ကက်ရှ်မီးယားဒေသရှိ ပါကစ္စတန်ဝေဟင်ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အိန္ဒိယ လေတပ်မှ MiG -21 တိုက်လေယာဉ်နှစ်စီးကို ပါကစ္စတန်တိုက်လေယာဉ်များက တန်ပြန်ပစ်ချခဲ့ ကြောင်း ပါကစ္စတန် စစ်တပ် သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ထိုပစ်ချမှုကြောင့် အိန္ဒိယ လေသူရဲတဦးကိုလည်း ဖမ်းဆီးထားကြောင်း ပါကစ္စတန် စစ်တပ်က ပြောသည်။
အိန္ဒိယ ဂျက်တိုက်လေယာဉ်များကို တိုက်ခိုက်ရခြင်းမှာ မိမိကိုယ့်ကိုကာကွယ်လိုသည့် ဆန္ဒနှင့် အသင့် ပြင်ထားခြင်းကို ဖော်ထုတ်ပြသမှုတခုဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာ ချက်တွင် ဆိုထားသည်။
ယမန်နေ့က အိန္ဒိယလေတပ်မှနေ၍ ပါကစ္စတန် နယ်ထဲရှိ အကြမ်းဖက်သမားများ၏ လေ့ကျင့်ရေး စခန်းများကို ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ နှစ်ဘက်လေတပ်များ အကြား တိုက်ခိုက်မှု ဖြစ်လာခြင်းဖြစ်သည်။
အိန္ဒိယ၏ ဂျာမူးနှင့်ကက်ရှ်မီးယားပြည်နယ်ရှိ ခရိုင်အချို့တွင် လေကြောင်းပျံသန်းပြေးဆွဲမှုများ ခေတ္တရပ်ဆိုင်းထားကြောင့် စရီနာဂါလေဆိပ်မှ ကိုယ်စားလှယ်တဦးကို ကိုးကား၍ ရုရှားသတင်း များက ဆိုသည်။
အိန္ဒိယ Hindustan Times သတင်းတွင် ဂျမူးနှင့် ကက်ရှ်မီးယား၏ ရာဂျိုရီ ခရိုင်တွင် ပါကစ္စတန် လေယာဉ်များ ကျူးကျော် ဝင်ရောက်လာ၍ မောင်းထုတ်လိုက်ကြောင်း ရေးသားထားပြီး၊ ANI သတင်းအေဂျင်စီကလည်း ပါကစ္စတန်လေတပ်မှ အမေရိကန်လုပ် F-16 လေယာဉ်ကို နောင်ရှီရာဒေသရှိ လမ်ကျေးရွာပေါ်တွင် ပစ်ချလိုက်ကြောင်းဆိုသည်။
အိန္ဒိယနိုင်ငံ ဂျမူးနှင့်ကက်ရှ်မီးယား ပြည်နယ်တွင် အကြမ်းဖက်သမားက ကားဗုံးဖြင့် တိုက်ခိုက်မှု ကြောင့် အိန္ဒိယ လုံခြုံရေး အမှုထမ်း ၄၀ သေဆုံးသဖြင့် နှစ်နိုင်ငံ အကြား တင်းမာမှု ဖြစ်နေရာမှ ယမန်နေ့ အိန္ဒိယ တိုက်လေယာဉ်များ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးရှိ အကြမ်းဖက်သမားများ၏ စခန်းများကို တိုက်ခိုက်ရာမှ ယခုကဲ့သို့ ကန့်သတ်လေကြောင်း တိုက်ခိုက်မှု များ ဖြစ်လာခြင်းဖြစ်သည်။
ဆက္လက္ဖတ္ရႈရန္ – ပါကစ္စတန် အကြမ်းဖက်စခန်းများကို အိန္ဒိယလေကြောင်းမှ တိုက်ခိုက်