စစ်ပွဲဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေးချမ်းရေး အထောက်အကူပြုကော်မတီ တရပ်ကို မတ်လ ၁၄ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။
ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း မငြိမ် မသက် ဖြစ်စေရန် ဖန်တီလှုံ့ဆော်မှုများ ၊ ထပ်မံ မဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်ရေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဖော်ပြထား သည်။
ထိုအထောက်အကူပြုကော်မတီတွင် ဥက္ကဌ အဖြစ် အမျိုးသားလွှတ်တော် ဒုက္ကဌ ရခိုင်တိုင်းရင်းသား ဦးအေးသာအောင် က တာဝန်ယူထားပြီး ဒုဥက္ကဌ ( ၁ ) အဖြစ် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုဥက္ကဌ ( ၂ ) အဖြစ် ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပုတို့က တာဝန်ယူထားသည်။
ကော်မတီ၏ အဖွဲ့ဝင်များမှာ ပြည်နယ်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးတင်မြင့် ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယဝန်ကြီး ဦးဝင်းမြင့် ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော် အေး မောင် ပါဝင်သည်။
ယင်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ( ငြိမ်း ) ဦးညီလှငယ် ၊ မြန်မာနိုင်ငံရေး တပ်ဖွဲ့ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ၊ အမျိုးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်ဟောင်းလည်း ဖြစ် လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်သူ ဦးမောင်မောင်အုန်း အပါအဝင် အဖွဲ့ဝင် ၁၀ ဦး ၊ ကော်မတီ ဥက္ကဌက တာဝန်ပေးအပ်သူ အတွင်းရေးမှူး တဦးတို့ စသည် ဖြင့် ဖွဲ့စည်းထားသည်။
သို့သော်လည်း ကော်မရှင်တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ထည့်သွင်းခြင်းနှင့်ပတ်သက်ပြီး ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တို့က ၎င်း တို့ကို အဖွဲ့ဝင် အဖြစ် ထည့်သွင်းခြင်းအား အစိုးရမှ တစုံ တရာ အသိပေးခြင်းမရှိဘဲ ထည့်သွင်းခြင်း ဖြစ်သည်ဟု ယင်းတို့၏ လူမှုကွန်ရက်စာများနှာတွင် ရေးထားထားသည်များ ကိုလည်း တွေ့မြင်ရသည်။