သတင်း

ပြည်တွင်း၌ ရေထွက်ကုန်များ ပြည့်ဝစွာ စားသုံးနိုင်ရေး စီမံချက် ရေးဆွဲနေဟုဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ ထွက်ရှိနေသည့် ငါး၊ ပုစွန် စသည့် ရေထွက်ကုန် ပစ္စည်းများကို ပြည်သူများ ပြည့်ဝစွာ စားသုံးနိုင်ရန် အတွက် စီမံချက်များ ရေးဆွဲလျက် ရှိကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက် တာ အောင်သူ က ပြောသည်။

ဒေါက်တာ အောင်သူက“တို့ နိုင်ငံသားတွေဟာ တကယ်တော့ အာဟာရဓာတ် ပြည့်ပြည့်ဝဝ မခံစားရဘူး။ ဒါ့ကြောင့် ငါးနဲ့ ပင်လယ် ထွက်ကုန်ကို ပြည်တွင်းက ပြည့်ပြည့်ဝဝ စားသုံးနိုင်ဖို့ အဲဒါကို ကဏ္ဍတခု အနေနဲ့ ဆောင်ရွက်နေပါတယ်”ဟု ပြော ဆိုသည်။

မတ်လ ၇ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသော ငါးလုပ်ငန်း ကဏ္ဍ အဂတိ လိုက်စားမှုနှင့် ပတ် သက် ၍ အသိပညာ မြှင့်တင်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒေါက်တာ အောင်သူက မီဒီယာများကို အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်ပ ဈေးကွက်ကိုသာ ဦးစားပေး ဆောင်ရွက်နေသည်မှာ မှားယွင်းနေကြောင်း၊ ပြည်တွင်း၌လည်း ရေထွက်ကုန် ပစ္စည်း များကို ပေါပေါများများ စားသုံးလာနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ပြည်ပ တင်ပို့မှုမှာလည်း အရှိန်ရနေပြီ ဖြစ်သည့် အတွက်လည်း ဆက်လက် တင်ပို့သွားမည် ဖြစ်ကြောင်း ဒေါက်တာ အောင်သူက ပြောသည်။

ပြည်သူ့ လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဒေါက်တာ သန်းအောင်စိုး ကလည်း ရေထွက် ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့နိုင်ရုံ မဟုတ်ဘဲ၊ ပြည်တွင်းမှာပါ လုံလောက်စွာ စားသုံး နိုင်ရန် ဆောင်ရွက်ပါက အလွန် ကောင်းမွန်ကြောင်း၊ ကျေးလက် လှုမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရန် အတွက် စိုက်ပျိုး မွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရန် လိုသဖြင့် ကဏ္ဍ အားလုံး တိုးတက်စေချင်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ သန်းအောင်စိုးက“ပြည်တွင်း စားသုံးမှု အသားဓာတ်လည်း မြင့်လာပြီး ကလေးတွေလည်း ကျန်းမာ ကြံ့ခိုင်လာ မှာ ဖြစ်သလို၊ ဖွံ့ဖြိုး ကြီးထွားလာမှာ ဖြစ်တဲ့ အတွက် အင်မတန် ကောင်းတဲ့ အချက်တချက် ဖြစ်ပါတယ်”ဟုလည်း ဆို သည်။

ပြည်တွင်းရှိ ကုန်ဈေးနှုန်း မြင့်တက်လာသည်နှင့် အညီ အသားဈေးနှုန်းမှာလည်း တဟုန်ထိုး မြင့်တက်လာခြင်းကြောင့် သာမန် ဝင်ငွေသာ ရှိသည့် မိသားစုများ၏ ထမင်းဝိုင်းတွင် နေ့စဉ် အသားဟင်းခွက် မပါဘဲ ဖြေရှင်းနေရကြောင်း ပြည်သူ များက ပြောဆိုသည်။

ပျဉ်းမနားမြို့ ရန်အောင်၂ ရပ်ကွက်မှ ကျပမ်း လုပ်စားသူ ဒေါ်ဌေးဌေးခိုင် က“ဈေးကိုတောင် နေ့တိုင်း မသွားနိုင်တာ၊ အသား ဟင်း နေ့တိုင်းပါဖို့ ဆိုတာ ဘယ်ကသာ ဖြစ်နိုင်မှာလဲ။ ကိုယ့်ဝင်ငွေနဲ့ မစားနိုင်ဘူးလေ”ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂ မှုးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) မှ ဒေသ ဆိုင်ရာ ညှိနှိုင်းရေးမှူး Giovanni Broussard ကလည်း“ငါးလုပ်ငန်း ကဏ္ဍ ဆိုရင် မြန်မာနိုင်ငံနဲ့ ပတ် သက်ပြီး အတော်လေး အရေးကြီးပါတယ်။ ဒီကဏ္ဍ ကနေ အဓိက ထုတ်ကုန် အနေနဲ့ ထုတ်လုပ်နေတဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် ဒီလို အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ထို့ကြောင့် သားငါးကဏ္ဍသည် ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် ပြည်ပသို့ တင်ပို့ခြင်းဖြင့် အခွန်အခ များစွာရရှိနိုင်သည့် ကြီးမားသော အခွင့်အလမ်းများ ရှိသော်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်လျက် ရှိကြောင်း၊ ငါးလုပ်ငန်း ကဏ္ဍ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် အခွင့် အလမ်းများ ရရှိနိုင်ရန် အတွက် အခြေခံ အဆောက်အအုံများနှင့် စီမံခန့်ခွဲမှုများ အမှန်တကယ် လိုအပ်နေကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ဆိုသည်။

လက်ရှိမှာ ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ငါးမွေးမြူရေး၊ ငါးလုပ်ငန်း စီမံခန့်ခွဲရေး၊ ငါးလုပ်ငန်းဖွံ့ဖြိုးရေး၊ သုတေသန လုပ်ငန်းများနှင့် ဖမ်းဆီးမွေးမြူပြီးနောက် ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် ငါးလုပ်ငန်း ကဏ္ဍက စတုတ္ထနေရာတွင် ရပ်တည်လျက် ရှိပြီး ၂၀၁၂ မှ ၂၁၀၆ ခုနှစ် အတွင်း နိုင်ငံခြားငွေ ရှာဖွေပေးမှု အဆင့် ၄ နေရာတွင် ရှိသည်ဟုလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading