သတင်း

ဒေါ်လဲ့လဲ့မော်ကို တရားရုံးဆုံးဖြတ်ချက် မူတည်၍ ပါတီတွင်း အရေးယူမှု လုပ်မည်ဟု NLD ပြော

Want create site? Find Free WordPress Themes and plugins.

အဂတိလိုက်စားမှုဖြင့် ဖမ်းယူ စစ်ဆေးခြင်းခံနေရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အမျိုးသားဒီမိုကရေစီ အဖွ့ဲ ချုပ် အနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်၍ ပါတီတွင်း အရေးယူမှုများ ပြုလုပ်သွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွ့ဲ ချုပ်ဒုတိယ ဥက္ကဌ ၂ မှ ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။

၎င်းက “တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ မရသေးပဲနဲ့ သူ့ရဲ့ ခုခံပိုင်ခွင့်ကိုလည်း ကျနော်တို့ စောင့်ရ အုန်းမှာ ပေါ့လေ။ အခု အဂတိက စွဲထားတာပဲ ရှိသေးတယ်လေ။ သူတို့ အခုထက်ထိလည်း စစ်နေ တယ်လို့ ကြားသိရတယ်” ဟု နေပြည် တော် စည်ပင်ဧည့်ရိပ်သာတွင် မတ်လ ၁၆ရက်နေ့ကပြုလုပ်ခဲ့ သည့် NLD ပါတီ ၏ CEC အစည်းအဝေးအပြီးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် အဂတိက လိုက်စားမှုဖြင့် တရားစွဲဆို ၊ စစ်ဆေးနေဆဲ အချိန်ဖြစ်ကြောင်း၊ တရားရုံးသို့ ရောက်ရှိချိန် ဒေါ်လဲ့လဲ့မော် အနေဖြင့် ခုခံချေပကာ နောက်ဆုံး ဆုံးဖြတ်ချက်အပေါ် မူတည်၍ ပါတီ အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ ကျနော်တို့ ပါတီမှာကိုက အဂတိ တရားနဲ့ မကင်းဘူးဆိုရင် ကျနော်တို့ ပါတီကလည်း အရေးယူရ မယ်ဆိုတာ ရှိပြီးသားပါ ” ဟု ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။

NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ အနေဖြင့် အဂတိနှင့် ဆိုင်သည့် လာဘ်ပေးလာဘ် ယူ ကိစ္စများကို ကိုယ်တိုင် စစ်ဆေးပါက ဘက်လိုက်မှု ပါသွားနိုင်ကြောင်း၊ ပါတီ၏ စည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်ပါက ပါတီ အနေဖြင့် သေချာ စီစစ်သွား မည်ဖြစ်ကြောင်း၊ တိုင်ကြား မှု များ အားလုံးကို ပါတီနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပါက သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးကြောင့် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

“ပါတီ စည်းကမ်း ထိမ်းသိမ်းရေးနဲ့ ပတ်သက်ရင် ကျနော်တို့ သေချာ စစ်တယ်။ အရေးယူတာ ရှိတယ်။ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေ ဆိုတာက ဘာပဲ ပြောပြော ပါတီရဲ့ ထိန်းသိမ်းမှု အောက်မှာ ရှိနေတယ်။ စည်းကမ်း ထိန်းသိမ်းရေး အပိုင်းနဲ့ ပတ်သက်ရင် အရေးယူမယ်” ဟုဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဆက်လက်၍ ဒေါက်တာ ဇော်မြင့်မောင်က တနသာင်္ရီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်စိုးသည် တနသာင်္ရီ အဂတိအမှု နှင့် ပက်သက်မှု ရှိနေသည်ဆိုသည့် သတင်းများ ထွက်ပေါ် နေမှုကို မသိရှိသေးဘဲ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးသို့ တိုင်စာ တစောင်မှ မရောက်ရှိကြောင်း ဒေါက်တာ ဇော်မြင့်မောင် က အတည်ပြုပြောကြားသွားသည်။

NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုး ညွန့်က “ကျနော်တို့ ဒီဟာမှာ တစုံတရာဝင်ရောက် စွက် ဖက်ခြင်းလည်း မရှိဘူး။ မှတ်ချက်လည်းမပေးပါဘူး။ ကျနော်တို့က မှတ်ချက် တစုံတရာပေးရင် အဂတိရဲ့လုပ်ငန်းအပေါ်မှာ ကျနော်တို့က လွှမ်းမိုး သလိုဖြစ် မှာစိုး ပါတယ်။ ဒါကြောင့် ကျနော်တို့ ဘာမှတ် ချက်မှ မပေး ပါဘူး ”ပြောသည်။

အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခံရသဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦး အောင်မြတ်နှင့် ဦးသူရအုံတို့ကို မတ်လ ၁၀ ရက်နေ့ က အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ဖြင့် တရားစွဲဆိုထားပြီး မတ်၁၀ ရက်နေ့က ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့် ထား ခြင်းဖြစ်သည်။

ယနေ့ပြုလုက်သည့် CEC အစည်းအဝေးတွင် ပါတီ သုတေသနမှ တင်သည့် စာများဆွေးနွေးခဲ့ ကြောင်း၊ ပါတီဘဏ္ဍာရေး အခြေအနေ ၊ ပါတီတွင်း ကိစ္စများနှင့် နိုင်ငံရေး အခြေ အနေများ၊ လေ့လာတွေ့ရှိချက်များ နှင့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် ရွေးချယ် ရန် နှင့် မဟာဗျူဟာ ချမှတ်ရန် ပြင်ဆင်မှုများ ဆွေးနွေးခဲ့ကြောင်း ဒေါက်တာမျိုးညွှန့် ကပြောသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့ သောင်းမြို့နယ် တရားရုံးတွင် ရ မန်ယူပြီး ထားဝယ်အကျဉ်း ထောင်သို့ ပို့ ဆောင်ထားပြီး ထားဝယ်မြို့နယ် တရားရုံးတွင် ရမန်ယူ၍ ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း၊ မတ်လ ၂၅ ရက်နေ့တွင် ရုံးချိန်း ဆင့်ခေါ်သွားမည် ဖြစ်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading