိုက်ကြောင်း ကော့ဗဇားခရိုင် တရားရုံး စစ်ဆေးရေးမှူး ကာဇီ ဒစ်ဒါ အူလ် အလမ်ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျာမန် သံအမတ် ပီတာဖါရင်ဟော့က “နားလည်မှုလွဲပြီးဖြစ်တာ၊ သူတို့အားလုံး အခုနေကောင်း ဘေးကင်းကြပါတယ်”ဟု သူ၏ တွစ်တာတွင်ရေးသားသည်။

ကော့ဘဇားရဲအုပ် မာဆတ် ဟိုစိန်၏ ကုတုပလောင်စခန်းတွင် ဂျာမန်အမျိုးသား ရုပ်သံအတွက် မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေစဉ် မွန်းလွှဲချိန် လူအုပ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သတင်းသမား အပါအဝင် ၆ဦး ဒဏ်ရာရကြောင်း ပြောသည်။

သတင်းသမားများ၏ကားနှင့် ကင်မရာကိုလည်း လူအုပ်ကဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုအတွင်း ပျောက်ဆုံးသွားသော ဂျာမန်များ၏ လက်ကိုင်ဖုန်းများ၊ အီလက်ထရွန်းနစ်ကိရိယာများနှင့် အခြားအရာများကို ရဲတပ်ဖွဲ့ကနောက်ပိုင်းတွင် ပြန်လည်ရယူပေးနိုင်ခဲ့သည်။

၎င်းဂျာမန် သတင်းသမားများသည် မှတ်တမ်း ရုပ်ရှင် ရိုက်ကူးရင်း အသက် ၈ နှစ် နှင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ကို အဝတ်အစားသစ်များပေးရန် ကားဖြင့်ခေါ်ဆောင်လာသည်ဟု ကုတုပလောင်စခန်း တာဝန်ခံ ရီဇော ကာရင်ပြောသည်။

တနေရာ အရောက်တွင် ကလေးများက စတင်ငိုကြပြီးနောက် လူအုပ်၏ တိုက်ခိုက်ခြင်းကို ခံရခြင်းဖြစ် ကြောင်း၊ တိုက်ခိုက် မှုတွင် နိုင်ငံခြားသားများ အားလုံး ဒဏ်ရာရပြီး၊ ရဲတပ်ဖွဲ့ဝင်တဦးမှာ အပြင်း အထန် ဒဏ်ရာရသွားသည်။ မိန်းကလေးများ လူကုန်ကူးခံရပြီ အထင်ကြောင့် တိုက်ခိုက်ခြင်းဟု ၎င်းတို့က အကြောင်းပြသည်။

လူအုပ်က သတင်းသမားများ၏ ကားကိုလည်း ဖျက်ဆီးခဲ့သည်ဟု မျက်မြင်သက်သေများကပြော သည်။

အသစ်ဖွဲ့စည်းလိုက်သည် ရိုဟင်ဂျာ ဒုက္ခသည်များ ကော်မတီကမူ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားမှ မိမိတို့ရိုဟင်ဂျာမျာ သည် သတင်းသမားများ အပေါ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီးလွန်စွာစိုးရိမ်သည်” သောကြာနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်သည်။

“စခန်းများတွင် မကြာခဏဖြစ်လေ့ရှိသည့် ကလေးများ လူကုန်ကူးခံရသည်ဟု ယူဆ၍ စိတ်မြန်သူ အချို့က ၎င်းတို့ကို လူကုန်ကူးသူများဟုသံသယရှိပြီးာဆန့်ကျင်ကြသည်” ဟုလည်း ယင်းကြေညာ ချက်တွင် ဖေါ်ပြထားသည်။

“နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်ရသော သတင်းသမားများ အပေါ် တိုက်ခိုက်မှုအတွက် မိမိတို့ လွန်စွာ စိတ်မကောင်း ဖြစ်ရသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် အေဂျင်စီများအနေဖြင့် ထိုကိစ္စ အတွက် စိတ်အေးအေးထားရန် မိမိတို့မေတ္တာရပ်ခံသည်။

နောင်တွင်ပြည်သူများ အနေဖြင့်လည်း စိတ်အေးအေးထားရန် မိမိတို့ တိုက်တွန်းသွားမည်၊ ယခုဖြစ် ရပ်သည် ဒုက္ခသည် အသိုင်းအဝန်း၏ အမှားသက်သက်သာ မဟုတ်ဘဲ စခန်းများတွင် လုံခြုံရေး ပိုမိုလိုအပ်ကြောင်းလည်း ပြသနေသည်။ အစိုးရအနေဖြင့် လုံခြုံရေး ပိုမိုချထားလျှင် ကောင်းမွန်ပါလိမ့်မည်” ဟုလည်းဖေါ်ပြသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Muktadir Rashid ၏ Eleven Rohingya Arrested for Beating German Journalists, Bangladeshi Aides ကို ဘာသာပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading