သတင်း

ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ၂၀၁၄ ထက် ၅ ဆခန့် လူထု စိတ်ဝင်စားမှုရှိ ဟုဆို

Want create site? Find Free WordPress Themes and plugins.

မကြာမီ ကျင်းပတော့မည့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲသည်၂၀၁၄ ရွေးကောက်ပွဲ ထက် လူထု စိတ်ဝင်စားမှု ၅ ဆခန့် ပိုမို ရှိနေကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

ဦးအောင်ခိုင် က“၂၀၁၄ တုန်းက ၁၀ ယောက် သိမယ် ဆိုရင် အခု ၅၀ လောက်က ပိုပြီး သိလာတယ်။ စိတ်ဝင်စားလာ တယ်။ စိတ်ဝင်စားလာတာနဲ့ အမျှ မဲစာရင်းတွေ လာကြည့်ကြတယ်။၂၀၁၄ တုန်းက မဲရုံကို ၁၀ ယောက်ပဲ လာကြည့် တာ အခု ဒီမဲရုံကို ၅၀ လောက် လာကြည့်တာ”ဟု ပြောသည်။

ရန်ကုန် စည်ပင် ရွေးကောက်ပွဲကို လာမည့် ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး  မြို့နယ် တမြို့နယ် ၌ ကော်မတီ ဝင် ၃ ဦးဖြင့် မြို့နယ် ၃၃ မြို့ နယ် အတွက် ၉၉ ဦးနှင့် ဗဟို ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးရေး ကာလကို ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၉ ရက် အထိ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ပေးထားသည်။

မဲဆွယ် စည်ရုံးမှုများ ပြုလုပ်ချိန်တွင် ပြည်သူများ အနေနှင့် မည်ကဲ့သို့ မဲပေးရမည် ဆိုသည့် အချက်ကို သိရှိမှု အားနည်း နေကြောင်း စည်ပင် ကိုယ်စားလှယ်လောင်း တချို့က ဆိုသည်။

အလုံ မြို့နယ် ကော်မတီ အဖွဲ့ဝင် (၁) နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးပြည့်ဖြိုးအောင်က“ပြည်သူတွေမှာ မဲဘယ် လိုပေးရမလဲ ဆိုတာကို မရှင်းလင်းဘူး ဖြစ်နေတယ်။ အဓိကက မဲဆွယ်တဲ့အခါမှာ ကိုယ့်ရဲ့ လုပ်ဆောင် ချက် တွေ ကိုယ် ဘာလုပ်ပါမယ် ဆိုတာကို ပြောဖို့ထက် မဲပေးတဲ့ စနစ်၊ မဲဘယ်လို ပေးရမယ် ဆိုတာကို တော်တော် ရှင်းပြ နေရတယ်။ Voter educate ကို များများလုပ်ဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဗဟို ကော်မတီဝင် နေရာ အတွက် မဲဆန္ဒ နယ်မြေ (၃) တွင် ယှဉ်ပြိုင်မည့် ဦးနေလင်းဇင်ကလည်း“တချို့တွေက စိတ် ဝင်စား ကြတယ် မဲဘယ်လို ပေးရမလဲမသိဘူး ဖြစ်နေတယ်။ ကျနော်တို့လည်း Voter educate လုပ်နေတယ်။ မြို့တော် က ဘယ်လိုရှိတယ် မြို့နယ်က ဘယ်လိုရှိတယ် မဲဘယ်လို ပေးရမှာလဲ၊ ဘယ်နေရာမှာ ပေးရမှာလဲ၊ အဲဒီ အပိုင်း တွေမှာ ပြည်သူကသိတာ နည်းနည်း အားနည်းနေတယ်ပေါ့။ ဒါကို အစိုးရ အဖွဲ့ကရော မီဒီယာတွေ ကရော ဒါကို လုပ်သင့် လုပ်ထိုက် တဲ့ ဝတ္တရားတခု အနေနဲ့ လုပ်သင့်တာပေါ့”ဟု ပြောဆိုသည်။

စည်ပင် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မဲပေးပုံနှင့် ကော်မတီဖွဲ့စည်းပုံများ ပါဝင်သည့် လက်ကမ်းစာစောင် ၆ သိန်း ခန့်ကို မြို့နယ် အလိုက် ဖြန့်ထားသည့် အပြင် သတင်းစာများတွင် ကြေညာခြင်း၊ မီဒီယာများမှ တဆင့် အများ သိအောင် ပြောခြင်းနှင့် ဘက်စ်ကား မှတ်တိုင်များတွင် အသိပေး ကြေညာထားခြင်းကို ပြုလုပ်ထားကြောင်း ရွေးကောက်ပွဲ ကော်ရှင် က သိရသည်။

ဒဂုံ ဆိပ်ကမ်း မြို့နယ်တွင် နေထိုင်သည့် ဒေါ်သက်သက်က“စည်ပင် ရွေးကောက်ပွဲ ရှိတယ် ဆိုတာတော့ သိကြတယ်။ မဲဘယ်လို ပေးရမလဲ ဘယ်သူတွေကို ပေးရမယ် ဆိုတာကျတော့ ကျမတို့ တိုက်ကဆို တော်တော်များများ မသိကြ ဘူး။ အိမ်က မိသားစုဝင်တွေလည်း မသိကြဘူး။ လက်ကမ်း စာစောင်တွေ အိမ်တိုင်ရာရောက် လိုက်ဝေတာတို့ နေ့စဉ် ပြည်သူ အများစု ကြည့်ကြတဲ့ ရုပ်မြင်သံကြားတို့ကနေ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဖော်ပြပေးတာတို့ ဆိုရင် ပိုပြီး သိကြမှာ။ အခုက မဲဆို ၁ မဲပဲ ပေးရမယ်လို့ ထင်နေကြတယ်”ဟု ပြောသည်။

လက်ရှိ စည်ပင် ရွေးကောက်ပွဲတွင် မြို့တော် ကော်မတီ နေရာ အတွက်၂၇ ဦး၊ မြို့နယ် ဥက္ကဋ္ဌ နေရာ အတွက် ၉၉ ဦး၊ မြို့ နယ် အဖွဲ့ဝင် (၁) နေရာ အတွက် ၇၄ ဦး၊ မြို့နယ် အဖွဲ့ဝင် (၂) နေရာ အတွက် ၇၂ ဦး စုစုပေါင်း ၂၇၂ ဦး ဝင်ရောက် ယှဉ် ပြိုင်ကြမည် ဖြစ်သည်။

ယင်းတို့ အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှ ၉၀၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ၂၃ ဦး နှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading