• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒစ်ဂျစ်တယ် နည်းပညာ ဆိုင်ရာ သင်တန်းများ Facebook နှင့် MBAPF တို့ ပူးပေါင်း ပြုလုပ်မည်

by မေသင်းခိုင်
2 March 2019
in သတင်း
A A
ရန်ကုန်မြို့ Yangon Excelsior Hotel ၌ ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပသည့် ရှင်းလင်းပွဲတွင် ဦးဆောင် စီစဉ်သူများကို တွေ့ရစဉ်

ရန်ကုန်မြို့ Yangon Excelsior Hotel ၌ ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပသည့် ရှင်းလင်းပွဲတွင် ဦးဆောင် စီစဉ်သူများကို တွေ့ရစဉ်

18.1k
VIEWS
Share on FacebookShare on Twitter

အင်တာနက်နှင့် လူမှုကွန်ရက် Facebook အသုံးပြုမှု များပြားလာသော မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် နည်းပညာ သုံးစွဲမှု တတ်မြောက်ရေး သင်တန်း အစီအစဉ်ကို မြန်မာစာပေဆိုင်ရာ အဖွဲ့ တဖွဲ့နှင့် Facebook တို့က ပထမဆုံးအကြိမ် ပူးပေါင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် နည်းပညာ သုံးစွဲမှု တတ်မြောက်ရေး အတွက် ရည်ရွယ်၍ ဒစ်ဂျစ်တယ် နည်းပညာ တတ်မြောက်မှု ပရိုဂရမ် (Digital literacy program) ကို ပြုလုပ်ခြင်း ဖြစ်သည်ဟု သင်တန်း စီစဉ်သူများက ဆိုသည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
369
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
20
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.3k

ယင်း သင်တန်း အစီအစဉ်ကို မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး ပရဟိတ အဖွဲ့ (Myanmar Book Aid and Preservation Foundation – MBAPF ) နှင့် Facebook တို့ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့ Yangon Excelsior Hotel ၌ ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပသည့် ရှင်းလင်းပွဲတွင် ဒစ်ဂျစ်တယ် နည်းပညာ အား မှန်ကန်စွာ သုံးစွဲတတ်ရန်နှင့် ပိုမိုကောင်းမွန် လုံခြုံသော နည်းပညာများဖြင့် အသုံးပြုတတ်စေရန် အတွက် သင်တန်း များ ပို့ချမည်ဖြစ်ကြောင်း MBAPF နှင့် Facebook တို့က ထုတ်ပြန် ပြောဆိုသည်။

မြန်မာနိုင်ငံကဲ့သို့ အင်တာနက် အွန်လိုင်း (Online) သုံးစွဲသူ လျင်မြန်စွာ များပြားလာသည့် နိုင်ငံမျိုးတွင် တဦးနှင့်တဦး အွန်လိုင်း ဆက်သွယ်ရေးများ လုပ်ဆောင်ရာ၌ နည်းပညာ ကျွမ်းကျင်ရုံ မကဘဲ သုံးစွဲသူများကြား စာနာ နားလည်မှု ရှိစေ ရန်၊ တခုခုကို Share (ဝေမျှ) တော့မည် ဆိုပါက အကျိုးအဆက် ဘာတွေရှိလာနိုင်မလဲ ဆိုသည်ကို တွေးတော ဆင်ခြင် နိုင်မှု ရှိစေရန် စသည့် အခြေခံ အချက်အလက်များ၊ နေရာမျိုးစုံမှ ရရှိလာသော သတင်း အချက်အလက်များကို ကျိုးကြောင်း ဆီလျှော်စွာ မှတ်နိုင်မှု၊ ဝေခွဲနိုင်မှု နှင့် ကိုယ့်အတွက် အကျိုးရှိမှု စသည်များကိုလည်း နားလည်ရန် လိုအပ် ကြောင်း သိရသည်။

MBAPF ၏ Executive Director ဒေါက်တာ သန့်သော်ကောင်း က“ကျနော်တို့ရဲ့ လူမှုအခြေပြု ဗဟိုဌာနတွေမှာ ဒစ်ဂျစ် တယ် ပညာ တတ်မြောက်မှုနဲ့ ပတ်သတ်တဲ့ သင်တန်းတွေ ပို့ချဖို့အတွက် အခုလို Facebook နဲ့အတူ ပူးပေါင်း လုပ်ကိုင် ရတဲ့တွက် စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ ရှိတဲ့ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေ ၂၁ ရာစုမှာ ပိုမို အသိ ပညာ ကြွယ်ဝတဲ့ ဒစ်ဂျစ်တယ် လူသားတွေ ဖြစ်လာဖို့အတွက် အထောက်အကူပြုမယ့် ဒီစီအစဉ်ဟာ တကယ်အရေးပါ ပါတယ်”ဟု ပြောကြားသည်။

ဒစ်ဂျစ်တယ် နည်းပညာ သင်တန်းဆိုင်ရာများကို ရှင်းလင်းနေစဉ်

အဖွဲ့အစည်းပေါင်းစုံ၏ အသုံးပြုပုံ အနေအထား ဖြန့်ဝေပုံအရ မြန်မာပြည်တွင် ရှိသည့် အခြေခံ လူတန်းစားများ အတွက် Digital literacy ဗဟုသုတရှိရန် လိုအပ်နေသည်ဟု ထင်ကြောင်းလည်း Facebook မှတာဝန်ရှိသူ က ဆိုသည်။

အဆိုပါ အစီအစဉ်တွင် ပထမဆုံး အနေဖြင့် စာကြည့်တိုက်များနှင့် လူမှုအခြေပြု ဗဟိုဌာနများ ကွန်ရက်ရှိ ပြန်လည် သင်ကြား ပေးမည့် ပုဂ္ဂိုလ် (Trainers) ၄၀၀၀ ခန့်ဖြင့် ပြည်နယ်နှင့် တိုင်း ၁၃ ခုတွင် စတင် ဆောင်ရွက်မည်ဟု သိရသည်။

ယုံကြည်ရာ အသိပညာ ပြန့်ပွားရေး အသင်း Co-founder ကိုဇော်ထက်အောင် က”Digital citizenship တွေ အများကြီး ပေါ်ထွက်ဖို့ လူတွေအားလုံး Digital literacy တွေဖြစ်လာဖို့ Community center တွေကနေ ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတော့ ကျနော် ၂ ပိုင်းမြင်ပါတယ်။ ပထမပိုင်းက Technical ပိုင်းပေါ့။ Technical ပိုင်းသည် လွယ်လွယ်ကူကူနဲ့ ပေးလို့ရ ပါတယ်၊ သင်တန်းတွေပေးလို့ရတယ်၊ Sharing လုပ်ပေးလို့ရတယ်၊ အဲ့ဒီ အပိုင်းက အချိန်မများကြီးမယူရပါဘူး။ ဒုတိယ အပိုင်းကတော့ အချိန်အများကြီးယူရမယ်။ ဒါကတော့ Critical thinking အပိုင်းပေါ့။ Digitalမှာ ရောက်လာတဲ့ သတင်း အချက်အလက်တွေက မှန်လားမှားလားဆိုတာ ဘယ်လိုခွဲမယ်ဆိုတဲ့ Critical thinking ပိုင်းကတော့ အချိန်ယူပါတယ်”ဟု ပြောကြားသည်။

၎င်းက ဆက်လက်၍“ဒီ ပရိုဂရမ် ကိုလည်း ကျနော် သဘောကျပါတယ်၊ အင်တိုက်အားတိုက်လုပ်ဖို့ အစီအစဉ်လည်း ရှိပါ တယ်။ Facebook ကို ဘယ်လိုမျိုး Systematically ကျကျ နဲ့ Secure ဖြစ်ဖြစ် သုံးကြမလဲပေါ့လေ၊ အဲ့ဒီအတွက် ကျနော် တို့ Community library ကနေ Training ပေးပါမယ်။ Awareness campaign တွေလုပ်လို့ရပါတယ်။ Community library ကိုလာတဲ့ User တွေ အတွက် ပတ်ဝန်းကျင်မှာ Information နဲ့ပတ်သက်တဲ့ကိစ္စ Digital နဲ့ပတ်သက်တဲ့ကိစ္စတွေ ဘယ်လိုကြုံနေရလဲ၊ အဲ့ဒီ အတွက် user တယောက်ချင်းစီကို Knowledge sharing ပြန်လုပ်ပေးလို့ရပါတယ်”ဟု ပြောကြားသည်။

ရှင်းလင်းပွဲတွင် တွေ့ရသည့် ဒစ်ဂျစ်တယ် သင်တန်း စီစဉ်သူများ

သင်တန်း စတင်မည့် အချိန်ကို မသိရှိရသေးသော်လည်း သင်တန်း ကာလမှာ ၄ ရက်ကြာမြင့်ပြီး နည်းပညာပိုင်း အတွက် ပထမဆုံး သင်ရိုးတွင် အင်တာနက် နင့်ပတ်သက်သည့် အလွယ်ကူဆုံးနှင့် အဓိကကျသော အခြေခံ အချက်အလက်များ၊ အွန်လိုင်းတွင် ရှာဖွေနည်းများ စသည့် အခြေခံများကို စတင်ကြားပေးမည်ဟု ဆိုသည်။

ထိုမှတဆင့် နေ့စဉ်သုံး Tools တွေမှ တဆင့် Facebook tools များကို အသေးစိတ် သုံးစွဲပုံများနှင့် Online ပေါ်တွင် အလုပ် လုပ်နည်းများပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ Facebook ဘက်မှလည်း ဆန်းစစ် ဝေဖန် တွေးခေါ် တတ်ခြင်း နှင့် သူတပါးအား စာနာတတ်ခြင်း၊ သတင်းအမှားများကို ခွဲခြားသိခြင်း၊ Facebook အား လုံခြုံစွာ သုံးစွဲတတ်ရန် အကြံပြု ချက် များ စသည်တို့ ကိုလည်း သင်ရိုးတွင် ပံ့ပိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ သန့်သော်ကောင်းက“Module (စံနှင့်အညီ ပြုလုပ်ထားသော) တခုပြီးတိုင်း Assessment လုပ်မယ်။ သွားချင် တဲ့ ပုံစံကတော့ သင်ပေးလိုက် တာတွေ တကယ်ကို တတ်သွားတဲ့ အနေအထားမျိုး ရောက်စေချင်ပါတယ်”ဟု ပြောကြား သည်။

Your Thoughts …
Tags: ဒစ်ဂျစ်တယ် နည်းပညာသင်တန်း
မေသင်းခိုင်

မေသင်းခိုင်

Similar Picks:

နွေကျောင်းပိတ်ရက် ကျောင်းတက်ရန် စစ်ကောင်စီညွှန်ကြား

နွေကျောင်းပိတ်ရက် ကျောင်းတက်ရန် စစ်ကောင်စီညွှန်ကြား

by ဧရာဝတီ
21 March 2025
5.5k

ဧပြီလ ၁ ရက်နေ့စမယ်။ သင်္ကြန်ရက်တွေတော့ ရှောင်ရမှာပေါ့။ အဲဒီမှာ ၁၅ ရက်၊ မေလထဲမှာ ၅ ရက် တက်ရ မယ်။ စာသင်ချိန်ကလည်း တနေ့လုံး မဟုတ်ဘူး။ မတက်မနေရ ဆိုတာလည်း မဟုတ်ဘဲနဲ့ မိဘတွေက...

မန္တလေးမြို့အတွင်း ပြည်သူများသွားလာလှုပ်ရှားနေမှုများကို မေလဆန်းပိုင်းက တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးတိုင်းအတွင်း သင်တန်းများ ပြန်လည် ဖွင့်လှစ် ခွင့်ပြု

by မြတ်ပြည့်ဖြိုး
16 June 2020
5.5k

သို့သော် လူစုလူဝေး ဖြစ်စေနိုင်မည့် ပွဲလမ်းသဘင်များ၊ ဘာသာရေး အခမ်းအနားများ၊ ဆုတောင်းပွဲများ နှင့် အပန်းဖြေ လုပ်ငန်းများအား ဆက်လက် ကန့်သတ်ထားမည် ဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပဒေအရ အရေး ယူခြင်း ခံရမည်ဟု ဆိုသည်။

Next Post
ဖခင်၏ မှတ်ပုံတင် မပြနိုင်သော်လည်း မွေးစာရင်းပြုလုပ်ခွင့်ပေးမည် (ရုပ်သံ)

ဖခင်၏ မှတ်ပုံတင် မပြနိုင်သော်လည်း မွေးစာရင်းပြုလုပ်ခွင့်ပေးမည် (ရုပ်သံ)

ချဉ်ငံစပ် ယိုးဒယားကျွဲကောသီးဂဏန်းသုပ်

ရှူးရှဲအရသာ ချဉ်ငံစပ် ယိုးဒယားကျွဲကောသီးဂဏန်းသုပ်

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate