သတင်း

အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ

အိန္ဒိယဂျက်လေယာဉ်များ ပါကစ္စတန်ပိုင်နက်အတွင်း အင်္ဂါနေ့က ဗုံးကြဲတိုက်ခိုက်လိုက်ပြီးနောက် သမိုင်းအစဉ်အလာအရ ပြိုင်ဘက်ဖြစ်နေသည့်နှစ်နိုင်ငံတို့သည် နှစ်များစွာဖြစ်တည်နေခဲ့သော ပဋိပက္ခကို အတိအလင်း ထိပ်တိုက်ရင်ဆိုင်ရန် အနီးကပ်ဆုံးဖြစ်လာခဲ့သည်။

အိန္ဒိယတိုက်ငယ်ရှိ အင်အားကြီးနှစ်နိုင်ငံအနေဖြင့် တဖက်နှင့်တဖက် မည်သို့မည်ပုံ ပခုံးချင်းယှဉ်ကြမ လဲ။

စီးပွားရေးနှင့် လူဦးရေ

အစ္စလာမ်မာဘတ်က သံတမန်သဘောတူညီချက်များတွင် နယူးဒေလီနှင့် တန်းတန်ရည်တူအဆင့်မျိုး နေပြတတ် သော်လည်း အိန္ဒိယအားသာချက်မှာ စီးပွားရေးဘက်တွင် (၂၀၁၈ ခုနှစ်က အိန္ဒိယ GDP မှာ ၂ဒသမ၆၈၉ ထရီလီယံရှိပြီး ပါကစ္စတန်က ၃၀၇ ဘီလီယံရှိသည်။ လူဦးရေအားဖြင့် အိန္ဒိယက ၁ဒသမ၃ ဘီလီယံရှိပြီး ပါကစ္စတန်က သန်း ၂၀၀ ရှိသည်။ တိုက်ရိုက်ကောက်ယူကြည့်လျှင် စစ်ရေးလွှမ်းမိုးမှုအနေဖြင့် ပါကစ္စတန်က တန်ပြန်ကာကွယ်ရေးအတွက်သာ ဘဏ္ဍာရေးသုံးစွဲနိုင်သည်။

အိန္ဒိယ၏ စစ်ရေးဘတ်ဂျက်မှာ ယမန်နှစ်က ဒေါ်လာ ၅၈ ဘီလီယံရှိကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးသိပ္ပံက ဆိုသည်။ ယင်းပမာဏမှာ ရုရှားနီးနီးပင်ဖြစ်ပြီး တကမ္ဘာလုံးစစ်အင်အား၏ ပဉ္စမမြောက်နေရာတွင် ရပ်တည်နေသည်။ ထိုအနေအထားနှင့် ဝေးကွာစွာပင် ပါကစ္စတန်သည် ဒေါ်လာ ၁၁ ဘီလီယံသာ စစ်ရေးအတွက် သုံးနိုင်ခဲ့ပြီး ၎င်းဘတ်ဂျက်အတွက် ထပ်တိုးပေးထားသော ဝေစုဖြစ်သည်။

ကြည်းတပ်၊ လေတပ်နှင့် ရေတပ်

စစ်သည်အင်အား ၅၆၀,၀၀၀ ဖြင့် ကြည်းတပ်ကို ပမာဏများပြားစွာ ဖြန့်ကြက်ထားနိုင်ရေးမှာ ပါကစ္စတန်အတွက် အထူး လေးလံသော ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး အိန္ဒိယတပ်အင်အား ၁ဒသမ၂ သန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အကယ်၍ စစ်ဖြစ်လာလျှင် စွမ်းရည်ပြည့်ဝနေသည့်တိုင် စစ်သည်အင်အားကို အိန္ဒိယအရွယ်ရောက်ပြီးအမျိုးသားဦးရေသန်း ၃၀၀ ထဲမှ ထပ်မံခေါ်ယူနိုင်သည်။ အိမ်နီးချင်းပါကစ္စတန်နှင့်ယှဉ်သော် လူ့စွမ်းအားအရင်းအမြစ်မှာ ၆ ဆမျှ သာနေသည်။

အိန္ဒိယတွင် တင့်ကားအရေအတွက် ၃၅၀၀ ရှိနေပြီး တင့်ကား ၁၀၀၀ ကျော်သာပိုင်သော ပါကစ္စတန်ထက် သာသည်။ ရုရှားလုပ် T-90 ပုံစံတင့်ကားတပ်ဖွဲ့ကို အသက် ၆၀ ရှိ စစ်ဦးစီးချုပ် ဘီပင်ရာဝပ်က ကောင်းစွာစီမံအုပ်ချုပ်နေသည်။ တချိန်တည်းမှာပင် ပါကစ္စတန်စစ်ဦးစီးချုပ် အသက် ၅၈ နှစ်အရွယ်ရှိ ကွာမာဂျာဗက်ဘာဂျဝါသည် တရုတ်မှ အများဆုံး တင်သွင်းလာသော စစ်သုံးယာဉ်ယန္တရားများကိုသာ သုံးစွဲစီမံနေရသည်။

အလားတူ အိန္ဒိယက အမြောက်တပ်ဖွဲ့ပေါင်း ၁၀,၀၀၀ နီးပါးဖြင့် လည်ပတ်နေပြီး ပါကစ္စတန်အမြောက်တပ်အင်အား ၅၀၀၀ ကျော်မှာ နည်းနေသေးသည်။ ခြေလျင်တပ် ၃၁၀၀ သာရှိသော ပါကစ္စတန်သည် သူ့ပြိုင်ဘက်နှင့် ယှဉ်လိုက်လျှင် နှစ်ဆမျှ ကွာဟနေသည်။

ပါကစ္စတန်သည် တိုက်လေယာဉ်ပေါင်း ၄၂၅ စီးရှိပြီး ပြင်သစ်လုပ်၊ အမေရိကန်လုပ်၊ တရုတ်လုပ်နှင့်ဖက်စပ်ထုတ် ဂျက်လေယာဉ်များ အမျိုးစုံရောယှက်နေသည်။ အိန္ဒိယတွင် တိုက်လေယာဉ် ၈၀၀ အရန်သင့်ရှိနေပြီး ၎င်းတို့မှာ စစ်အေးခေတ်က ဆိုဗီယက်လုပ် ဂျက်လေယာဉ်များဖြစ်သော MiG-21 နှင့် MiG-27 အမျိုးအစားများဖြစ်သော်လည်း အတတ်နိုင်ဆုံးခေတ်မီအောင် မွမ်းမံထားသည်။

ထို့ပြင် မျက်မှောက်ခေတ် ရုရှားလုပ် Su-30 အမျိုးအစားတိုက်လေယာဉ်များဖြင့်လည်း အားဖြည့်ထားပြီး အိန္ဒိယလေတပ် အတွက် ယင်းအမျိုးအစား အစီး ၂၀၀ ကျော်သုံးနိုင်သည်။

ထို့နည်းတူ အိန္ဒိယသည် ရေတပ်အင်အားတွင်လည်း သိသိသာသာ အရွယ်အစားရော စွမ်းရည်ပါ အထူးကောင်းမွန်နေပြီး ဆယ်ဆပိုရှည်သော ကမ်းရိုးတန်းအလျားအတိုင်း ဖြန့်ကြက်ထားနိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ထားသည်။ သို့သော် နှစ်နိုင်ငံ ပဋိပက္ခဖြစ်ပွားတိုင်း ကုန်းတွင်းပိုင်း ကက်ရှ်မီးယားအရေးကိုသာ အာရုံစိုက်ကြသဖြင့် ရေတပ်အင်အားချင်း ယှဉ်ပြိုင်မှုမှာ လိုမှ ထည့်စဉ်းစားသည့်သဘောမျိုး အသွင်ဆောင်လေသည်။

နျူးကလီးယားစွမ်းရည်များ

ပါကစ္စတန်သည် သူများထက်ထူး၍ အဟန့်သဘောမျိုးဖြင့်သာ နျူးကလီးယားအတွက် ဘဏ္ဍာငွေသုံးစွဲခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ နျူကလီးယားလက်နက်များကို ၁၉၉၈ ခုနှစ်တွင် ကိုယ်စီစမ်းသပ်ခဲ့ကြသည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနသိပ္ပံ (SIPRI) အဆိုအရ ပါကစ္စတန်သည် နျူးကလီးယားထိပ်ဖူး ၁၄၀-၁၅၀ တပ်ဆင်ခဲ့သဖြင့် အိန္ဒိယ၏ နျူကလီးယား ထိပ်ဖူး ၁၃၀-၁၄၀ ထက် ပိုများသည်။

သို့သော် ယန္တရားစွမ်းရည်မှာ အိန္ဒိယက အထူးအားသာပြီး Agni-3 ဒုံးကျည်ပစ်ခတ်နိုင်စွမ်းမှာ ကီလိုမီတာ ၅၀၀၀ (၃၁၀၇ မိုင်) အကွာအဝေးအထိ ရောက်နိုင်သည်။

ပါကစ္စတန်၏ တာဝေးပစ် Shaheen 2 သည် ကီလိုမီတာ ၂၀၀၀ သာ ပစ်နိုင်သည်။

ထို့ကြောင့် အိန္ဒိယက ပါကစ္စတန်ထက် စစ်ရေးသာလင့်ကစား နျူးကလီးယားကိုယ်စီရှိသူချင်း အပြန်အလှန် ပျက်စီးစေရန် သေချာနေသည်။

ဆက်စပ်ဖတ်ရှု့ရန်

အိန္ဒိယနှင့် စစ်မဖြစ်ချင်ဟု ပါကစ္စတန်ပြော

အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပါကစ္စတန်ပစ်ချ ဟုဆို

ပါကစ္စတန် အကြမ်းဖက်စခန်းများကို အိန္ဒိယလေကြောင်းမှ တိုက်ခိုက် 

Loading