• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အထူး ကော်မရှင် ဖျက်သိမ်းခံရမှု ကြိုမသိဟု ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ပြော

by ထက်နိုင်ဇော်
28 February 2019
in သတင်း
A A
ယနေ့ နေပြည်တော် အထူးကော်မရှင် ရုံးတွင် နောက်ဆုံးနေ့ ရုံးတက်နေသည့် သူရ ဦးရွှေမန်း / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ နေပြည်တော် အထူးကော်မရှင် ရုံးတွင် နောက်ဆုံးနေ့ ရုံးတက်နေသည့် သူရ ဦးရွှေမန်း / ထက်နိုင်ဇော် / ဧရာဝတီ

25.3k
VIEWS
Share on FacebookShare on Twitter

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် (အထူးကော်မရှင်) သက်တမ်းတိုးမှုကို လွှတ်တော် က ကန့်ကွက်လိုက်သဖြင့် ဖျက်သိမ်းရတော့မည့် အခြေအနေတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ကြိုတင် အသိပေးခြင်း မရှိကြောင်း ယင်းကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက ပြောသည်။

“ဒါကလွှတ်တော်ရဲ့ အဆုံးအဖြတ်ပေါ့။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ဖြစ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ပြောစရာ မရှိ ပါဘူး။ ဒီဟာက ကြိုတင် ညှိနှိုင်းမှု မရှိပါဘူး”ဟု ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောပြသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
82
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
56
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
268

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးဆောင်သည့် အထူး ကော်မရှင်ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် တွင် ၁ နှစ် သက်တမ်းတိုးခြင်းကို အတည်ပြုရာတွင် ထောက်ခံသူ ၂၀၊ ကန့်ကွက်သူ ၅၅၅ ဦး၊ ကြားနေသူ ၁၀ ဦး ရှိသဖြင့် သက်တမ်း မတိုးတော့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ကြိုတင် ညှိနှိုင်းမှု မရှိဘဲ အထူးကော်မရှင် ဖျက်သိမ်းခံရသော်လည်း ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန် ဆက်ဆံရေး ရှိကြောင်း၊ အထူး ကော်မရှင်တွင် တာဝန်ယူခဲ့ခြင်းသည် သာမန်လူတယောက်ထက် နှိုင်းယှဉ်ပါက ပိုပြီး အလုပ်လုပ်နိုင်မည်ဟု ယူဆသဖြင့် တာဝန်ယူပေးခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်းက ပြောသည်။

လွှတ်တော်၏ အဆုံးအဖြတ်နှင့် ပတ်သက်၍ သူရ ဦးရွှေမန်းက“ဒါမျိုးကတော့ တခါတခါမှာတော့ ဖြစ်လေ့ဖြစ်ထ ရှိပါ တယ်။ နိုင်ငံရေး ဆိုတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ သိမ်မွေ့ပါတယ်။ တခါတခါမှာလည်း မူယာမာယာများ တတ်ပါတယ်။ ဒါကြောင့်မို့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စတခုလို့ပဲ မှတ်ယူပါတယ်”ဟု ပြောဆိုသည်။

ဦးရွှေမန်း၏ အထူးကော်မရှင်ကို ယခုလို ရုတ်တရက် ဖျက်သိမ်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက် ဟုတ်၊ မဟုတ် ယခုအချိန်အထိ မရှင်းလင်းသေးသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က နိုင်ငံရေးပါတီတရပ် ထူထောင်လာသဖြင့် ကော်မရှင် သက်တမ်း တိုးပေး ရန် မသင့်လျော်၍ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။

“ရွေးကောက် တင်မြှောက်ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘဲနဲ့ ဆိုရင်တော့ နိုင်ငံရေးပါတီတခုခုကို ကိုယ်စားပြုနေတာ မသင့်တော်ဘူးလေ။ အခုသူက နိုင်ငံရေးပါတီ ထောင်လိုက်ပြီ။ ဒီထဲက ၁၂ ဦးလောက်ကလည်း နိုင်ငံရေး ပါတီထဲမှာ ပါသွားတယ်။ သူရ ဦးရွှေမန်း ကိုယ်တိုင်ကလည်း ဥက္ကဌ ဖြစ်တယ်”ဟု ဦးအောင်ကြည်ညွှန့်က ပြောဆိုသည်။

သူရ ဦးရွှေမန်း၏ အထူးကော်မရှင် သက်တမ်းတိုးမှုကို ၂၀၁၇ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကန့်ကွက်ခဲ့သော်လည်း လွှတ်တော် တွင်း မဲအသာဖြင့် သက်တမ်းတိုးယူသွားခဲ့ပြီး ယနေ့တွင်မူ သက်တမ်း မတိုးပေတော့ခြင်းသည် ဦးရွှေမန်း ကို မလိုအပ်တော့၍ ဖြစ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြော သည်။

ဗိုလ်မှူးချုပ် မောင်မောင်က“ဥပဒေနဲ့ မညီပါဘူးလို့ ကျနော်တို့ ဒီလောက်ထောက်ပြ ပြောပြနေပေမယ့် အဲဒီတုန်းက မဲအသာနဲ့ ဒီလိုပဲ အနိုင်ယူပြီးတော့ လုပ်ပစ်လိုက်တာပဲ။ အခုကျတော့ အဲဒီဟာတွေကို ဘာမှ ခေါင်းထဲမှာ မရှိတော့ ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့ မလိုတော့ဘူးဆိုတဲ့ အချိန်မှာတော့ ပစ်ပယ်လိုက်တဲ့ သဘော ဖြစ်သွားတာပဲ” ဟု မီဒီယာများကို ပြောကြားသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းကလည်း လွှတ်တော်သက်တမ်းသည် ၃ နှစ် ကျော်လာပြီ ဖြစ်ရာ လွှတ်တော်ရေးရာ ကော်မတီများသည် အလုပ်ကောင်းကောင်း လုပ်တတ်နေပြီ ဖြစ်၍ အခြား ကော်မရှင် အဖွဲ့အစည်းများ မလိုတော့ကြောင်း သတင်းထောက်များကို ပြောသည်။

“ကော်မရှင်ဆိုတာ မလိုတော့ဘူး။ တိုင်းပြည်အတွက်လည်း ဘဏ္ဍာငွေတွေ ဆုံးရှုံးတယ်။ အဲဒီကော်မရှင် အတွက် အသုံး စရိတ်တွေ ကုန်တာပေါ့။ ဒါကြောင့် ကျနော်တို့ဘက်ကတော့ ဒါ မဖြစ်သင့်ဘူးလို့ ပြောတာ”ဟု ဦးစိုးသိန်းက ပြောဆို သည်။

အထူးကော်မရှင် ဖျက်သိမ်းခံခဲ့ရသော်လည်း နိုင်ငံအရေး၊ ပြည်သူ့အရေး အတွက် လုပ်စရာ များစွာရှိသေးကြောင်း၊ ကော်မရှင်၏ ပြီးခဲ့သည့် သက်တမ်း ကာလအတွင်း လုပ်ဆောင်ခဲ့မှုများကို ကျေနပ်အားရမှု ရှိကြောင်း၊ လူတိုင်းတွင် အမှား ၂ ခုသာ ရှိပြီး မလုပ်သင့်သည့် အလုပ်ကို လုပ်မိသည့် အမှားနှင့် လုပ်ရမည့် အလုပ်ကို မလုပ်မိသည့် အမှားမျိုး ရှိကြောင်း သူရ ဦးရွှေမန်းက ပြောသည်။

၎င်းသည် ပြီးခဲ့သည့် လွှတ်တော် သက်တမ်းတွင် ပြည်ထောင်စု လွှတ်တော် နာယက မဖြစ်ခင် ပြည်သူ့ လွှတ်တော် ဥက္ကဌ လုပ်နေစဉ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီ၏ ဥက္ကဌ၊ နိုင်ငံရေးပါတီ တခု၏ ဥက္ကဌ ဖြစ်ကြောင်း၊ ထိုအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာမည့်သူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥက္ကဌ ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုသည်။

“ခုနက ပုဂ္ဂိုလ် (ဦးအောင်ကြည်ညွှန့်ကို ဆိုလိုခြင်းဖြစ်)က အဲဒီလို ပြောခဲ့တယ်ဆိုရင် နိုင်ငံရေးပါတီ ထူထောင်မှာမို့လို့ ဒီထဲမှာ ဆက်ရှိနေမယ်ဆိုရင် သင့်တော်ခြင်းရှိမရှိ ဆိုတာကတော့ သူ့ရဲ့ အယူအဆနဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်”ဟု သူရ ဦးရွှေမန်းက ပြောသည်။

အထူးကော်မရှင်၏ အနာဂတ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ လလယ်ပိုင်းက One News Myanmar နှင့် အင်တာဗျူး တခုတွင် ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ကြား သဘောတူညီမှုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၍ ရှေ့ မည်သို့ ဆက်ဖြစ်မည် ဆိုသည်မှာ ၎င်းတို့ ၂ ဦး၏ ဆွေးနွေး ဆုံးဖြတ်မှုပေါ်တွင် မူတည်ကြောင်း သူရ ဦးရွှေမန်းက ဖြေကြားထား သည်။

ယနေ့ ရလဒ်ကို သူရ ဦးရွှေမန်း အနေဖြင့် ကြိုတင် မျှော်လင့်မထားဘဲ ပုံမှန်ရက်များအတိုင်း အထူးကော်မရှင်ရုံးသို့ တက်ရောက်နေပြီး လွှတ်တော်၏ အဆုံးအဖြတ်ကြောင့် ပစ္စည်းများ ချက်ချင်းသိမ်း၍ ပြန်လည် ထွက်ခွာရန် နေ့လယ် ပိုင်း တွင်ပင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

သူရ ဦးရွှေမန်း၏ အထူးကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကော်မရှင်၏ သက်တမ်းမှာ ၁ နှစ် ဖြစ်သည်။

ကော်မရှင်၏ သက်တမ်းကို နှစ်စဉ် ပြည်ထောင်စု လွှတ်တော်တွင် ၁ နှစ်တခါ တိုးရပြီး သက်တမ်း တိုးတိုင်းတွင် တပ်မတော်က ကန့်ကွက်လေ့ရှိရာ ယနေ့ သက်တမ်းတိုးရာတွင်မူ ထောက်ခံသူ ၂၀ သာ ရှိသဖြင့် ယခုရလဒ် ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။
သူရ ဦးရွှေမန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီကို တည်ထောင် ရန် အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တခု တည်ထောင်ရာတွင် တတပ်တအား ပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထား သည်။

သူရ ဦးရွေမန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေး ထူထောင် ထားသူတဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဌ ဘဝတွင် သန်းခေါင်ယံ အာဏာ သိမ်းပွဲ ဟု နာမည်ကြီးသည့် ဖြစ်စဉ်နှင့် ရာထူးမှ ဖြုတ်ချခံရပြီး ထိုစဉ်ကလည်း ကြိုတင် မသိရှိခဲ့ပါ။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို သာမန်ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။

သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့ သူတဦး ဖြစ်ပြီး တပ်မတော် တွင် ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့သည်။

ယခုအခါ ၎င်းသည် နေပြည်တော်တွင် နေထိုင်လျက်ရှိပြီး ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယနေ့ အချိန်အထိ တာဝန် ထမ်းဆောင် နေခြင်း ဖြစ်သည်။

Your Thoughts …
Tags: သူရ ဦးရွှေမန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၇၇ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသော စစ်လက်နက်ပစ္စည်းများ  / AFP

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

by Bertil Lintner
11 May 2022
11.8k

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်သည် မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ လက်နက်ဝယ်ယူရေး အစီအစဉ်ကို ပြဿနာများ ဖန်တီးပေးလိုက်သည်

မတ်လ ၂၆ ရက်က ပြုလုပ်သည့် ၇၄ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သူရဲကောင်း ဗိမာန် (နေပြည်တော်) ၌ အောင်ဆန်းသူရိယ ဘွဲ့ရရှိသူ ခြောက်ဦး၏ ရုပ်တုများ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်လာသော ဗိုလ်ချုပ်ကြီးများကို တွေ့ရစဉ်  / ကာကွယ်ရေး ဦးစီးချုပ်ရုံး  / Facebook

နေပြည်တော် တပ်မတော် အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြီးတွေ မစုံတာ ဘာကြောင့်လဲ

by ထက်နိုင်ဇော်
29 March 2019
67k

အဲဒီ အခမ်းအနားတွေမှာ တပ်မတော် အရာရှိဟောင်းတွေကို ပြန်တွေ့ရပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း ၂ ဦး ဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့်တို့ မပါပါဘူး။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း  / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရွေးကောက်ပွဲ ဝင်ပြိုင်မည် မဟုတ်

by ထက်နိုင်ဇော်
8 August 2020
21.2k

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရ ဦးရွှေမန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် မဟုတ် ကြောင်း ယနေ့ နေပြည်တော်ရှိ ၎င်း၏ ပါတီရုံးချုပ်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ...

မန္တလေးမြို့ လူထု တွေ့ဆုံပွဲတွင် တွေ့ရသည့် သူရ ဦးရွှေမန်း  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

“ခြံခုန်သော သစ္စာဖောက်”ဟု ဝေဖန်မှုများ ရှိသော်လည်း ပြည်သူ့ အကျိုးကိုသာ ကြည့်မည်ဟု ဦးရွှေမန်း ပြော

by မြတ်ပြည့်ဖြိုး
20 June 2019
20.5k

“ခြံခုန်သောသစ္စာဖောက်”ဟု ဝေဖန်မှုများရှိသော်လည်း လူ တဦးတယောက်၊ အဖွဲ့အစည်းတခု အကျိုးအတွက် ဆောင်ရွက်မည် မဟုတ်ဘဲ ပြည်သူ့ အကျိုးကိုသာ ကြည့်မည် ဖြစ်ကြောင်း

ယမန်နေ့က နေပြည်တော်ရှိ သူရ ဦးရွှေမန်းနေအိမ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ / ထက်နိုင်ဇော်

တပ်နှင့်မညှိနှိုင်းဘဲ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားမှု ခက်ခဲမည်ဟု သူရ ဦးရွှေမန်း သုံးသပ်

by ထက်နိုင်ဇော်
5 August 2019
18k

တပ်မတော်နှင့် ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အခက်အခဲများ ရင်ဆိုင်နေရဦးမည် ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်း  /  မိုးမိုး / ဧရာဝတီ

ICJ ကိစ္စ သင်ခန်းစာယူရန် သူရဦးရွှေမန်းပြော

by မိုးမိုး
8 December 2019
16.9k

နိုင်ငံတကာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် ကိစ္စမှာ နိုင်ငံအတွက် သင်ခန်းစာယူရမည့် ကိစ္စဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြောသည်။

Next Post
၂၀၁၃ခုနှစ်အတွက် အကယ်ဒမီပေးပွဲအခမ်းအနားမြင်ကွင်း

အကယ်ဒမီပေးပွဲ ကျင်းပရန် နေရာရွေးချယ်နေဆဲဖြစ်

ဦးရွှေမန်း၏ အထူးကော်မရှင် ဖျက်သိမ်းခံရမှုအပေါ် သူတို့အမြင် (ရုပ်/သံ)

ဦးရွှေမန်း၏ အထူးကော်မရှင် ဖျက်သိမ်းခံရမှုအပေါ် သူတို့အမြင် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate