• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အချုပ်သားများ ခန္ဓာကိုယ် X ray စက်နှင့်သာ ရှာရန် ပြော

by ကျော်မျိုး
5 March 2019
in သတင်း
A A
ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင် / Reuters

ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင် / Reuters

14.3k
VIEWS
Share on FacebookShare on Twitter

မူးယစ်ဆေးဝါးနှင့် တားမြစ် ပစ္စည်း သယ်ဆောင်လာသည် ဟု သံသယရှိသော အချုပ်သားများ၏ စအို အတွင်းသို့ လက်ဖြင့် မွှေနှောက် ရှာဖွေခြင်း မပြုဘဲ X ray စက်များ အသုံးပြု၍ စစ်ဆေး ရှာဖွေနိုင်ခြင်း ရှိမရှိ သန်လျင် မြို့နယ် လွှတ်တော် ကိုယ် စားလှယ် ဦးလွင်ကိုလတ်က လွှတ်တော်၌ ပြောဆိုသည်။

မတ်လ ၄ ရက်က ကျင်းပသော နေပြည်တော် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဦးလွင်ကိုလတ် က ထောင်ကျ အကျဉ်းသားများ၊ ရုံးထုတ် အပြန် အချုပ်သားများ ထောင်တွင်း ပြန်ဝင်လာချိန်တွင် ခန္ဓာကိုယ် အတွင်းသို့ တရားမဝင် ပစ္စည်းများ လျှို့ဝှက် သယ်ဆောင်လာကြောင်း သတင်းရ၍ စအို အတွင်း လက်ဖြင့် နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ်၍ စက်နှင့် ရှာဖွေခြင်းကို မည်သည့်နှစ်တွင် စတင် ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
2
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
261
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
68

အကျဉ်းသားများကို လုံခြုံရေး အရ မဖြစ်မနေ စစ်ဆေးရမည် ဖြစ်သကဲ့သို့ လူ့ ဂုဏ်သိက္ခာ အရလည်း အဆင်ပြေစေရန် မေးမြန်းရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးလွင်ကိုလတ်က “အရင် ကာလတုန်းက တခြား ရှာစရာ နည်းလမ်း မရှိတဲ့ အခါ ကိုယ်ခန္ဓာထဲကို လက်ထိုးသွင်းပြီး မွှေ နှောက် ရှာဖွေရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါတွေက သတင်း အရ တိကျတာလည်း ရှိတယ်။ တချို့ကျတော့ ရှာပေမယ့် ဘာမှ မရှိတဲ့ အခါကျတော့ လူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်တဲ့ အပြင် ဒီကနေ မလိုလားအပ်တဲ့ ရောဂါ ကူးစက်မှုတွေ ဖြစ်နိုင်တဲ့ အလားအလာ အများကြီး ရှိပါတယ်” ဟု ပြောသည်။

နိုင်ငံတကာ လူ့ အခွင့်အရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများမှ အချုပ်သားများနှင့် တွေ့ဆုံပြီး လူ့အခွင့်အရေး ချိုး ဖောက်ခံရခြင်းနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ ယင်းဖြစ်ရပ်ကို အချုပ်သားများက ပြောဆိုကြပြီး အမည်းစက် အဖြစ် ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

“ဒါကို ကျနော်တို့ ဖြေလျှော့ဖို့ ဆိုရင် အခု နောက်ပိုင်းမှာ သုံးလို့ ရတဲ့ နည်းနာ တခု ပေါ်လာပြီ ဖြစ်ပါတယ်။ ဒါကတော့ X ray စက်နဲ့ အဲဒီ စက်ပေါ် ထိုင်ပြီး စမ်းလို့ ရှိရင် ခန္ဓာကိုယ်ထဲ ထည့်သွင်းလာတာကို မြင်တယ်။ အဲဒီလို တွေ့တဲ့သူကို ဒီဟာ ကို ဘယ်လို ထုတ်မလဲ၊ လက်နဲ့ နှိုက်စရာ မလိုတဲ့ တခြား နည်းလမ်းတွေကို စဉ်းစားလို့ ရပါတယ်။ ဥပမာ ဝမ်းနှုတ်ခိုင်းတာ မျိုး၊ ဒါမျိုးတွေ စဉ်းစားလို့ ရပါတယ်။ ဒီ X rays စက်တွေနဲ့ ရှာဖွေဖို့က ကျနော်တို့အတွက် အဖြေပါ” ဟု ဦးလွင်ကိုလတ်က ပြောဆိုသည်။

ယင်းမေးခွန်းနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီး ဌာန၏ ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်သူက သံသယရှိ အကျဉ်းသားများကို ရှာဖွေရေး ပြုလုပ်ရာတွင် လူ့ ဂုဏ်သိက္ခာ မညှိုးနွမ်း စေရန် အထူး အလေးထား ဆောင်ရွက်လျက် ရှိပြီး စအို အတွင်း လက်ဖြင့် မွှေနှောက် ရှာဖွေသော နည်းကို မပြုလုပ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ရှာဖွေရေး ပြုလုပ်ရာမှာ ခန္ဓာကိုယ် အတွင်း သွင်းယူလာကြောင်း သတင်း အတိအကျ ရရှိလာပါက စအိုအတွင်း လက် နှိုက် ရှာဖွေခြင်း မပြုလုပ်ဘဲ စအိုအောက်တွင် ကြည့်မှန် ခံ၍ ထိုင်ထ ပြုလုပ်စေခြင်းနှင့် အန်စေခြင်း နည်းလမ်း တို့ကိုသာ ဆောင်ရွက်ပြီး ရှာဖွေလျက် ရှိပါတယ်။ အဆိုပါ နည်းလမ်းများ ဆောင်ရွက်ခြင်းကြောင့် မူးယစ် ဆေးဝါး ထွက်ရှိလာခြင်း မရှိပါက အကျဉ်းထောင် ဆေးရုံမှာ ရှိတဲ့ ရောဂါ ရှာဖွေရန် ထားရှိထားတဲ့ ဓာတ်မှန်ရိုက်စက်နဲ့ စစ်ဆေးလျက် ရှိပါတယ်” ဟု ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် အကျဉ်းထောင် အသီးသီးတွင် လုံခြုံရေး ကျိုးပေါက်မှု မရှိစေရန်၊ အကျဉ်းထောင် အတွင်း တားမြစ် ပိတ်ပင်ထားသည့် ပစ္စည်းများ မရောက်ရှိစေရန် အတွက် ထောင်ဝင်စာ ပစ္စည်းများ ရှာဖွေရေး၊ တရားရုံး အပြန် ရှာဖွေရေးနှင့် ဝန်ထမ်း အဝင်/အထွက် ရှာဖွေရေး တို့ကို အထူး အလေးထား ဆောင်ရွက်နေကြောင်းလည်း ဒု ဝန် ကြီးက ဆိုသည်။

“ယခု အခါမှာ မူးယစ် ဆေးဝါးမှုဖြင့် ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား များပြားလာရာ မူးယစ်ဆေးဝါး၊ စိတ်ကြွ ဆေးပြား များကို အကျဉ်းထောင် အတွင်း စအို အတွင်း ထည့်၍ လည်းကောင်း၊ ပါးစပ်မှ မျိုချ၍ လည်းကောင်း ခေါက်ဆွဲထုတ်၊ မုန့် ထုတ်၊ ကော်ဖီမစ် အတွင်း ထည့်၍ လည်းကောင်း၊ အခြား အစားအသောက်ဗူးများ အတွင်း ထည့်သွင်း၍ လည်းကောင်း သွင်းယူလာကြသောကြောင့် ရှာဖွေရေးကို အထူး အာရုံစိုက် ဆောင်ရွက်လျက် ရှိနေရပါတယ်” ဟု ဗိုလ်ချုပ် အောင်သူက ရှင်းလင်း ပြောဆိုသည်။

၂၀၁၈ ခုနှစ် အတွင်း အင်းစိန် ဗဟို အကျဉ်းထောင် တခုတည်း၌ပင် တရားရုံး အပြန် ရှာဖွေရေးနှင့် ထောင်ဝင်စာ ရှာဖွေ ရေးတို့မှ မူးယစ် ဆေးဝါး ၆၈ ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း၊ အင်းစိန် ဗဟို အကျဉ်းထောင် နေ့စဉ် ရုံးထုတ်၊ ရုံးပြန်ဦးရေ ၁၀၀၀ ကျော် ရှိပြီး ရုံးပြန်ချိန်မှာ နေဝင်ချိန် ဖြစ်၍ ရှာဖွေရေး ဆောင်ရွက်ရာတွင် အချိန်ပေးနိုင်ခြင်း မရှိဘဲ လျှင်မြန်စွာ ရှာဖွေ ဆောင်ရွက်နေရကြောင်းလည်း ဒု ဝန်ကြီးက ပြောသည်။

မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံဖူးသူ အသက် ၃၀ ကျော် အမျိုးသား တဦးကမူ အကျဉ်း ဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် အကျဉ်းသားများကို ပျော့ပျောင်းသော နည်းဖြင့် အချိန်ပေး စစ်ဆေးလေ့ မရှိ ကြောင်း ပြောဆိုသည်။

“ရန်ကုန်က ထောင်တွေလိုမျိုးမှာ ဆိုရင်တော့ အဲဒီလို အဆင့် ဟုတ်ရင် ဟုတ်ရင် ဟုတ်မှာပေါ့။ ကျန်တဲ့ သာမန်ထောင် တွေမှာက အဲဒီလို မှန်မှာထိုင် ဘာညာ ဘယ်လုပ်ပါ့မလဲ။ စပြီး ထောင်ထဲဝင်လာကတည်းက ရိုက်မယ် နှက်မယ်၊ ကြောက် အောင် ခြောက်ထားတာ။ မှန်ပေါ်ထိုင် ဆိုပြီး အလုပ်ရှုပ်ခံပြီး မလုပ်ကြဘူး” ဟု ၎င်းက ဆိုသည်။

ဦးလွင်ကိုလတ်က ဆက်လက်၍ နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်နှင့် တခြားသော လူ့အခွင့်အရေး အဖွဲ့အစည်း များက လူ့အခွင့်အရေးနှင့် ပတ်သက်၍ အကျဉ်းထောင်များကို ကြည့်ရှု တိုင်းတာကြကြောင်း၊ အကျဉ်းထောင်များတွင် ညှင်းပန်း နှိပ်စက်မှု၊ အစား အစာ မသန့်ရှင်းမှု၊ နေထိုင်မှု ပြဿနာ၊ ဆေးကုသမှု ပြဿနာ များစွာ ရှိခဲ့သော်လည်း ပြုပြင် ပြောင်းလဲမှုများ ရှိလာ၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အစီရင်ခံစာ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP) အစီရင်ခံစာများကို ကြည့်လျှင် တိုးတက်မှုများ ရှိလာကြောင်း ပြောဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် အကျဉ်းထောင် အတွင်း စိတ်ကြွဆေးပြားများ သွင်းလာနိုင်သူများကို ရှာဖွေရန် Body Search Scanner ဝယ်ယူရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် စက်နှင့် စက်ပစ္စည်း ရန်ပုံငွေ၌ ယင်း စက်များ အတွက် လျာထား တန်ဖိုး အပါအဝင် ကျပ် ၁၀၄၆ ဒသမ ၃၅၅ သန်း တင်ပြ တောင်းခံခဲ့ရာ ကျပ် ၅၅ ဒသမ ၀၆၈ သန်းသာ ခွင့်ပြုခဲ့၍ ဝယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း ဗိုလ်ချုပ် အောင်သူက ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် စက်ပစ္စည်း ရန်ပုံငွေတွင်လည်း Body Search Scaner တစုံနှင့် X-ray စက်နှစ်စုံ ဝယ်ယူရန် လျာထား တန်ဖိုးများ အပါအဝင် ငွေကျပ် ၂၁၄၆ ဒသမ ၀၈ သန်း တင်ပြ တောင်းခံရာ ငွေ ကျပ် ၅၉၅ ဒသမ ၀၈၈ သန်းသာ ခွင့်ပြုချက် ရရှိ၍ ဝယ်ယူနိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

အကျဉ်း ဦးစီး ဌာန တရားရုံးထုတ် ရုံးပြန်၊ ထောင်ဝင်စာ တွေ့ဆုံမှု များပြားသည့် အကျဉ်းထောင်များ၊ မူးယစ်ဆေးဝါး ပြန့် ပွားမှု များပြားသည့် ဒေသများနှင့် အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scaner သုံးစုံနှင့် X-ray စက် သုံး လုံးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ဖြည့်စွက်တွင် လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်း မူလ ရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်း တောင်းခံသွားမည် ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီး ဌာ နက သိရသည်။

Your Thoughts …
Tags: တားမြစ်ပစ္စည်းအချုပ်သား
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

ဒီပဲယင်းမြို့ကို စစ်တပ်မီးရှို့နေပြီး ဒေသခံ ၂ သောင်းခန့် ရှောင်တိမ်းနေရ

ဒီပဲယင်းမြို့ကို စစ်တပ်မီးရှို့နေပြီး ဒေသခံ ၂ သောင်းခန့် ရှောင်တိမ်းနေရ

by စောလွင်
22 August 2024
1.3k

ဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသတ်ဖြတ်မည့်စိုးရိမ်စိတ်ကြောင့် အဓိက ရှောင်တိမ်းနေခြင်းဖြစ်ပြီး တချို့ မြို့နှင့် ဝေးသောကျေးရွာများရှိ ဒေသခံများပင်လျှင် နေ့ခင်းဘက်၌ လယ်ယာ၊တောင်ယာ အလုပ်များ သွားရောက် လုပ်ကိုင်ကြပြီး ညဘက်တွင် ဘေးလွတ်ရာ နေရာများသို့ ရှောင်တိမ်းနေကြရသည်

ထိုင်းနိုင်ငံက ဆေးခြောက် အမျိုးအစားအချို့ကို ဆေးဝါးအဖြစ်လည်း ထုတ်လုပ်နေပါတယ်

ဆေးခြောက်ပင် အမျိုးအစားအချို့ကို တားမြစ်ပစ္စည်းအဖြစ်ကနေ ပယ်ထုတ်လိုက်တဲ့ ထိုင်းနိုင်ငံ

by ရေဗန်
2 September 2019
8.3k

ဆေးခြောက်လျှော်ပင်မှာ ပါရှိတဲ့ CBC ဓာတ်ဟာ ဆေးဝါးထုတ်လုပ်ဖု့ိအတွက် ကောင်းမွန်ကြောင်းကို သုသေသနတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။

ပုသိမ်နယ်မြေရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်ရဲစခန်းမှ ထွက်ပြေးသည့် အချုပ်သား ပြန်လည်ဖမ်းမိ

by ဆလိုင်းသန့်စင်
13 November 2019
7.6k

အချုပ်သားများ ထွက်ပြေးသည့်အတွက် တာဝန်ကျသည့် ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို တာဝန်ပေါ့လျော့မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ခုံရုံးဖွဲ့ စစ်ဆေးနေ

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အဝင်ဝ

ထောင်တွင်း အသံတိတ်သပိတ် ပါဝင်၍ ရိုက်နှက်၊ တိုက်ပိတ်ခံရသူများ၏ အခြေအနေ စိုးရိမ်ရ

by ဧရာဝတီ
14 December 2021
17.8k

အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား၊ အချုပ်သားများကလည်း သပိတ် ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိထားသည့် ကျောင်းသား လူငယ်အချို့အား ထောင်တွင်း အထူး တရားရုံးထုတ်ချိန်တွင် တွေ့မြင်ခဲ့ရကြောင်း ရှေ့နေအချို့က ပြောသည်။

အချုပ်သား သေဆုံးမှု ဖြစ်ပွားခဲ့သည့် မြင်းကကုန်း ရဲစခန်း / ဧရာဝတီ

မြင်းကကုန်းရဲစခန်း၌ အချုပ်သား ၁ ဦး သေဆုံးမှု ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးနေ

by ဆလိုင်းသန့်စင်
10 August 2020
6.1k

အချုပ်သား သေဆုံးမှုနှင့်ပတ်သက်၍ မြင်းကကုန်းနယ်မြေ စခန်းမှူး ရဲအုပ် ဇော်မျိုးထက်အပါအဝင် တာ ဝန်ရှိသူများအား ဖျာပုံခရိုင် ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးသွားမည် ဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက် အရ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က...

ဒေးဒရဲမြို့မ ရဲစခန်း / ဆလိုင်းသန့်စင် / ဧရာဝတီ

အချုပ်သားသေဆုံးမှုဖြင့် ဒေးဒရဲမြို့ ရဲတပ်ဖွဲ့ဝင်များကို ခုံရုံးဖွဲ့စစ်ဆေး

by ဆလိုင်းသန့်စင်
29 June 2018
13.4k

ကိုဇော်မင်းထွန်း၏ မိသားစု ဝင်များက ဒေးဒရဲမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးစဉ် ရိုက်နှက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။

Next Post
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမှူး  / Karen National Union Headquarters

PPST ထိပ်သီးခေါင်းဆောင်များ အပြောင်းအလဲဖြစ်မည်

ရေခဲမြစ်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးတဲ့အဘွားအို

ရေခဲမြစ်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ကူးတဲ့အဘွားအို ရေခဲမြစ်ထဲမျောပါ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate