သတင်း

နေပြည်တော် NLD ရုံးခွဲ ဖွင့်ရန် ကျပ်သိန်း ၂၀၀၀ ကျော် မြေ ဝယ်ထား ဟုဆို

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးခွဲ ဖွင့်လှစ်ရန် အတွက် နေပြည်တော်တွင် ၁၆ ဧက ကျယ်ဝန်းသည့် မြေကို ငွေ ကျပ် သိန်း ၂၀၀၀ ကျော်နှင့် ဝယ်ယူထားကြောင်း သတင်း ရရှိသည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မကျင်းပမီ NLD ပါတီ ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က သတင်း မီဒီယာများအား ပြောကြား ခြင်း ဖြစ်သည်။

မရမ်းကုန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်က “နေပြည်တော်မှာ NLD ရုံး ခွဲ ဖွင့်မယ်။ အဲဒီ အတွက်ကို ၁၆ ဧက ရှိတဲ့ မြေကို ဝယ်ထားတာက သိန်းပေါင်း ၂၄၄၅ နဲ့ ဝယ်ထားပြီး ဖြစ်ပါတယ်။ ဒါက မဆောက်ရ သေးပါဘူး” ဟု ပြောသည်။

အဆိုပါ ရုံးတည်ဆောက်မည့် မြေနေရာ၌ မည်သည့် ပုံစံ တည်ဆောက်သွားမည် ကို အသေးစိတ် မသိရှိ ရသေးဘဲ သုံးထားသည့် ငွေပမာဏကိုသာ ရှင်းပြခြင်းသာ ဖြစ်ကြောင်း ဒေါက်တာ မေဝင်းမြင့်က ဆို သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပါတီ ရုံးများ ဆောက်လုပ်ရန် အတွက် နိုင်ငံ အတွင်းရှိ မြေ လွတ် မြေရိုင်းများနှင့် ပြည်သူပိုင် တိုက်ခန်းများ၊ အဆောက်အအုံများကို အသုံး မပြုရန် မှာကြားထားကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

အဆိုပါ မြေနေရာ အတွက် အသုံးပြုထားသည့် ငွေကြေးသည် ဒုတိယ အကြိမ်၊ လွှတ်တော်များ စတင် ကျင်းပသည့် အချိန် က စ၍ NLD လွှတ်တော် ကိုယ်စားလှယ်များထံမှ ကောက်ခံထားသည့် ငွေဖြစ် ကြောင်း ဒေါက်တာ မေဝင်းမြင့်က ဆိုသည်။

ထို ပါတီ ရန်ပုံငွေတွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် NLD နှင့် သက်ဆိုင်သည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးများ၊ ဝန်ကြီးချုပ်များထံမှ လည်း ကောက်ခံထားခြင်း ဖြစ်ကြောင်းလည်း ၎င်း က ပြောသည်။

ထိုသို့ ပါတီဝင်များထံမှ ပုံမှန် ကောက်ခံ ရရှိသည့် ငွေမှာ လစဉ် သိန်းပေါင်း ၂၂၀၀ ခန့် ရခဲ့ပြီး ယင်း ရန်ပုံငွေများထဲမှ တိုင်း နှင့် ပြည်နယ် အဆင့်ကို သိန်း ၇၀၀ ပေးပြီး၊ မြို့နယ် တမြို့နယ်ကို သိန်း ၁၅၀ နှုန်းနှင့် မြို့နယ်ပေါင်း ၁၃၄ မြို့နယ် ပေး ထားပြီး ဖြစ်ကြောင်း ပေးခဲ့ပြီး ငွေ ကျပ်သန်းပေါင်း ၂၈၅၀ သုံးပြီး ဖြစ်ကြောင်း NLD ပါတီက သိရသည်။

ရန်ပုံငွေ ထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ NLD ပါတီမှပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က “တိုင်းနဲ့ ပြည်နယ်နဲ့ မြို့ နယ်ပဲ ပေးတယ်။ ခရိုင်တောင် မပေးနိုင်သေးဘူး။ တမြို့နယ်လုံးမှ တရုံးပဲ ပေးတာ။ ရှမ်းပြည်က ကျယ်လွန်းတဲ့ အတွက် ၃ နေရာ ခွဲပေးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီရုံးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ NLD ဗဟို ရုံးချုပ် ရှိပြီး၊ ရုံးခွဲများကို တိုင်းနှင့် ပြည်နယ်များတွင် ဖွင့် လှစ်ထားပြီး ဖြစ်ကြောင်း၊ ယခု နေပြည်တော်တွင် တည်ဆောက်မည့် ပါတီ ရုံးခွဲကို ထပ်မံ တည်ဆောက်မည် ဖြစ်ကြောင်း ပျဉ်းမနားမြို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ရှင်းပြသည်။

ဦးသန်းစိုးအောင်က “ရန်ကုန် ရုံးခွဲ အနေနဲ့ လုပ်မှာဆိုတော့ ပါတီ အနေနဲ့လည်း တိုက်ရိုက် ဆက် သွယ်လို့ ရမှာ ဖြစ်ပါ တယ်။ နေပြည်တော်က အုပ်ချုပ်ရေး မြို့တော်လည်း ဖြစ်တယ်။ အစိုးရ ရုံးတွေနဲ့ အကြံပေးတာတို့ အခြားကိစ္စရပ်များ အတွက်လည်း ၈ မြို့နယ် အတွက်ပဲ မဟုတ်ဘဲ တခြား မြို့နယ်တွေအတွက်ပါ ကောင်းသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်များ အတွက် ပါတီဝင်များအား ၂၀၂၀ ဇန်နဝါရီလ အစမှာ ပါတီ အတွက် လမ်းစရိတ်၊ စားစရိတ်၊ စည်းရုံးရေး စရိတ်များကို ပါတီ၏ စည်းမျဉ်း၊ စည်းကမ်း အရ ပေးမည် ဖြစ်ပြီး၊ ယင်း ငွေမှာ အောင်နိုင်ရေး အတွက် သုံးခြင်း မဟုတ်ဘဲ ရုံးအဖွဲ့ ဝင်များ ဝင်ငွေ မရှိသည့် အတွက် ၎င်းတို့ စည်းရုံးရေး ဆင်းသည့် အခါ တွင် သုံးရန် ပေးအပ်သွား ခြင်းသာ ဖြစ်ကြောင်း၊ ထိုသို့ ပေးရာတွင်လည်း မည်သည့် ပမာဏ ပေးမည်ကို CEC အစည်း အဝေး တွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မေဝင်းမြင့်က ဆိုသည်။

NLD ပါတီသည် ၂၁၀၅ ရွေးကောက်ပွဲတွင် မဲ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အာဏာရ ပါတီတခု ဖြစ်လာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading