• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်မြောက်ပိုင်း ရွာသားများ ပျောက်ဆုံးစဉ် မီးကျွမ်းအလောင်း ၃ ခုတွေ့ရှိ

by မိုးမြင့်
25 February 2019
in သတင်း
A A
ကြာသပတေးနေ့က မြောက်ဦးရှိ ရန်အောင်ပြင်ကျေးရွာအနီး တွေ့ခဲ့သော မီးကျွမ်းနေသော အလောင်း ၃ လောင်း / Supplied

ကြာသပတေးနေ့က မြောက်ဦးရှိ ရန်အောင်ပြင်ကျေးရွာအနီး တွေ့ခဲ့သော မီးကျွမ်းနေသော အလောင်း ၃ လောင်း / Supplied

19.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မြောက်ပိုင်း ရှေးဟောင်းမြို့တော် မြောက်ဦးမြို့နယ်ရှိ ရန်အောင်ပြင်ကျေးရွာအနီး မြန်မာအစိုးရတပ်များနှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲများဖြစ်ပွားပြီး ၂ ရက်အကြာ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် မီးလောင်ကျွမ်းထားသော အလောင်း အနည်းဆုံး ၃ လောင်းရှာဖွေတွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးက အတည်ပြုပြောကြားသည်။

အစိုးရတပ်များနှင့် AA တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားသည့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က သူ၏ရွာမှ ရွာသား ၄ ဦး ပျောက်ဆုံးသွားကြောင်း ကျောက်တော်မြို့နယ် ကျားနက်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ရင်က ဧရာဝတီသို့ ပြောကြားသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
1k
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
130
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1.9k

သူ၏ရွာမှ ရွာသား ၈ ဦးသည် ရန်အောင်မြင်ကျေးရွာအထက်ပိုင်း ရန်ချောင်းဒေသမှ ထင်းဝယ်ရန် ရန်အောင်ပြင်ကျေးရွာသို့ သွားရောက်ခဲ့ကြောင်း သူရှင်းပြသည်။ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ၎င်းတို့အနက် ၆ ဦးမှာလှေဖြင့် ရန်ချောင်းအတိုင်းသွားခြင်းဖြစ်ပြီး အခြား ၂ ဦးမှာ ဆိုင်ကယ်ဖြင့် သွားခြင်းဖြစ်ကြောင်း သူပြောသည်။

ရန်အောင်မြင်ကျေးရွာအပြင်တွင် အစိုးရတပ်များက ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးသဖြင့် ထိုနေ့ညနေပိုင်းတွင် ညရွာသို့ ဘေးကင်းစွာ ပြန်ရောက်လာသော ရွာခံမျက်မြင်သက်သေ ၂ ဦးနှင့် ဧရာဝတီသတင်းဌာနက မေးမြန်းပြောဆိုခဲ့သည်။ ရန်ချောင်းဒေသမှ ထင်းများ သယ်ဆောင်လာသော လှေပေါ်တွင် သူနှင့်အခြားကျေးရွာသား ၃ ဦးပါကြောင်း မကြည်ကြည်ဌေးက ပြောသည်။

အခြားသူ ၂ ဦးဖြစ်သော ကိုအေးသိန်းနှင့် ကိုမင်းဇော်တို့သည် ၎င်းတို့၏ လှေဖြင့် သူမ၏ကျေးရွာဖြစ်သော ကျားနက်ကန်မှ ထွက်လာပြီး သာကျော်ကျေးရွာတွင် သူမနှင့်တွေ့ဆုံကာ ခေတ္တစကားပြောကြောင်း သူရှင်းပြသည်။ မွန်းလွဲတနာရီခွဲတွင် ထိုသူ ၂ ဦးက ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်ပြီး မကြည်ကြည်ဌေးနှင့် အဖွဲ့က ထိုရွာတွင် နာရီအနည်းငယ်နားရန် ဆုံးဖြတ်ခဲ့သည်။

ထိုနောက် မကြည်ကြည်ဌေး၏ လှေသည် ထိုရွာမှ ထွက်လာခဲ့ရာ ရန်အောင်မြင်ကျေးရွာအနီးတွင် အစိုးရတပ်များက ဟန့်တားပြီး ကမ်းကပ်ခိုင်းခဲ့သည်။ အစိုးရတပ်များက သူတို့ကို ဝိုင်းထားပြီး တပ်မှူးထံခေါ်သွားကြောင်း သူပြောသည်။ ကိုအေးသိန်းနှင့် ကိုမင်းဇော်တို့ ပိုင်သောလှေကိုလည်း ထိုနေရာတွင် ဆိုက်ကပ်ထားကြောင်းတွေ့ရသောကြောင့် ရွာသားများ အံ့သြရသည်ဟု သူပြန်ပြောပြသည်။

“ စစ်သားတွေက ကျမတို့ကို ‘ဘယ်သွားမလို့လဲ။ လှေပေါ်မှာ ဘာတွေပါလဲ’ တို့ မေးခွန်းတွေ အများကြီးမေးတယ်”ဟု မကြည်ကြည်ဌေးပြောသည်။

သုံးနာရီခွဲခန့်က သေနတ်သံများမကြားသောကြောင့် ရွာသို့ပြန်ရန် ဆုံးဖြတ်ခဲ့ကြောင်း စစ်သားများကို ပြောခဲ့ကြောင်း မကြည်ကြည်ဌေးနှင့် တလှေတည်းလိုက်ပါလာသည့် ရွာသားတဦးဖြစ်သူ ဦးသန်းမောင်ကပြောသည်။ လမ်းတွင် AA တပ်များကို ၎င်းတို့တွေ့ခဲ့ခြင်းရှိ မရှိ တပ်မှူးက မေးမြန်းကြောင်း၊ ယင်းသို့စစ်ဆေးနေစဉ် တဲတခုအနီးတွင် တာပေါ်လင်ဖြင့် ဖုံးအုပ်ထားသော လက်တဖက်ကို တွေ့ရှိခဲ့ကြောင်းပြောသည်။ ထိုသူသေဆုံးပြီးဖြစ်သည် သို့မဟုတ် အသက်ရှင်လျှက်ရှိသည်ကို သူမသိကြောင်းနှင့် ထိုသူသည် သူ၏ ရွာမှ ၂ ဦး အနက် တဦး ဟုတ်သည် မဟုတ်သည်ကို မသိကြောင်း သူပြန်ပြောပြသည်။

ရွာသို့ပြန်ရောက်သောအခါ ကိုအေးသိန်း၏ ဆွေမျိုးများကို ထိုအကြောင်းပြန်ပြောပြခဲ့သည်။ ကိုအေးသိန်း၏ ဇနီးနှင့် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် မောင်ဝင်းစိန်နှင့် မောင်ရွှေစိုးတို့၏ ဆွေမျိုးများက ထိုနေ့တွင်ပင် ထိုသူများပျောက်ဆုံးနေသည်ကို သူ့ထံ သတင်းပို့ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်ရင်က ရှင်းပြသည်။

ထိုရွာသားများပျောက်ဆုံးခြင်းကို ဦးကျော်မောင်ရင်က ပတ်ဝန်းကျင်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျောက်တော်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာသို့ သတင်းပို့ခဲ့ကြောင်း ဦးကျော်မောင်ရင်ပြောသည်။

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ညက ရန်အောင်ပြင်ကျေးရွာအပြင်ဖက်တွင် မီးလောင်ကျွမ်းထားသော အလောင်းအချို့တွေ့ကြောင်း သူ့ကို အကြောင်းကြားသောကြောင့် ပျောက်ဆုံးနေသူ ၄ ဦး၏ မိသားစုများကိုခေါ်ကာ နောက်တနေ့တွင် သွားရောက်ပြီး ဆိုးရွားစွာ လောင်ကျွမ်းနေသော အလောင်းများသည် မည်သူများဖြစ်သည်ကို သိရန် ကြိုးစားခဲ့ကြောင်း သူပြောသည်။ အလားတူစွာပင် ရန်အောင်ပြင်ကျေးရွာမှ အခြားရွာသားတဦးဖြစ်သော ဦးထွန်းလှစိန်သည်လည်း ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင်ပင် ပျောက်ဆုံးခဲ့သည်။

ဦးထွန်းလှစိန်၏ ဇနီးဒေါ်အဒါစိန်က သူမ၏ ခင်ပွန်းကို အစိုးရတပ်က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ဖမ်းဆီးထားကြောင်း တိုင်ကြားပြီးဖြစ်သည်။ တဲတခုတွင် မွန်းလွဲချိန်မှ စတင်ပြီး ကြိုးဖြင့် တုပ်နှောင်ဖမ်းဆီးခံထားရသော ခင်ပွန်းဖြစ်သူကို တွေ့ရန် တယောက်တည်းလိုက်သွားခဲ့ကြောင်းနှင့် သူ့ကိုပြန်လွှတ်ပေးရန် အရာရှိတဦးအား တောင်းပန်ခဲ့ကြောင်း သူပြောသည်။

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ခင်ပွန်းဖြစ်သူကို ထပ်မံတွေ့ဆုံရန် တဦးတည်း ထပ်မံသွားရောက်သောအခါ ခင်ပွန်းဖြစ်သူနှင့် အခြား လူစိမ်း ၂ ဦး၏ အလောင်းများကိုသာ တွေ့ရတော့ကြောင်း၊ အစိုးရစစ်သားများ ထိုနေရာတွင် ရှိနေသောကြောင့် အလောင်းကို ပြန်မသယ်နိုင်ခဲ့ကြောင်း သူပြောသည်။ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ရွာ ၂ ရွာမှ ရွာသား ၅၀ ခန့်သည် လိုက်လံရှာဖွေကြရာ ပြာပုံအထိလောင်ကျွမ်းထားသော အလောင်းများကိုသာ တွေ့ရတော့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှစိန်ပြောသည်။

ရုပ်အလောင်းများသည် ဦးခေါင်းခွံမျှသာ ကျန်သောကြောင့် မိသားစုဝင်များအနေဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားမသိနိုင်တော့ကြောင်း သူပြောသည်။ ဖခင်ဖြစ်သူ၏ အဝတ်များနှင့် အိတ်ကို အနီးနားတွင် စွန့်ပစ်ထားသည်ကို တွေ့ကြောင်း ဒေါ်အဒါးစိန်၏ သားသမီးများက ပြောသည်။ ဒေါ်အဒါစိန်တွင် ဖုန်းမရှိသောကြောင့် သူ့ကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့အထိ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။

“ ဒီအကြောင်း ဘာမှမပြောချင်တော့ဘူး။ အားလုံးက ဖြစ်ပီးသွားပြီလေ။ ဘာမှပြန်ပြင်လို့ မရတော့ဘူး” ဟု ကျားနက်ကန်ကျေးရွာသား ဦးသန်းမောင်ပြောသည်။

မြန်မာ့တပ်မတော်က ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ၎င်းတို့အနေဖြင့် AA တပ်ဖွဲ့ဝင် ၉ ဦးကို ရှင်းလင်းရရှိခဲ့ပြီး ဒုံးလောင်ချာတခု သိမ်းဆည်းမိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် AA က ၎င်းတို့တပ်ဖွဲ့ဝင် သုံးဦးသာဆေသုံးကြောင်းဆိုသည်။ မြောက်ဦးမြို့နယ်အတွင်းတိုက်ပွဲများတွင် AA လက်နက်ကိုင်တပ်ဖွဲ့က အစိုးရစစ်သား ၃၀ ခန့်ကို ရှင်းလင်းသုတ်သင်ခဲ့ကြောင်း AA ကလည်းထုတ်ပြန်ကြေညာထားသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများတွင် အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့် ယခုလအတွင်း အရပ်သား ၂ ဦးသေဆုံးပြီးဖြစ်သည်ဟု သိရသည်။

( Moe Myint ၏ Amid Disappearance of Villagers, Three Burned Bodies Found in N. Rakhine ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: ပျောက်ဆုံး ရွာသားများမီးကျွမ်းအလောင်းရခိုင်မြောက်ပိုင်း
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

ရခိုင်မြောက်ပိုင်း ရေလွှမ်းမိုးမှု လယ်ဧက ၅ ထောင်ခန့် ပျက်စီး

ရခိုင်မြောက်ပိုင်း ရေလွှမ်းမိုးမှု လယ်ဧက ၅ ထောင်ခန့် ပျက်စီး

by ဧရာဝတီ
8 August 2024
225

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် စိုက်ခင်းများ ရေနစ် မြုပ်ကာ လယ်ဧကထောင်ချီ ပျက်စီးသွားသောကြောင့် လယ်သမားများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်တွေ ရေယာဉ် ဆိပ်ကမ်း / ဧရာဝတီ

ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား

by ဧရာဝတီ
21 October 2022
3.9k

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် ( AA ) တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် သြဂုတ်လအတွင်းမှစ၍ ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင်မြို့နယ်များကို ကုန်းလမ်း ရေလမ်းများ ပိတ်ထားလိုက် ရာမှ ယမန်နေ့ကမူ စစ်တွေ-ပေါက်တော၊...

ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာများတွင် ရေကြီးမှုဖြစ်ပေါ်နေသည့် အခြေအနေအား ဇူလိုင်လ ၁၅ ရက်နေ့က မြင်တွေ့ရစဉ်  / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်မြောက်ပိုင်း ရေကြီးမှု ဒေသခံ ၉ ထောင် ကျော် ရေဘေးသင့်နေ

by မင်းအောင်ခိုင်
16 July 2019
57.4k

ထိုရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်မှ လူဦးရေ ၂၃၂၃ ဦး ၊ မြောက်ဦးမြို့နယ်မှ ၄၂၈၂ ဦး ၊ မင်းပြားမြို့နယ်မှ ၂၈၈၆ ဦး စုစုပေါင်း ၉၄၈၉ ဦး ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...

၂၀၁၉ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters 

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

by Bertil Lintner
29 January 2020
11.9k

ကုလသမဂ္ဂ၏ သုံးသပ်မှု အမျိုးမျိူးနှင့် ရိုဟင်ဂျာများနှင့်ပတ်သက်သော ထုတ်ပြန်ကြေညာချက်များအပေါ် သံသယ ရှိနေခဲ့ကြပြီး ဖြစ်သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ  / ထက်နိုင်ဇော်  / ဧရာဝတီ

ရခိုင်မြောက်ပိုင်း ကိုဆိုဗိုဒေသကဲ့သို့ ဖြစ်မည့်အရေး တပ်မတော် စိုးရိမ်နေ

by ထက်နိုင်ဇော်
16 June 2018
19.2k

လက်ရှိ အစိုးရဟာ ရခိုင်အရေးနဲ့ ပတ်သက်ရင် အရင်းအမြစ်ကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားတဲ့ ပထမဆုံးသော အစိုးရ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ပဲ တရား ဥပဒေ စိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှု ရှိနိုင်ရေးတို့ကို ဆောင်ရွက်လာတာ ဖြစ်ပါတယ်

ပုံတွင် တွေ့ရှိရသော လူအရိုးစုမှာ အင်းဒင်ရွာအနီး တွေ့ရှိခဲ့ခြင်း ဖြစ်သည် / Reuters

ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်

by ထက်နိုင်ဇော်
1 September 2019
61.5k

ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည့် အင်းဒင် ဖြစ်ရပ်ပြီး နောက်ပိုင်း ယခုတွေ့ ရှိမှုသည် ဒုတိယ အကြိမ် ဖြစ်သည်။

Next Post
အော်စကာဆုပေးပွဲ တက်ခဲ့တဲ့ Lady Gaga

၁၂၈ ကာရက်ရှိတဲ့ ကမ္ဘာကျော် စိန်လည်ဆွဲနဲ့ အော်စကာဆုပေးပွဲ တက်ခဲ့တဲ့ Lady Gaga

ကျွန်းပေါင်း ၁၇၉၅၈၄ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ ဖင်လန်နိုင်ငံ

ကမ္ဘာမှာ ကျွန်းစု အများဆုံးရှိတဲ့ နိုင်ငံများ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate