• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ

by မင်းအောင်ခိုင်
6 March 2019
in သတင်း
A A
ကျောက်တော်မြို့မ ရဲစခန်း  / မင်းအောင်ခိုင်  /  ဧရာဝတီ

ကျောက်တော်မြို့မ ရဲစခန်း / မင်းအောင်ခိုင် / ဧရာဝတီ

11.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် သရက်တပင် ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံ ရ ကြောင်း သတင်း ရရှိသည်။

အဆိုပါ အသတ်ခံရသူမှာ အသက် ၄၇ နှစ် အရွယ် ဦးဘစော ဖြစ်ပြီး မတ်လ ၅ ရက် ညနေပိုင်း အချိန်က ရွာအနီး ကား လမ်းမ ဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်းထဲ၌ ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သရက်တပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောမောင်သိန်းက ပြောသည်။

RelatedPosts

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

ရန်ကုန်-ပြည်လမ်းမပေါ်ထိ တိုက်ပွဲတွေရောက်လာ (ရုပ်/သံ)

18 June 2025
113
စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

စခန်းလုအထိုင်ချမှု TNLA နဲ့ SSPP ဆက်ဆံရေးတင်းမာ (ရုပ်/သံ)

18 June 2025
48
သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

သိမ်းထားတဲ့မြို့တွေကို ကိုးကန့်ရဲ့ အထူးဒေသ (၁) အဖြစ်သတ်မှတ်ဟုဆို (ရုပ်/သံ)

18 June 2025
117

ဦးစောမောင်သိန်းက“ရွာအနားက ကားလမ်းဘေးနားမှာ သူ့ ဈေးဆိုင်ခန်းတွေ ရှိတယ်။ ဦးဘစောက အဲဒီမှာ တဦး တည်း နေတာ။ မိသားစုတွေတော့ ရွာထဲမှာ နေကြတယ်။ မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ကိုဘစောသားက ဈေးဆိုင်ခန်းမှာနေတဲ့ သူ့အဖေဆီသွားတော့မှ သေဆုံးနေတာကို တွေ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားလာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ ဦးဘစောမှာ ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာ ၃ ချက်၊ လည်မျို ထိုးသွင်း ဒဏ်ရာ ၁ ချက် စုစုပေါင်း ထိုးသွင်း ဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ဝင်များထံက သိရသည်။

သရက်တပင် ရဲကင်း စခန်းမှူး ရဲအုပ် မင်းသိန်းစိုး က ဦးဘစော သတ်ဖြတ်ခံမှု ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြု သော်လည်း ယင်းအမှုအား ကျောက်တော် မြို့မ စခန်းမှူးက ကိုင်တွယ် စစ်ဆေးနေသည်ဟု ဆိုသည်။

ကျောက်တော် မြို့မ စခန်းမှူး ဖြစ်သူ  ဒုရဲမှူး စိုးလွင် အား ဆက်သွယ် မေးမြန်းရာတွင် သေဆုံးသွားသည့် ဦးဘစော၏ ရုပ် အလောင်းကို ကျောက်တော် ပြည်သူ့ ဆေးရုံတွင် ပို့ဆောင်ထားကြောင်းနှင့် တရားခံ ပေါ်ပေါက်ရန် စုံစမ်း ရှာဖွေ လျက် ရှိကြောင်း ပြောဆိုသည်။

ဒုရဲမှူး စိုးလွင်က“ကိုဘစော အလောင်းကိုတော့ ကျနော်တို့ မနေ့ညကတည်းက ကျောက်တော် ပြည်သူ့ ဆေးရုံကို ပို့ ဆောင်ထားပါတယ်။ အမှုနဲ့ ပတ်သက်လို့ မိသားစုဝင်ဆီက တိုင်ကြားချက်တွေ ယူပြီးတော့ စုံစမ်း ရှာဖွေမှုတွေ လုပ်နေ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်လျက် ရှိကာ လက်ရှိ အချိန်အထိ အကြောင်းရင်းကို မသိရှိ ရသေးပေ။

ဦးဘစောသည် ယခင် စစ်အစိုးရ လက်ထက်က ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့၌ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင် ခဲ့ပြီး လက်ရှိတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွင် ရာအိမ်မှူး တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရ သည်။

ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်သူ ဦးဘစော ယခုကဲ့သို့  လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံ များ ကြားတွင် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင် ပြည်နယ် အတွင်း ကျေးရွာ တချို့တွင် ယခုကဲ့သို့သော အသတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေ ကြောင်း၊ အသတ်ခံရသည့် အကြောင်းအရင်းများနှင့် လုပ်ကြံ သတ်ဖြတ်သွားသည့် တရားခံများကို လက်ရှိ အချိန် အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းကလည်း ရခိုင် ပြည်နယ် မင်းပြား မြို့နယ် သာယာကုန်း ကျေးရွာ အုပ်စု အတွင်း ရာအိမ်မှူး အဖွဲ့ဝင် တဦး ဖြစ်သူ အသက် ၅၀ ကျော် အရွယ် ဦးမောင်ကျော်မှာ အမည်မသိ သေနတ်သမား၏ ပစ်ခတ်ခြင်း ခံရပြီး သေဆုံးသွားခဲ့သည်။

ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီ ကျော် အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်း ကျေးရွာသား ဦးမောင်အေးသိန်း ၅၆ နှစ်မှာ အမည်မသိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၂၄ ရက်ကလည်း မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာတွင် နေထိုင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟို ကော်မတီဝင် တဦး ဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင်း၌ သေနတ် နှင့် ပစ်ခတ် ခံရခြင်းကြောင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဆက်စပ် ဖတ်ရှုရန် –

မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး နုတ်ထွက်

ကျောက်တော်တွင် ရခိုင်တိုင်းရင်းသား ၂၆ ဦး ဖမ်းဆီးခံရ

Your Thoughts …
Tags: ကျေးရွာ အုပ်ချုပ်ရေးမှူး
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရသည့် တမူမြို့နယ်ရှိ ဝိတုတ်ရွာမ ကျေးရွာ

တမူးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ် အပစ်ခံရ၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး

by ဧရာဝတီ
4 May 2021
111k

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ဝိတုတ်ရွာမကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို မေလ ၃ ရက်နေ့ ည ၉ နာရီခန့်က ပစ်ခတ်ခံရသည့်အတွက် နှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း

နုတ်ထွက်စာ တင်ရန် ဆွေးနွေးနေသော ကျေးရွာ အုပ်ချုပ်ရေးမှူးများ / Ko Kyaw Hlamyint

ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်စာတင်

by မင်းအောင်ခိုင်
5 June 2019
18.4k

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၅ ဦးသည် တံဆိပ်တုံးများကို အပ်နှံကာ ဇွန် လ ၄ ရက်က ညနေပိုင်းက နုတ်ထွက်စာ တင်လိုက်ကြကြောင်း သတင်း ရရှိသည်။

Next Post
KWO အထွေထွေအတွင်းရေးမှူး နော်ကညောဖော

KWO မှ နော်ကညောဖော International Women of Courage ဆုရှိ

၂၀၁၉  ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဘာတွေလုပ်ကြမလဲ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate