• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘူးသီးတောင်တွင် ဗိုလ်မှူးကတော်တဦး ပေါက်ကွဲမှုဖြင့် သေဆုံး

by မိုးမြင့်
27 February 2019
in သတင်း
A A
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖေ့ဘွတ်ပေါ် တင်ခဲ့သော တပ်မတော်အရာရှိ ဗိုလ်မှူးကျော်စွာနှင့် ဇနီးသည် နန်းမို့မို့ဇော်တို့၏ ဓာတ်ပုံ

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖေ့ဘွတ်ပေါ် တင်ခဲ့သော တပ်မတော်အရာရှိ ဗိုလ်မှူးကျော်စွာနှင့် ဇနီးသည် နန်းမို့မို့ဇော်တို့၏ ဓာတ်ပုံ

67k
VIEWS
Share on FacebookShare on Twitter

တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်သို့ မကြာမီကမှ ရောက်ရှိလာသော တပ်မတော်အရာရှိ ဗိုလ်မှူးကျော်စွာ၏ ဇနီးသည်သည် အင်္ဂါနေ့နံနက်က နေအိမ်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်း သေဆုံးသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုသေဆုံးမှုကို ဧရာဝတီသို့ ဖုန်းဖြင့် အတည်ပြုပြောကြားသည်။ သေဆုံးသူ၏ အမည်မှာ နန်းမို့မို့ဇော် ဖြစ်ကြောင်းနှင့် ဗိုလ်မှူးကျော်စွာမှာ မကြာသေးမီကမှ နေပြည်တော်မှ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်ရှိ အမှတ် ၁၅ စစ်ဆင်ရေးဌာနချုပ်သို့ ပြောင်းလာသူဖြစ်ကြောင်း ရှင်းပြသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
26
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
27
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
425

ထိုဇနီးမောင်နှံသည် တနင်္လာနေ့က ၎င်းတို့၏ ပစ္စည်းများကို ပုဂ္ဂလိကယာဉ်တစင်းဖြင့် ပို့ဆောင်ပြီး ၎င်းတို့သည် နေပြည်တော်မှ ဘူးသီးတောင်သို့ အခြားယာဉ်တစင်းဖြင့် လိုက်ပါလာသည်ဟု ဆိုသည်။ ရသေ့တောင်တွင် ၎င်းတို့၏ ပစ္စည်းများသယ်ဆောင်လာသော ထရပ်ကားကို လူ ၂ ဦးက တားပြီး အရပ်ဝတ်ဝတ်ထားသော အခြား ၆ ဦးက ကားကို ရှာဖွေသည်ဟု ဆိုသည်။

ထိုသူများ ပစ္စည်းများကြားတွင် ဖေါက်ခွဲကိရိယာတခုကို လျှို့ဝှက်ထည့်ပေးလိုက်သည်ဟု ယူဆကြောင်း တပ်မတော်ပြောခွင့်ရသူက ဆိုသည်။ ထိုဗိုလ်မှူး၏ အိမ်အသစ်သို့ရောက်သောအခါ ဝန်ထမ်းများက ပစ္စည်းများကို အောက်သို့ချရာတွင် မည်သည့်ပေါက်ကွဲမှုမျှ မဖြစ်ခဲ့ဘဲ ဗိုလ်မှူးကတော်က ပစ္စည်းများကို စစ်ဆေးသောအခါမှ မမျှော်လင့်ဘဲ ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးသည်ဟု ဆိုသည်။

“ဗိုလ်မှူးကျော်စွာက ရုံးမှာ တာဝန်ထမ်းဆောင်နေပါတယ်။ ဗုံးက အိမ်မှာ ထပေါက်တာပါ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောသည်။

ထိုဖြစ်ရပ်သည် စစ်တပ်အတွင်းဖြစ်သောကြောင့် ၎င်းတို့နှင့် မဆိုင်ကြောင်းနှင့် တပ်တွင်းအငြင်းပွားမှုကြောင့်သာ ဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်မတော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“သူတို့ချင်းပြဿနာပဲ။ ကျနော်တို့ကို လာစွပ်စွဲတာ။ လုံးဝ အခြေအမြစ် မရှိဘူး” ဟု သူပြောသည်။

ထိုဖြစ်ရပ်သည် ဖေ့ဘွတ်တွင် ပျံ့နှံ့နေပြီး အထူးသဖြင့် တပ်မတော်ထောက်ခံသူများအကြား ပျံ့နှံ့နေသည်။ ဟန်ငြိမ်းဦး အမည်ရှိဖေ့ဘွတ်အသုံးပြုသူက ထိုဇနီးမောင်နှံ မင်္ဂလာဆောင်သည့်နေ့က ဓါတ်ပုံနှင့် ဖေါက်ခွဲမှုတွင် AA က သုံးသည်ဆိုသည့် စာအိတ်ဗုံး ပုံ ၂ ခုကို ပြသရေးသားသည်။ ဗုံးထောင်သူသည် ကားသမား သို့မဟုတ် ဝန်ထမ်းများသာဖြစ်မည်ဟု သူ၏ရေးသားဖေါ်ပြချက်ကို အချို့သူများက တုံ့ပြန်သည်။ ယခုအချိန်အထိ ၎င်းတို့၏ စွပ်စွဲချက်များသည် ရှေ့နောက်မညီဘဲ ခိုင်မာစွာ သက်သေပြနိုင်ခြင်း မရှိပေ။

တချိန်တည်းတွင် ဘူးသီးတောင်ဒေသခံအချို့နှင့် AA ထောက်ခံသူများက ထိုဗိုလ်မှူး ဇနီးမောင်နှံ ၂ ဦးလုံး တပ်တွင်း အငြင်းပွားမှုတွင် ပစ်သတ်ခံရသည် ဖေ့ဘွတ်တွင် ရေးသားကြသည်။ ထိုရေးသားမှုများကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ဗိုလ်မှူးကျော်စွာ၏ ဖေ့ဘွတ်အရ ၎င်းတို့ ၂ ဦးသည် မကြာသေးမီကမှ လက်ထပ်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ ဗိုလ်မှူးကျော်စွာနှင့် ဇနီး ဒေါ်နန်းမို့မို့ဇော် နှစ်ဦးစလုံးက မင်္ဂလာဆောင် ဓါတ်ပုံများကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ဖေ့ဘွတ်တွင် တင်ခဲ့သည်။

(Moe Myint ၏  Military Major’s Wife Killed in Explosion in N. Rakhine  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: နန်းမို့မို့ဇော်ပေါက်ကွဲမှုဗိုလ်မှူးကတော်သေဆုံး
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
6.6k

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင် စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

by ပပ
29 March 2025
5.3k

တဒင်္ဂအတွင်းဖြစ်ပေါ်လာသည့် ငလျင်အတွင်း သေဘေးမှလွတ်မြောက်ခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နေ ဒေသခံ အမျိုးသမီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

by ဧရာဝတီ
26 January 2024
5.1k

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ၃ ရက်ခန့်အတွင်း ပရဟိတအသင်းများက ရုပ်အလောင်းကောက်ယူရာတွင် ရုပ်အလောင်း ၄၀ ကျော်ထိ ရရှိခဲ့ပြီး အဆိုပါ အလောင်းများကို ဘောလုံးကွင်းထဲ၌ စုပုံ မီးရှို့ သဂြိုဟ်ပေးခဲ့ကြောင်း

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

by ဧရာဝတီ
3 January 2024
5k

ကိုစံလင်းစံ မသေဆုံးမီက ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက အကျဉ်းထောင်သို့ တောင်းခံခဲ့သော်လည်း ထောင်ပြင်ပတွင် ဆေးကုသမှု မပေးခဲ့ဘဲ ဆေးမြီးတိုများဖြင့်သာ ကုသပေးခဲ့ကြောင်း

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

by ဧရာဝတီ
27 September 2023
4.7k

ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက် ရောက်လာသဖြင့် ယင်းကျေးရွာများမှ ဒေသခံများ ထွက်မပြေးနိုင် ဘဲ ပိတ်မိနေသူ ၁၀၀ ဦးခန့် ရှိကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

by ဧရာဝတီ
31 July 2023
3.4k

ပေါက်ကွဲမှုဖြစ်ပွားသော အနီးဝန်းကျင်တခု သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများလည်း ရှိသည်။

Next Post
သရုပ်ဆောင် ပပဝင်းခင်  / ယုဖြူဟန် / ဧရာဝတီ

ဇာတ်ကားမရိုက်ဖြစ်တော့တဲ့အကြောင်း ဆိုလာတဲ့ သရုပ်ဆောင် ပပဝင်းခင်

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကျောက်ဖြူ ထွေအုပ်ရုံး  / Zaw Zaw / Facebook

ကျောက်ဖြူ ထွေအုပ်ရုံး ပေါက်ကွဲမှု ၁၀ ဦး ဒဏ်ရာရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate