• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရ တွေ့ဆုံညှိနှိုင်းမည်

by ကျော်ခ
6 March 2019
in သတင်း
A A
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးနေသည့် PPST အစည်းအဝေး / ကျော်ခ / ဧရာဝတီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးနေသည့် PPST အစည်းအဝေး / ကျော်ခ / ဧရာဝတီ

9.4k
VIEWS
Share on FacebookShare on Twitter

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထာသော တိုင်းရင်းသား လက်နက် ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၉ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သော်လည်း ယင်း တွေ့ဆုံ မှု တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခက်အခဲများ ကျော်လွှားနိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
49
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
218
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.4k

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က“ငြိမ်းချမ်းရေး ကော်မရှင်က ကျနော်တို့ လက်မှတ် ထိုးတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ အလွတ်သဘော ဆွေးနွေးချင်တယ်လို့ ကမ်းလှမ်းလာတယ်။ အဲဒါအပေါ်မှာ ကျနော်တို့ လက်ခံလိုက်တယ်”ဟု သတင်းထောက်များကို ပြောသည်။

ဆွေးနွေးမည့် အကြောင်းအရာများကို အတိအကျ မဆုံးဖြတ်ရသေးသော်လည်း ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြေလည်ပြီး ရှေ့ဆက်နိုင်ရေး အတွက် ကိုဦးတည် ဆွေးနွေးဖြစ်ကြဖွယ်ရှိကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ပြောဆို သည်။

ဗိုလ်မှူးကြီး စိုင်းငင်း က“အခုက ကျနော်တို့က ၁၀ ဖွဲ့နဲ့သွားမယ်ဆိုတော့ ဒီ (PPST) အစည်းအဝေးကနေ ချမှတ်ပေးတဲ့ ခေါင်းစဉ်အောက်ကနေပဲ ဘောင်အတွင်းကနေပဲ စုပေါင်းဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု သတင်းထောက်များကို ပြော သည်။

ငြိမ်းချမ်းရေး ကော်မရှင် အနေဖြင့် ၎င်းတို့၏ ချင်းမိုင် ခရီးစဉ်အတွင်း မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ကရင် အမျိုးသား အည်းအရုံး (KNU)၊ ၉ ရက်နေ့တွင် အပစ်ရပ် ၁၀ ဖွဲ့၊ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အပစ်ရပ် ၁၀ ဖွဲ့သည် အစိုးရနှင့် တရားဝင် ဆွေးနွေးပွဲများ ၄ လကျော်ကြာ ရပ်တန့်နေခဲ့ပြီးနောက် ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ဆွေးနွေးပွဲများ ပြန်လည် စတင်တွေ့ဆုံခဲ့ပြီး အစိုးရနှင့် ယခုလ ၉ ရက်နေ့ တွေ့ဆုံမည့် ဆွေးနွေးပွဲသည်လည်း ထိုအစည်းအဝေးတွင် ညှိနှိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ချင်းမိုင် ဆွေးနွေးပွဲကို အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အနေဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၅ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။

၂၀၁၈ အောက်တိုဘာလ ၁၅ ရက်၊ ၁၆ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များကြား သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ “တခုတည်းသော တပ်မတော်ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် PPST တရားဝင် အစည်း အဝေးများ ရပ်ဆိုင်းသွား ခဲ့ရသည်။

အပစ်ရပ်အဖွဲ့များက အစိုးရ၊ တပ်မတော် တို့နှင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် KNU က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး RCSS/SSA က ဒုဥက္ကဋ္ဌ တာဝန် ယူထားသည်။

လက်ရှိ ချင်းမိုင်မြို့တွင် ပြုလုပ်နေသော PPST အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နေရာတွင် KNU အထွေထွေ အတွင်းရေးမှူး ပဒို တာဒိုမှူး၊ ဗိုလ်ချုပ်ကြီး ယွက်စစ်နေရာတွင် RCSS/SSA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောင်ခေး တို့ကို KNU နှင့် RCSS တို့က အစားထိုးရန် တင်ပြထားသည်။

ထို့ကြောင့် လာမည့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ငြိမ်းချမ်းရေး အစည်းအဝေးများတွင် အစိုးရနှင့် တပ်မတော်တို့ ဘက်မှ ယခင်ကကဲ့သို့ အလေးထားမှု လျော့ကျသွားမည်ကိုလည်း PPST အဖွဲ့ဝင်များကြား စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

Your Thoughts …
Tags: Peace CommissionPPSTအစိုးရ
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

ဖယောင်းတိုင်ထွန်းပြီး တိုင်းပြည်အုပ်ချုပ်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
16 January 2025
898

အာဏာသိမ်း စစ်ကောင်စီဟာ လှည့်ကျစနစ်နဲ့ပေးနေတဲ့ လျှပ်စစ်မီးကိုတောင် မှန်အောင်မပေးနိုင်တော့ပါဘူး။ ရန်ကုန်မြို့မှာ အရင်က အလှည့်ကျ မီးရရှိမှုဟာ တရက်ကို ၁၂ နာရီ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်ရဲ့ မီးပေးဝေမှု ဇယားမှာတော့ တရက်ကို ၈...

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ  / ထက်ဝေ  / ဧရာဝတီ

ကရင် BGF ခေါင်းဆောင်တွေ ဘယ်လမ်းရွေးမလဲ

by ထွန်းထွန်း
20 January 2021
26k

အငြင်းပွားမှုတွေနဲ့ ဝေဖန်ခံနေရတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်း ဂယက်ဟာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့အကြား အစုလိုက်အပြုံလိုက် နှုတ်ထွက်တဲ့အထိ သဘောထား တင်းမာမှုတွေဖြစ်ခဲ့ပြီး မရေရာတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)

by ဇော်မြတ်ခန့်
17 July 2024
716

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သွားတဲ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) စာရင်းကနေ ပယ်ဖျက်ပေးမယ်ဆိုပြီး စစ်ကောင်စီက မက်လုံးပေး ဖိတ်ခေါ်နေပါတယ်။

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

တော်လှန်ရေးမြန်မြန်ပြီးအောင် ပြန်ခေါ်တာဖြစ်တယ် (ရုပ်/သံ)

by ဧရာဝတီ
28 November 2024
687

နိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေအနေနဲ့ ပြည်တွင်းကို ပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖိတ်ခေါ်လိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

တရုတ်နိုင်ငံအနေနဲ့ ဖိအားမပေးသင့်ဘူး (ရုပ်/သံ)

by ယဉ်မွန်
24 July 2024
572

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအတွက် ကောင်းကျိုးရှိလာမှာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးတာတွေ ရပ်တန့်ဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဝေဖန်ထောက်ပြပါတယ်။

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ

by ဧရာဝတီ
6 July 2024
567

Mother Nature အဖွဲ့ဝင် ၃ ဦးမှာ အစိုးရနဲ့ ဘုရင်စနစ်ကို စော်ကားတဲ့ ပြစ်မှု နှစ်ခုစလုံး အတွက် ၈ နှစ်စီ ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Next Post
၂၀၁၈ ခုနှစ် အကယ်ဒမီအတွက် ရွေးချယ်ထားတဲ့ ရွှေကြိုမယ်များ  / ချစ်ပိုး / ဧရာဝတီ

၂၀၁၈ ခုနှစ် အကယ်ဒမီအတွက် ရွှေကြိုမယ်များရဲ့ ရင်ခုန် စကားသံများ

နေပြည်တော် ဥတ္တရ သီရိမြို့နယ် လဝက ရုံးတွင် ယနေ့ ပြင်သစ် နိုင်ငံသားကို တွေ့ရစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

ဒရုန်းလွှတ်သည့် ပြင်သစ် နိုင်ငံသား အာမခံပေးသူ မရှိ၍ ဆက်လက် အချုပ်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate