• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပျောက်ဆုံး မန်လီရွာသားများကို RCSS က ဖမ်းဟု စွပ်စွဲ

by နန်းလွင်နှင်းပွင့်
8 March 2019
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းရှိ မန်လီကျေးရွာက မန်လီဘုန်းကြီးကျောင်း  / Khun Zaw Oo

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းရှိ မန်လီကျေးရွာက မန်လီဘုန်းကြီးကျောင်း / Khun Zaw Oo

9.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း တိုက်ပွဲများကြား ပျောက်ဆုံးသွားသည့် မန်လီ ရွာသားများကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း တအန်း လူမှု အရပ်ဘက် အဖွဲ့ အစည်း ၂ ဖွဲ့ က စွပ်စွဲ ပြောဆိုလိုက်သည်။

RCSS ဖမ်းဆီး သွားသည်ကို သက်သေများ ရထားကြောင်း ပြောဆိုသည့် တအန်း လူမှု အရပ်ဘက် အဖွဲ့အစည်း ၂ ဖွဲ့မှာ တအန်း အမျိုးသမီး အဖွဲ့ (TWO)၊ တအန်း ကျောင်းသားနှင့် လူငယ် အဖွဲ့ (TSYU) တို့ ဖြစ်ကြသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
857
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
51
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2k

TWO မှ တွဲဖက် အတွင်းရေးမှူး (၁) မလွေးပိုးကမေခေးလ် က မတ်လ ၆ ရက်တွင် မန်လီ ရွာသားများမှ ကောက်ရသည် သည်ဟုဆိုသော မန်မိုရီကတ် တခုကို လာအပ်နှံသဖြင့် ဖွင့်ကြည့်ရာ RCSS မှ မန်လီ ရွာသားများကို ဖမ်းဆီးထားသည့် မှတ်တမ်း ဓာတ်ပုံ သက်သေများ ရရှိလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

မလွေးပိုးကမေခေးလ်က “မန်မိုရီကတ်ထဲမှာ ပျောက်ဆုံးနေသူတွေထဲက ၈ ဦးရဲ့ ပုံတွေ တွေ့တယ်။ တခြားသော RCSS တပ်စခန်း ဓာတ်ပုံတွေ၊ ဦးယွတ်ဆစ်နဲ့ တွဲရိုက်ထားတဲ့ ပုံတွေ တွေ့တယ်။ ကျမတို့ အစပိုင်းက သိထားတာ ၁၀ ယောက်၊ အခု စစ်ဘေးရှောင်တွေကို သွားကူရင်း သိရတာ ပျောက်နေတာ အားလုံးက ၁၂ ယောက်ပါ” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက် အထိ မန်လီ ကျေးရွာ အနီးတွင် ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ ပူးပေါင်း တပ်ဖွဲ့နှင့် RCSS တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။

တိုက်ပွဲများ ဖြစ်ပွားရာတွင် ဒေသခံ ရွာသားများ ထွက်ပြေးကြရင်း ပျောက်ဆုံးသွားခြင်း ဖြစ်ကာ ပျောက်ဆုံးနေသူထဲမှ တဦးမှာ ထွက်ပြေးနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီရန် သွားသည့် မန်လီ နာရေး ကူညီမှု အသင်းမှ ဦးစိုင်း ငယ် ဖြစ်သည်။

မလွေးပိုးကမေခေးလ်က “TNLA နဲ့ SSPP က ဖမ်းရင် ဖမ်းကြောင်း ဝန်ခံလေ့ ရှိတယ်။ သူတို့ ဘက်ကလည်း ဖမ်းတဲ့ အရိပ် အယောင် မတွေ့ရဘူး။ မန်မိုရီကတ် အရ ၁၀၀ ရာနှုန်း သူတို့ ဖမ်းတယ်လို့ ယူဆရတယ်” ဟု ပြောသည်။

RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက မန်လီ ရွာသားများ ပျောက်ဆုံးနေမှု အပေါ် ၎င်းတို့ အောက်ခြေ တပ်များကို စိစစ်မှုများ ပြုလုပ်ထားပြီး နယ်မြေ သတင်းများ အရ ရွာသားများကို ဖမ်းသည်မှာ TNLA နှင့် SSPP မဟာမိတ် တပ်ပေါင်းစု ဘက်က ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုသည်။

RCSS အနေဖြင့် အရပ်သားများကို ထိခိုက် နစ်နာအောင် လုံးဝ မပြုလုပ်ရန်၊ ပြည်သူပိုင် ပစ္စည်းများ ထိခိုက်စေခြင်းနှင့် အရပ်သားများ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း တို့ကို မလုပ်ရန် အောက်ခြေ တပ်များကို အမိန့်ပေးထားပြီး ဖြစ်ကာ မလိုက်နာ ပါက ထိရောက်စွာ အရေးယူရန် အမိန့်ချထားသည် ဟုလည်း ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုသည်။

TWO နှင့် TSYU တို့ သက်သေ ရရှိထားသည်ဟု ပြောဆိုချက် အပေါ်တွင် မေးမြန်းရာ RCSS မှ ပြောရေး ဆိုခွင့် ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းဦးက “ကတ် ကောက်ရတယ် ဆိုတာကလည်း သူတို့ ဖြစ်လို့ သူတို့ ကောက်ရတာ နေမှာပေါ့။ ကတ် တခု ကောက်ရဖို့ ဆိုတာ လွယ်မှ မလွယ်ဘဲ” ဟု ပြောသည်။

မလွေးပိုးကမေခေးလ် ကမူ ၎င်းတို့ ရရှိထားသည့် မန်မိုရီကတ် ပါ ဓာတ်ပုံနှင့် ရုပ်သံ မှတ်တမ်းများ အရ ကတ်ပိုင်ရှင်မှာ RCSS တပ်ဖွဲ့ဝင် ဖြစ်ပြီး ဓာတ်ပုံထဲပါ ကြိုးတုပ်၊ မျက်စိ အဝတ်အုတ်၊ လည်ပင်း ကြိုးချည် ခံထားရသည့် အရပ်သား ၈ ဦး မှာလည်း မန်လီရွာမှ ပျောက်ဆုံးနေသူများ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုသည်။

ဆက်လက်၍ ၎င်းက RCSS တပ်ဖွဲ့၏ မစ်မိုရီကတ် ဖြစ်သည်ဟု ဆိုရခြင်းမှာလည်း ကတ်ထဲ၌ မန်လီရွာသား ၈ ဦး၏ ဓာတ်ပုံ အပြင် RCSS တပ် စခန်းပုံများ၊ တပ်ဖွဲ့ဝင် ပုံများ၊ ဖုန်းပိုင်ရှင် RCSS တပ်ဖွဲ့ဝင်၏ မိသားစုများနှင့် အတူ ရိုက်ထားသည့် ရုပ် သံ မှတ်တမ်းများ၊ ဓာတ်ပုံများကြောင့် ပြောဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။

မလွေးပိုးကမေခေးလ် က “ပုံထဲမှာ ရွာသားတွေက ကြိုးနဲ့ ချည်ခံ ထားရတယ်။ ရေတွေ စိုနေတယ်။ ရေတွေ စိုနေတဲ့ပုံက သွေးတွေကို ဆေးချပြီးမှ ရိုက်ထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ပုံထဲမှာ ငုတ်တုတ်ထိုင် လက်နောက်ပစ် ကြိုးတုပ်ပြီး လည်ပင်း မှာလည်း ကြိုးစွပ် ထားတာ တွေ့ပါတယ်” ဟု ပြောဆိုသည်။

TSYU မှ တွဲဖက် အတွင်းရေးမှူး(၁)၊ မလွေးပိုးဂျေ ကလည်း မစ်မိုရီကတ် အတွင်း ရရှိထားသည့် အချက်အလက်များ အရ ပျောက်ဆုံးနေသည့် မန်လီ ရွာသားများကို RCSS က ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုထားသည်။

မလွေးပိုးဂျေက “အဓိက က သူတို့(RCSS) ဖမ်းသွားတဲ့ သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပါ။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သူတို့ မိသားစု၊ သူတို့ရဲ့ ကိုယ်ဝန်ဆောင် မိန်းမတွေ၊ ကလေးတွေ အရမ်း မျှော်နေပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

TWO နှင့် TSYU က မတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့ပြီး ပျောက်ဆုံးနေသည့် ရွာသားများမှာ ၁၀ ဦး မဟုတ်ဘဲ ၁၂ ဦး ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသည့် ရွာသားများ၏ အသက်အန္တရာယ်ကို စိုးရိမ်နေ သဖြင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ရေးသားထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မန်တုံနှင့် နမ္မတူ စသည့် မြို့နယ်တို့တွင် TNLA နှင့် RCSS တို့ကြား နယ်မြေ အငြင်းပွားပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။

RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ် အများအပြား ဝင်ရောက် လှုပ်ရှားလာခြင်း ဖြစ်သည်။

TNLA က RCSS ကို နယ်မြေ ကျူးကျော်လာသူဟု စွပ်စွဲထားပြီး RCSS က ရှမ်း ပြည်နယ်တွင်း ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ တခု ဖြစ်သည့် ၎င်းတို့က နေရာတိုင်း သွားလာနိုင်သည်ဟု ပြန်လည် တုန့်ပြန်ထားသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) က TNLA နှင့် ပူးပေါင်းကာ RCSS ကို တိုက်ခိုက်လျက် ရှိသည်။

၂၀၁၈ ခုနှစ် အတွင်း နမ္မတူ မြို့နယ် ပန်ကွတ် ကျေးရွာတွင်လည်း TNLA နှင့် RCSS တို့၏ ပဋိပက္ခများ ကြား ရွာသား ၁၁ ဦး ပျောက်ဆုံး ထားသည်။

မိသားစုဝင်များနှင့် ပန်ကွတ် ဒေသခံများက ၎င်းတို့ ရွာသား ၁၁ ဦးကို RCSS က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ပြောဆို နေပြီး RCSSက ၎င်းတို့ မသိကြောင်းနှင့် မဖမ်းကြောင်း ငြင်းဆို ထားသည်။

ပန်ကွတ် ရွာသား ၁၁ ဦးမှာလည်း ယနေ့ထိ ၎င်းတို့ ရွာသို့ ပြန်ရောက်လာခြင်း မရှိသေးပါ။

ဆက်စပ်ဖတ်ရှုရန် – မန်လီ ဒေသခံ ၁၀ ဦး ပျောက်ဆုံးမှု ယနေ့အထိ သတင်း မရရှိသေး

Your Thoughts …
Tags: TNLAပျောက်ဆုံးမှုဖမ်းဆီးမန်လီရွာသားများ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ

“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ

Gay Superhero အကြောင်း ရိုက်ကူးဖို့ရှိတဲ့ Marvel Studio

Gay Superhero အကြောင်း ရိုက်ကူးဖို့ရှိတဲ့ Marvel Studio

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.8k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate