သတင်း

သံချပ်ကာယာဉ် စက်ရုံ တပ်မတော်ကို ယူကရိန်း ကူဆောက်မည်

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ခုနှစ်တွင် သံချပ်ကာ လူသယ်ယာဉ် (APC) များနှင့် howitzer ဟောင်ဝစ်ဇာ ဆုံလည် အမြောက်များ ထုတ်လုပ်မည့် တပ်ဆင်ရေး စက်ရုံတခုကို တည်ဆောက်ရေးအတွက် ဖက်စပ်သဘောတူညီချက်တခုကို ယူကရိန်းနိုင်ငံမှ စစ်ဘက် ဆိုင်ရာ သွင်းကုန်/ထုတ်ကုန် အေဂျင်စီ တခုနှင့် မြန်မာ့တပ်မတော်တို့ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် အသုံးပြုရန်အတွက် ကနဦးအသုတ် စက်ပစ္စည်းများ ပေးပို့ခြင်းကို Great Export Import ကုမ္ပဏီက အတည်ပြုခဲ့ကြောင်း Defense Blog က မတ်လ ၆ ရက်နေ့တွင် ရေးသားခဲ့သည်။

ရှင်းလင်းချက်များနှင့် တန်ဖိုးကိန်းဂဏန်းများ အပါအဝင် Ukspecexport က တင်သွင်းခဲ့သော ပစ္စည်းများ၏ စာရင်းတခု ကို Defense Blog က ထုတ်ပြန်ခဲ့သည်။ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၂ မီလီယံ သို့မဟုတ် မြန်မာကျပ်ငွေ ၆ ဘီလီယံကျော်ညီမျှသည်

အဆိုပါစာရင်းတွင် BTR-4U အမျိုးအစား ၈ ဘီးတပ် သံချပ်ကာလူသယ်ယာဉ်များနှင့် MT-LBu ဘက်စုံသုံး ကိုယ်ထည် ကို အခြေခံသော 2S1U howitzer အမြောက်များ တပ်ဆင်မည့် ထုတ်လုပ်ရေးလမ်းကြောင်းတခု အတွက် အစိတ်အပိုင်းများပါဝင်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံမှ စစ်ရေးပြပွဲများ၊ စစ်ရေးလေ့ကျင့်မှုများနှင့် တပ်မတော် ဘလော့ဂ်များတွင် မြင်တွေ့ရ သည့် BTR-3U ၈ ဘီးတပ် သံချပ်ကာယဉ်များနှင့် ကွဲပြားခြားနားသည်။

Defense Blog ၏ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ မှတ်ချက်တောင်းခံရန် ဧရာဝတီက ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မတ်လ ၇ ရက်နေ့တွင် တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော် လည်း ပြန်လည်ဖြေကြားမှု မရရှိခဲ့ပါ။

မြန်မာဘာသာဖြင့်ရေးသားသည့် စစ်ဘက်ဆိုင်ရာ ဘလော့ဂ် အချို့၏ အဆိုအရ မြန်မာ့တပ်မတော်သည် ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ် လောက်ကိုင်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများတွင် BTR-3U သံချပ်ကာယာဉ်များကို တရုတ်နိုင်ငံလုပ် Type 92 အပေါ့စား APC များနှင့် အတူ သုံးစွဲခဲ့ ကြောင်း သိရသည်။ BTR-4U သည် BTR-3U ကို အဆင့်မြှင့်တင်ထားသည့် ပုံစံတခုဖြစ်ပြီး တပ်သား ၈ ယောက်ပိုမို၍ သယ်ဆောင်နိုင်ကြောင်း တပ်မတော်ကို ထောက်ခံသူအချို့၏ Facebook တွင် မှတ်ချက်ရေးသားခဲ့ကြသည်။

BTR-4U ကို ၂၀၁၄ ခုနှစ် မတ်လတွင် ယူကရိန်းတပ်မတော်၏ Kharkiv Morozov Machine Building Design Bureau က စတင်ထုတ်လုပ်ခဲ့သည်။ ၃၀ မီလီမီတာ အမြောက်တလက်၊ ၇.၆၂ မီလီမီတာ စက်သေနတ်တလက်နှင့် Konkurs သို့ မဟုတ် Baryer တင့်ကားဖျက် ဒုံးကျည် ၄ ခု တပ်ဆင်ထားသည်။ တင့်ကားဖျက် ဒုံးကျည်၂ ခုအစား ၃၀ မီလီမီတာ အော် တိုမက်တစ် လောင်ချာ ၁ ခုလည်း တပ်ဆင်နိုင်သည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံက ယူကရိန်းနိုင်ငံမှ BTR-3U ၁၀ စီးဝယ်ယူခဲ့ကြောင်း နှင့် ၂၀၁၀ ခုနှစ်တွင် မြန်မာ့တပ်မတော် က အဆိုပါယာဉ်များအတွက် အပိုပစ္စည်းများကို စတင်ဝယ်ယူခဲ့ကြောင်း Defense Blog က ၂၀၁၆ ခုနှစ် မေလတွင် သတင်းဖော်ပြခဲ့သည်။

မြန်မာ့တပ်မတော်သည် ၁၉၉၅ ခုနှစ်မှစ၍ ယူကရိန်းနိင်ငံထုပ် Mi-17 ရဟတ်ယာဉ် မော်ဒယ်အမျိုးမျိုးကို အစီးရေ၂၀ ခန့် ကိုလည်း ဝယ်ယူခဲ့ သည်။ ထိုအချိန်မှ စတင်၍ ယူကရိန်းတပ်မတော်က မြန်မာနိုင်ငံအတွက် ပစ္စည်းအစိတ်အပိုင်းထောက်ပံ့မှုများနှင့် နိုင်ငံခြား ကျွမ်းကျင်သူများက လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ခဲ့သည်။ ယူကရိန်းနိင်ငံထုပ် Mi-17 ရဟတ်ယာဉ်များသည် တပ်သား ၃၀ အထိ သယ် ဆောင်ပေးနိုင်ပြီး ၎င်းတို့ကို မြန်မာ့တပ်မတော်တွင် သယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုသည်။

မြန်မာနိုင်ငံက အင်ဂျင် ၂လုံးတပ် Sukhoi Su-30 ဂျက်တိုက်လေယာဉ် ၆ စင်း ဝယ်ယူရန် စီစဉ်ထားကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Alexander Fomin က ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားနိုင်ငံထံမှ ဝယ်ယူရန် စီစဉ်ထားသော Sukhoi SU-30 များသည် မည်သည့် မော်ဒယ်ဖြစ်ကြောင်း မြန်မာနိုင်ငံက မည်သည့်အချိန်တွင်မျှ လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိပါ။

( Moe Myint ၏  Ukrainian Firm Will Reportedly Help Tatmadaw Build Plant for Military Equipment  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading